သီချင်းတွေဆိုတာ ဘယ်အချိန် ဘယ်ကာလကပဲဖြစ်ဖြစ် လူတွေအတွက် ခံစားမှုရသမျိုးစုံပေးနိုင်တဲ့ အရာတွေထဲက တခုပါပဲ။ သီချင်းတွေကို ချစ်တဲ့သူတွေအတွက်ကတော့ သီချင်းကောင်းတွေဆိုတာ ဘယ်လောက်ပဲ ဟောင်းသွားပါစေ ရိုးသွားဦးမှာမဟုတ်ပါဘူး။ အခုပြောပြမှာကတော့ ဟောင်းပေမယ့် နားထောင်လို့ကောင်းဆဲသီချင်း (၅) ပုဒ်ပါ။ ပရိသတ်အကြိုက်ဆုံးသီချင်းတွေပါလားကြည့်လိုက်ရအောင်။

(1) Dear God – Avenged Sevenfold

Source : Avenged Sevenfold

ပထမဆုံး တပုဒ်ကတော့ နာမည်ကြီး Avenged Sevenfold ရဲ့ Dear God သီချင်းပဲဖြစ်ပါတယ်။ Avenged Sevenfold အဖွဲ့ဆိုတာ 1999 ခုနှစ်ကစတင်ဖွဲ့စည်းခဲ့တဲ့ အမေရိကန် heavy metal band ပဲဖြစ်ပါတယ်။ သူတို့ရဲ့ နာမည်ကျော်သီချင်းတွေထဲက Dear God က မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ သီချင်းကောင်းတပုဒ်ဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။ ပြန်လည်ခံစားကြည့်လိုက်ပါဦး။

(2) Have You Ever Seen The Rain  – Creedence Clearwater Revival

Source : Creedence Clearwater Revival

နောက်ထပ်တပုဒ်ကတော့ Creedence Clearwater Revival  ရဲ့ သီချင်းကောင်းတပုဒ်ဖြစ်တဲ့ Have You Ever Seen The Rain ဆိုတဲ့ သီချင်းပါ။ ဒီသီချင်းကို ၁၉၇၀ လောက်မှာ ဖြန့်ချိခဲ့တာဖြစ်လို့ တော်တော်ကြာနေပြီဖြစ် တဲ့ သီချင်းဟောင်းလေးပါ။ ဒါပေမယ့် နားထောင်လိုက်ရင်တော့ ဟောင်းတယ်လို့မခံစားရမယ့် သီချင်းတပုဒ်ဖြစ် လို့ အခုပဲနားထောင်ကြည့်လိုက်ပါ။

(3) Beat It – Michael Jackson

Source : Michael Jackson

Beat It ကတော့ အားလုံးသိတဲ့အဆိုတော်ကြီး မိုက်ကယ်ဂျက်ဆင်ရဲ့ အမိုက်စားသီချင်းတပုဒ်ပါ။ ဒီသီချင်းကို ၁၉၈၂ က ထုတ်လွှင့်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင်ရေး သူကိုယ်တိုင်ဆိုခဲ့ပြီး အရမ်းကိုပေါက်ခဲ့တဲ့သီချင်းတပုဒ်ပါ။ အားလုံးကြားဖူးကြတယ်ဆိုပေမယ့် ပြန်နားထောင်မယ်ဆိုလဲ မမှားပါဘူးနော်။

(4) Can’t Help Falling In Love – Elvis Presley

Source : Elvis Presley

နောက်ထပ်တပုဒ်ကတော့ အဆိုကျော် အနုပညာရှင် Elvis Presley ရဲ့ အရမ်းကိုပေါက်ခဲ့တဲ့ ဂန္ဓဝင်အချစ်သီချင်းကောင်းတပုဒ်ဖြစ်တဲ့ Can’t Help Falling In Love ပါ။ အရမ်းကိုနားထောင်လို့ကောင်းပြီး ကြည်နူးစရာဒီသီချင်းလေးကတော့ ခုထိကို မရိုးနိုင်အောင် cover များစွာပြန်ဆိုနေကြတုန်းပါ။ ခံစားကြည့်လိုက်ပါဦး။

(5)  The Day You Went Away – M2M

Source : M2MmusicVEVO

နောက်ဆုံးတပုဒ်ကတော့ အသံချိုချိုလေးတွေနဲ့ အဆိုကောင်းတဲ့ M2M အဖွဲ့ရဲ့ The Day You Went Away သီချင်းလေးပါ။ ဒီသီချင်းကို ၂၀၀၃ ခုနှစ် မေလ ၅ရက်နေ့မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး နော်ဝေနိုင်ငံက ဆယ်ကျော်သက်အဆိုတော် နှစ်ယောက်ကသီဆိုခဲ့တာပါ။ သူတို့အဖွဲ့ရဲ့ တခြားနာမည်ကြီး သီချင်းတွေဖြစ်တဲ့ Pretty Boy, Don’t say you love me စတဲ့ သီချင်းတွေကလဲ မြန်မာသီချင်းအနေနဲ့ ပြန်ဆိုထားတဲ့သီချင်းတွေဖြစ်ပါတယ်။ ကဲ နားထောင်ကြည့်လိုက်ပါ။ ပြီးရင် ဘယ်သီချင်းတွေကြိုက်လဲဆိုတာ ကော်မန့်ပေးသွားပါဦး။