စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့ စကားဟာ အရင်ခေတ်တွေတုံးက လူတွေအတွက် မှန်ချင်မှန်နေပါလိမ့်မယ်။ ယနေ့ခေတ်လို့ နည်းပညာတွေတိုးတတ်လာတဲ့ခေတ်မှာ လူတော်တော်များများ စာအုပ်ကိုမခင်တွယ်ကြတော့ဘူး။

စာအုပ်တွေစား စမက်ဖုန်းတွေ ကွန်ပြူတာတွေ အသုံးပြုလာကြနေပါပြီ။ စာတွေကိုလည်း အင်တာနတ်ပေါ်ကနေ ဝင်ရောက်ဖတ်ရှုနေကြပါပြီ။ တစ်ချို့နိူင်ငံတွေမှာဆိုရင် သူတို့နိူင်ငံကလူတွေကို စာအုပ်တွေဖတ်ဖို့ တိုက်တွန်းနေကြရပါတယ်။

ယနေ့လိုအင်တာနက်ခေတ်ကြီးမှာ စာကြည့်တိုက်ရဲ့အရေးပါမှုဟာ နည်းသွားပါပြီ။ စာကြည့်တိုက်ဆိုတာ တကယ်တော့ ကမ္ဘာကြီးရဲ့ပြတင်းပေါက်လို့ တင်စားခေါ်ဝေါ်လို့ ရတဲ့နေရာတခုပါ။ ဒီနေ့ kwee ကနေပြီးတော့ ကမ္ဘာ့အကြီးဆုံးဆိုတဲ့ စာကြည့်တိုက်ကြီးတွေကို ဖော်ပြပေးသွားမှာပါ။

Library Of Congress (အမေရိကန်)

Source: Senator Cindy Hyde-Smith-Senate.gov

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ တည်ရှိတဲ့ Library Of Congress အမျိုးသားစာကြည့်တိုက်ဟာ ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက်တစ်ခုဖြစ်ပါတယ်။

(၁၈၀၀) ပြည့်နှစ်လောက်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကမ္ဘာနိုင်ငံအသီးသီးရဲ့စာပေမှတ်တမ်းများစွာစုစည်းထားတဲ့ စာကြည့်တိုက်ဖြစ်ပါတယ်။ Library of Congress အတွင်းမှာပဲ နာမည်ကျော် Stradivarius တယောနှင့် ရှားပါးစာအုပ်တွေနဲ့ ရုပ်ပုံကားချပ် တွေ ကိုပြသထားပြီး စုစုပေါင်းဘာသာစကား (၄၅၀) လောက်ကိုအသုံးပြုရေးသားထားတယ်လို့ သိရပါတယ်။

British Library (UK)

Source: The British Library

British Library ဟာ အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့တော်မှာဖြစ်ပြီး (၁၉၇၂) ခုနှစ်ကတည်းက တည်ဆောက်ထားတာဖြစ်ပြီး ဒုတိယအကြီးဆုံးစာကြည့်တိုက်ဖြစ်ပါတယ်။

ဒီစာကြည့်တိုက်ကြီးမှာ Karl Marx ၊ Oscar Wide နဲ့ Mahatma Gandhi လိုကမ္ဘာကျော်ပုဂ္ဂိုလ်တွေစာပေလေ့လာလိုက် စားခဲ့ကြပါတယ်။ ဒီစာကြည့်တိုက်မှာ ရှေးဟောင်းနဲ့ကာလပေါ်စာအုပ်စာပေတွေသာမက ကမ္ဘာနိုင်ငံအသီးသီးရဲ့စာပေမှတ်တမ်း စုစုပေါင်း သန်း (၁၇၀) ကနေ (၂၀၀) အကြားကို စုဆောင်းထားရှိတာဖြစ်ပါတယ်။

Library And Archives Canada (ကနေဒါ)

Source: Wikipedia

ကနေဒါအမျိုးသားစာကြည့်တိုက် Library And Archives Canada ဟာ မြို့တော် Ottawa မှာတည်ရှိပြီးတော့ ကနေဒါလူမျိုးတွေရဲ့ တန်ဖိုးမဖြတ်နိူင်တဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းထားတဲ့ နေရာလည်းဖြစ်ပါတယ်။ ဒါတွေတင်မကသေးဘဲ တန်းဖိုးမဖြတ်နိူင်တဲ့ ရှေးဟောင်း ဓာတ်ပုံတွေ ပန်းချီကာတွေကိုပါ စုစည်းထားတဲ့နေရာလည်းဖြစ်ပါတယ်။

New York Public Library (အမေရီကန်)

Source: Untapped Cities

နယူးယော့ခ်မြို့ Manhattan မှာတည်ရှိနေတဲ့ New York Public Library ဟာကမ္ဘာ့ စတုထ္တအကြီး စာကြည့်တိုက်ဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ထဲမှာ မြောက်အမေရိကတိုက်ရဲ့ သမိုင်းနဲ့ခေတ်ကာလအဆက်ဆက်စာပေများစွာကို စုစည်းထားပြီး နာမည်ကျော်ခရစ်ယာန်ကျမ်းစာ စာအုပ်အုပ်တစ်ခုဖြစ်တဲ့ Gutenberg Bible ကိုလည်း ဒီစာကြည့်တိုက်မှာ ထိန်းသိမ်းထားပါတယ်။

Russian State Library (ရုရုား)

Source: Flickr

ရုရှားနိုင်ငံမော်စကိုမှာရှိတဲ့ ဒီစာကြည့်တိုက် (၁၈၆၂) ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။ ဒီစာကြည့်တိုက်မှာ အဖိုးမဖြတ်နိူင်တဲ့ ရှေးဟောင်း စာပေများစွာကို ထိန်းသိမ်းထားရှိထားပါတယ်။ (၁၉၂၅) ခုနှစ်ကစပြီး ထုတ်ဝေခဲ့သမျှစာအုပ်စာပေတွေအပြင် မြေပုံအဟောင်းတွေ၊ ဂျာနယ်နဲ့ဂီတဆိုင်ရာအ ထောက်အကူပစ္စည်းများစွာကိုလည်းပြသထားပါတယ်။

ဒါ့အပြင် (၁၂) ရာစုလောက်က Slavonic ဘာသာနှင်ရေးသားထားသော ရှေးဟောင်း လက်ရေးစာမူတွေကို ဒီစာကြည့်တိုက်မှာ ထိန်းသိမ်းထားပါတယ်။