အခုနောက်ပိုင်း ဈေးဗန်းခင်းတယ်ဆိုတဲ့စကားက လူငယ်တွေကြားအရမ်းကို ရေပန်းစားလို့လာပါတယ်။ဟုတ်ပါတယ် ဒီဆောင်းပါးလေးကိုဖတ်နေတဲ့သင်က ချစ်သူမရှိသေးတဲ့ Single လေးဆိုရင်တော့ အမြန်ဆုံးအစွံထုတ်နိုင်ဖို့ အထာကျကျ ဈေးဗန်းခင်းနည်း တစ်ချို့ကိုပြောပြပေးချင်ပါတယ်။
(၁) ကြင်နာတတ်ကြောင်းထုတ်ပြရမယ်

Source : Shutterstock
မိန်းကလေးအများစုက ကြင်နာတက်တဲ့အမျိုးသားတွေကို သဘောကျနှစ်သက်ကြပါတယ်။ဒါကြောင့် အတက်နိုင်ဆုံး ကိုယ်စိတ်ဝင်စားတဲ့ မိန်းကလေးရှေ့မှာ ကြင်နာတတ်တဲ့နှလုံးသားရှိကြောင်း ထုတ်ဖော်ပြသတဲ့ လုပ်ရပ်လေးတွေကို ပြုလုပ်မယ်ဆိုရင် သင့်ကိုသတိထားမိပြီး စိတ်ဝင်စားလာမှာ သေချာပါတယ်။
(၂) ဟာသဉာဏ်ရွှင်ရမယ်

Source : Shutterstock
လူတစ်ယောက်ကိုရယ်မောပျော်ရွှင်စေခြင်းက သူနဲ့ကိုယ်ကြားက ခင်မင်မှုသံယောဇဉ်ကို အရှိန်မြင့်တင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ဒါကြောင့် ကိုယ်သဘောကျတဲ့မိန်ကလေးကို ရယ်မောပျော်ရွှင်အောင် စနောက်ပါ။ဟာသလေးတွေပြောပြပါ။ တရားလွန်တော့မဖြစ်ပါစေနဲ့။
(၃) ဂရုစိုက်တတ်ရမယ်

Source : Shutterstock
ဂရုစိုက်ပေးခြင်းကလည်း ဈေးဗန်းခင်းရာမှာအထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သူနဲ့ ပတ်သတ်တဲ့အရာအားလုံး အသေးအမွှားကိစ္စလေးတွေကအစ ဂရုစိုက်ပေးရပါမယ်။ သူမစိတ်ညစ်နေချိန်မှာ ပျော်ရွှင်အောင်လုပ်ပေးတာမျိုး အားငယ်နေချိန်မှာ အားပေးနှစ်သိမ့်ပေးတာမျိုး စတဲ့အရာလေးတွေလုပ်ပေးမယ်ဆိုရင် သင်နဲ့ ရင်ဘတ်ချင်းပိုနီးလာစေမှာပါ။
(၄) အထင်ကြီးအောင်လုပ်ရမယ်

Source : Shutterstock
မိန်းကလေးတစ်ယောက်အထင်ကြီးဖို့ ကားတွေ ငွေတွေ နောက်ဆုံးပေါ်ဖုန်းတွေမလိုပါဘူး။အဓိက ရိုးသားမှု ကြိုးစားမှုနဲ့ လူတွေကိုကူညီပေးတတ်တဲ့ ပရဟိတစိတ်ဓာတ်မျိုးရှိရင်ရပါပြီး။ဘယ်လိုအခြေအနေမျိုးပဲ ကြုံလာကြုံလာအခွင့်အရေးမယူတက်သူ ရိုးသားမှုကိုတန်ဖိုးထားသူ တစ်ယောက်ဆိုရင်တော့ မိန်းကလေးရဲ့အထင်ကြီးလေးစားမှုကိုရရှိမှာပါ။
