ဝိတ်ကျဖို့ အားကစားတော့ လုပ်ပါရဲ့ အစားအသောက်မထိန်းဘူးဆိုရင်လည်း ဝိတ်ကျနိုင်မှာမဟုတ်ပါဘူ။လေ့ကျင့်ခန်းလုပ်သလို အစားအသောက်လည်းထိန်းမှသာ နည်းလမ်းမှန်ကန်စွာ ကျန်းမာစွာနဲ့ ဝိတ်ကျနိုင်မှာပါ။ဒါကြောင့် ဒီနေ့မှာတော့ ဝိတ်ချရာမှာအရေးပါတဲ့ အစားအသောက်နဲ့ ပတ်သတ်ပြီး အကြံပြုချက်တစ်ချို့ကိုမျှဝေပေးချင်ပါတယ်။
(၁) ပရိုတင်းဓာတ်စားသုံးပါ
Source : Vixen Daily
ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ပရိုတင်းဓာတ်ကို အဓိကအားဖြင့် အသား ငါး ပဲအမျိုးမျိုး ဥအမျိုးမျိုး နွားနို့စတဲ့အရာတွေကနေရရှိနိုင်ပြီး ပရိုတင်းဓာတ်ကခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းစေပြီး အစားစားချင်စိတ်ကိုလျော့ချပေးပါတယ်။ဒါကြောင့်ဝိတ်ချမယ့်သူတွေရဲ့ တစ်နေ့တာမှာ ပရိုတင်းဓာတ်ကမပါမဖြစ်စားသုံးသင့်ပါတယ်။
(၂) မနက်စားကိုသေချာပြင်ဆင်ပါ
Source : Ó Crualaoí Butchers
ဝိတ်ကျချင်သူတွေအတွက် မနက်စာကအရမ်းအရေးကြီးပါတယ်။ မနက်စာကိုအချိန်မှန်မှန်စားဖို့နဲ့ ဆီကြော်တွေ အဆီများတဲ့အသုပ်တွေ ထမင်းကြော်တွေ စတဲ့အစားအစာတွေစားမယ့်အစား သန့်ရှင်းလတ်ဆက်ပြီး ကျန်းမာတဲ့ မနက်စာမျိုးကိုစားသုံးသင့်ပါတယ်။မနက်စာမှာ ပရိုတင်းဓာတ်ပါတဲ့ အသားပြုတ် ကြက်ဥပြုတ်လိုအစားအစာတွေကအစာလည်းခံသလို ဝိတ်ကျဖို့လည်းကူညီပေးပါတယ်။
(၃) အစာပြေကိုအသီးအနှံတွေစားပါ
Source : Medical News Today
နေ့လည်နေ့ခင်းအချိန်တွေမှာ ဗိုက်ဆာလာပြီဆိုတာနဲ့ စိတ်အလိုလိုက်ပြီး ရယ်ဒီမိတ်မုန့်တွေ ခေါက်ဆွဲခြောက်တွေ Soft Drink တွေလုံးဝမစားသင့်ပါဘူး။ အချိုဓာတ် အငံဓာတ်များတဲ့အစားအစာတွေကိုလည်း လုံးဝရှောင်ကျဉ်သင့်ပါတယ်။ အကောင်းဆုံးကတော့ အစာကြေလွယ်ပြီး ကျန်းမာရေးနဲ့ လည်းညီညွှတ်တဲ့ လက်ဆတ်တဲ့အသီးအနှံတွေကိုသာ စားသုံးပေးသင့်တာဖြစ်ပါတယ်။
(၄) နည်းနည်းနဲ့ များများစားပါ
Source : Reader’s Digest Canada
တစ်ထိုင်တည်းအဝအပြဲစားသုံးခြင်းက ခန္ဓာကိုယ်မှာအဆီတွေများစွာစုဝေးလာစေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ အစားတွေအများကြီးစားလိုက်တဲ့အခါမှာ အစာအိမ်ကလည်း အစာချေဖျက်ဖို့နှောင့်နှေးသွားမှာဖြစ်သလို အဆီတွေလည်းပိုပိုပြီး စုလာနိုင်ပါတယ်။ဒါကြောင့် အစားစာတဲ့အခါနည်းနည်းနဲ့ အကြိမ်အရေများများစားပါ။ဖြစ်နိုင်ရင် ပန်းကန်သေးသေးလေးနဲ့စားတာကောင်းပါတယ်၊ အစားအစာတွေကိုလည်းကြေညှက်အောင်ဝါးဖို့လိုအပ်ပါတယ်။ အစားမစာခင်ရေများများသောက်ပါ။ ညစာကိုတော့ ၆ နာရီမတိုင်ခင်စားသုံးတာပိုကောင်းပါတယ်။