မိမိလုပ်နေတဲ့အလုပ်ကို အရမ်းစိတ်ပျက်နေပြီလာ။ ရုံးအလုပ်ကို ပျင်းစရာကြီးလို့ထင်နေပြီလာ။ အခု kwee ပြောပြမဲ့ အလုပ်တွေအကြောင်းက သင်တို့ရဲ့အတွေးအမြင်ကို ပြောင်းလဲသွားပါစေလိမ့်မယ်။ အကြမ်းတမ်းဆုံးဆိုတဲ့ အလုပ်တွေအကြောင်းကို kwee ကဒီနေ့ပြောပြပေးသွားမှာပါ။
စိန်တူးဖော်ရေးလုပ်ငန်း (ဆီးရီးယားလီယွန်း)

Source: DW
ဆီးရီးယားလီယွန်း စိန်တွင်းလုပ်ငန်းဟာ အလုပ်သမားတွေအပေါ် အလွန်ခေါင်းပုံးဖြတ်သော ညစ်ပတ်သည့် လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီနိုင်ငံက စိန်တွင်းကနေထွက်ရှိခဲ့တဲ့ စိန်တန်ဖိုးဟာ ဒေါ်လာ သန်း (၃၂၀) ကျော်သွားပြီလို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒီစိန်တွင်းမှာ လုပ်နေတဲ့ အလုပ်သမားတွေကတော့ လုပ်အားခ များများစားစားမရကြပါဘူး။
ဆီးရီးယားလီယွန်း နိုင်ငံ ကိုနိုပြည်နယ်မှာ စိန်တွင်း အလုပ်သမား ၂ သိန်းကျော်ရှိပြီး စိန်တွေထွက်ရှိပေမဲ့ နိုင်ငံရဲ့ ကမ္ဘာ့အဆင်းရဲဆုံး ပြည်နယ်စာရင်းဝင်နေပါတယ်။
ရေးဆိုးမြောင်း သန့်ရှင်းရေးလုပ်ငန်း (အိန္ဒိယ)

Source: AI Jazeera
ဘယ်သူမှ ရေးဆိုးမြောင်း သန့်ရှင်းရေး အလုပ်လုပ်ချင်မယ် မထင်ဘူး။ သူတို့ဟာ တနေ့ကို (၁၂) နာရီလောက် နံစော်နေတဲ့ ရေဆိုးမြောင်းထဲမှာ အလုပ်လုပ်ကြရတာပါ။
သန့်ရှင်းရေးလုပ်သားတွေဟာ ကိရိယာ ပစ္စည်းတွေအသုံးမပြုပဲ လူကိုယ်တိုင် ဆင်းပြီး အညစ်အကြေးတွေကို သယ်ထုတ်ရတာပါ။ တနေ့လုံးလုပ်မှ (၅) ဒေါ်လာပဲ ရပါတယ်။
ဆားတူးဖော်ရေးလုပ်ငန်း (အီသီယိုးပီးယား)

Source:Daily Mail
Danakil Depression ဒေသမှာ မီးတောက်သမျှပူနေတဲ့ နေရောင်အောက်မှာ အလုပ်လုပ်နေတဲ့သူတွေကိုတွေ့နိုင်ပါတယ်။ ဒီဒေသမှာနေတဲ့ သူတွေရဲ့ မိရိုးဖလာ လုပ်ငန်းဟာ ဆားတူးဖော်ရေးလုပ်ငန်း ပဲဖြစ်ပါတယ်။ ဒီဒေသမှာ အပူချိန်ဟာ (၁၂၅) ဒီဂရီဖာရင်ဟိုက်အထိ မြှင့်တတ်သွားနိုင်ပြီးတော့ ကမ္ဘာ့အပူဆုံးနေရာတွေထဲက တစ်ခုအဖြစ်သက်မှတ်ထားပါတယ်။
ခြင်စမ်းသပ်သူများ

Source: e.video-cdn.net
ငှက်ဖျားရောဂါနဲ့ တခြားခြင်ကနေ ကူးစက်တဲ့ရောဂါတွေကို လေ့လာတဲ့ သိပ္ပညာရှင်တွေဟာ ရောဂါရှိတဲ့ ခြင်တွေအကိုက်ခံပြီး စမ်းသပ်ကြတာပါ။ တခါတလေ သူတို့ရဲ့လက်ကိုခြင်အပြည့်ထည်းထားတဲ့ ပုံးထဲထည့်ပြီး ထည့်ပြီးအကိုက်ခံသလို တခါတလေကျရင် လူငှားပြီး အကိုက်ခံခိုင်းပါတယ်။
လမ်းလယ်မြောင်းဖုံးပြုလုပ်ခြင်းလုပ်ငန်း (နယူးယော့ခ်မြို့)

Source: Boredom Therapy
အိန္ဒိယနိုင်ငံက လူတွေဟာ နယူးယော့ခ်မြို့ အတွက် တနှစ်အတွင်း လမ်းလယ်မြောင်းအဖုံး ၂၇၀၀ ကျော်ကို ပြုလုပ်ပေးနေရပါတယ်။ သူတို့အတွက် အကာအကွယ်ဆိုလို့ မျက်မှန်တွေပဲရှိပါတယ်။
သံရည်ပူတွေရဲ့ အပူချိန်က ၂၁၉၀ ဒီဂီဖာရီဟိုက်ကနေ ၂၅၅၀ အထိ ရှိပါတယ်။ တကယ်လို့ သံရည်ပူ တစက်လောက် ကိုယ်ပေါ် လာစင် ခဲ့ရင်တောင် အသားထဲထိ လောင်ကျွမ်းသွားစေနိုင်ပါတယ်။ ဒီအလုပ်ကို အန္တရာယ်အများဆုံး အလုပ်တွေထဲက တစ်ခုအဖြစ်မှတ်ယူနိုင်ပါတယ်။
မှု့ခင်းရှင်းလင်းရေးလုပ်သား

Source: Aftercare
ဒီအလုပ်ကတော့ နံရံတွေ၊ကြမ်းပြင်တွေ၊ အိပ်ယာ တွေပေါ်မှာ ပေနေတဲ့သွေးတွေကို ရှင်းလင်းရေးလုပ်ပေးရတာပါ။ အထူးသဖြင့် လူသေတွေကိုပါ။ တစ်ခါတစ်လေ လူသေတွေက ချက်ခြင်းတွေ့တာမဟုတ်ပဲ လပိုင်းလောက်ကြာမှ တွေ့ရတာတွေလည်း ရှိတတ်ပါတယ်။
ဒီအချိန်ဆိုရင် လူသေတွေကို ပုပ်သိုးပြီး လောက်တွေ နဲ့ပြည့်နက်နေပါပြီ။ အဲ့တာတွေအကုန်လုံးကို မှု့ခင်းရှင်းလင်းရေးလုပ်သား တွေကလုပ်ရတာပါ။ ဒါတွေကို လုံးဝရှင်းလင်းဖို့အတွက် ရက်ပိုင်းလောက် ကြာတတ်ပါတယ်။
