လူတွေဟာ သူတို့ မျက်လုံးကပေးတဲ့ အထင်အမြင်ကို ပိုယုံလွယ်ပါတယ်။ လူအချင်းချင်း စပြီး တွေ့ကြုံလိုက်ရတဲ့ Memory ကပဲ အဲဒီလူပေါ် ထားတဲ့ သဘောထားကို ပုံသွင်းပေးပါတယ်။ ဒီတော့ ကိုယ့်ကို စတွေ့ချိန်မှာ အထင်အမြင်ကောင်းစေဖို့ဆိုတာ အရေးကြီးပါတယ်။

ကောင်းမွန်တဲ့ စတိုင်ဆိုတာ သင့်ကို ယုံကြည်မှုရှိစေတဲ့ အရာ ဖြစ်ပါတယ်။ ဒါတင်မဟုတ်ဘဲ သင့်ကို ပါဝါတစ်ခု ရှိလာစေတဲ့ အရာလည်း ဖြစ်ပါတယ်။ ဖက်ရှင်ဟာ လူအထင်ကြီးခံရဖို့အတွက် အရေးပါတဲ့ လက်နက်ကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ Impression ကောင်းတစ်ခု ရဖို့ အရေးပါတဲ့ ဖက်ရှင်ပစ္စည်းတစ်ချို့အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

(၁) နာရီကောင်းတစ်လုံး

Photo: shaftdeals
အဝတ်အစားတစ်ခုတည်းက လူရဲ့ အကြောင်းကို မပြောနိုင်ပါဘူး။ သူ့လက်က နာရီကလည်း သူ့ရဲ့ ပါဝါကို တစ်နည်းနည်းနဲ့ ဖော်ပြနေပါတယ်။ စမတ်နာရီပဲ ပတ်ပတ် ရိုးရိုး ဘက်ထရီ/စက်မောင်းနာရီပဲ ဖြစ်ဖြစ် အမျိုးအစား ကောင်းတဲ့ နာရီတစ်လက်က သင့်ရဲ့ ဩဇာအကြောင်း အကဲဖြတ်တဲ့နေရာမှာ အရေးပါပါတယ်။

(၂) ယောင်္ကျားဆန်တဲ့ ရေမွှေး

Photo: stuffshuf

ရနံ့တွေဟာ ကိုယ်တွေ့ခဲ့တဲ့ လူတစ်ယောက်ရဲ့ ပုံရိပ်ကို ပြန်ပုံဖော်ရာမှာ အဓိကကျတဲ့ မှတ်ဉာဏ်ခေါ်ပစ္စည်းပါ။ ရေမွှေးဟာ သင့်ကိုယ်သင် ယုံကြည်စိတ်ချမှုကို မြှင့်တင်ပေးနိုင်သလို သင့်ကို သတိပြုမိလာအောင် ဆွဲဆောင်ပေးနိုင်ပါတယ်။ ပိုအရေးကြီးတာက ရေမွှေးဟာ သင့်ပင်ကိုယ်စွမ်းရည်ကို ပိုတိုးချဲ့ပေးတဲ့ အရာလည်း ဖြစ်ပါတယ်။

(၃) ကိုယ်တိုင်းချုပ် ဝတ်စုံ

Photo: manofmany

အဝတ်အစားဟာ သင့်ရဲ့ အနေအထားကို ဖော်ပြနေတဲ့ အရာပါ။ နောက်တစ်ခုက သင့်ကို ပုံစံပြောင်းပေးနိုင်တဲ့ အရာဆိုလည်း မမှားပါဘူး။ သင်နဲ့ ကွက်တိကျမယ့် Quality ကောင်းကောင်းနဲ့ ကိုယ်တိုင်းချုပ် ဝတ်စုံတစ်စုံဟာ သင့်အပေါ် လူတွေရဲ့ အထင်အမြင်ကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။

(၄) ဖိနပ်ကောင်းတစ်ရံ

Photo: Medium

ဒီနေ့ခေတ်မှာ လူတွေဟာ အချင်းချင်းတွေ့ရင် မသိစိတ်က ဘာဖိနပ်စီးထားသလဲလို့ တွေးနေမိတတ်တဲ့ ခေတ်ပါ။ တောက်ပြောင်သားနားတဲ့ Footwear ကောင်းတစ်ခုဟာ သင့်အကြောင်း ကောင်းမွန်တဲ့ သတင်းအချက်အလက်တစ်ချို့ကို သင့်ကိုယ်စား ပတ်ဝန်းကျင်ကို ပြောပြပေးနေပါတယ်။

(၅) စမတ်ဖုန်း

Photo: The Verge

ဒီနေ့ခေတ်မှာ ဖုန်းကောင်းကောင်း ကိုင်တဲ့သူကို လူတွေ ချက်ချင်းဆိုသလို အထင်ကြီးတတ်တယ်ဆိုတာ အားလုံးပဲ သိကြမှာပါ။ သင့်ကို ဖုန်းအစုတ်ကလေးနဲ့ စပြီး သိခဲ့သူဟာ သင့်ရဲ့ အစွမ်းအစ ၊ လုပ်ရည်ကိုင်ရည်နဲ့ ကိုယ်ကျင့်သိက္ခာအကြောင်း မသိမချင်းအထိတော့ နည်းနည်းလေး အထင်အမြင် သေးနိုင်ပါတယ်။ ဒီတော့ တတ်နိုင်ရင် Latest ဖုန်းကောင်းတစ်လုံး ပိုင်ဆိုင်ထားသင့်ပါတယ်။