လူတိုင်းလိုလို လက်ရှိ Stay Home ကာလကို အမြန်ဆုံးကုန်လွန်ဖို့မျော်လင့်နေကြသလို တော်တော်လေးလည်း ငြီးငွေ့နေကြလောက်မယ်ထင်ပါတယ်။ အိမ်မှာနေရတာ ကြာလာတာနဲ့အမျှ စိတ်ဖိစီးတွေလည်းများလာပြီး မွန်းကြပ်ငြီးငွေ့နေမယ်ဆိုတာ အသေအချာပါပဲ။ အဲ့ဒါကြောင့် ခုလိုအိမ်တွင်းပုန်းကာလအပေါ် ကျွန်တော်တို့ အမြင်လေးနဲနဲလောက် ပြောင်းကြည့်ရအောင်။

ဒီကာလကြီးဟာ ကျွန်တော်တို့အားလုံးအတွက် Eat,Sleep, Repeat နဲ့ ကိုယ့်ကိုယ်ကို Relax လုပ်ဖို့ အကောင်းဆုံးပိတ်ရက်ရှည်ကြီးဆိုတာပါပဲ။ဒါ့ပြင်အရင်ကကျွန်တော်တို့ အလုပ်တစ်ဖက်၊ သင်တန်းတွေတစ်ဖက်နဲ့ မလုပ်နိုင်ခဲ့တဲ့ဝါသနာတွေ၊ Activities တွေအတွက် အချိန်ပေးဖို့လည်းအသင့်တော်ဆုံးပါ။ အဓိကအရေးကြီးဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကိုရှာဖွေရင်း “My best friend is me” ဆိုသလို ကိုယ့်ရဲ့အကောင်းဆုံးမိတ်ဆွေက ကိုယ်တိုင်ပဲလို့ဖြစ်လာတဲ့ အထိချစ်တတ်လာအောင် လုပ်နိုင်မယ့်အချိန်တစ်ခုဆိုတာပါပဲ။

ဒီလိုကိုယ့်အတွက်ကိုယ် အချိန်ပေးရင်း ကိုယ့်ကိုယ်ကိုချစ်တတ်လာခြင်းအားဖြင့် ကျွန်တော်တို့ဘဝအတွက်ဘယ်လိုကောင်းမွန်တဲ့ရလဒ်တွေရနိုင်မလဲ လေ့လာကြည့်ရအောင်။

(၁) ၁၀၀ ရာခိုင်နှုန်း ချစ်တတ်လာမယ်

Source : Shutterstock

ကိုယ့်ကိုယ်ကိုမှပျော်အောင်မထားတတ်ဘူးဆိုရင် ကိုယ်မဟုတ်တဲ့အခြားလူတစ်ယောက်ကို ကျွန်တော်တို့ဘယ်လိုပျော်အောင်ထားနိုင်မလ။ Relationship တစ်ခုတည်ဆောက်တော့မယ် တည်မြဲအောင်ကြိုးစားမယ်ဆိုရင် ဒီအချက်ဟာအရေးကြီးဆုံးအချက်ပါပဲ။ ကိုယ့်ကိုယ်ကို ၁၀၀ ရာခိုင်နှုန်း ချစ်ပေးတတ်မှ ကျွန်တော်တို့ရဲ့ လက်တွဲဖော်အပေါ် ၁၀၀ ရာခိုင်နှုန်း ဘယ်လိုချစ်ပေးရမယ် ဘယ်လိုနားလည်ပေးရမယ်ဆိုတဲ့ အရာတွေသိလာနိုင်မှာဖြစ်ပါတယ်။ အဲ့လိုမှသာ ကျန်းမာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုအနေနဲ့ ခိုင်မြဲမှုတွေတိုးပွါးလာမှာဖြစ်ပါတယ်။

(၂) စွန့်လွှတ်တတ်လာမယ်

Source : Shutterstock

Love Yourself ရဲ့အနောက်မှာ Value Yourself လေးကပ်ပါလာတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာကိုယ့်ရဲ့ဖြစ်တည်မှုကိုမေ့လျော့ပြီး Toxic Relationship တစ်ခုထဲရောက်မှန်းမသိရောက်သွားတတ်ကြပါတယ်။ ကိုယ့်ကိုဂရုမစိုက်တဲ့သူကိုမှ တွယ်တာနေတတ်တာမျိုး၊ ကိုယ့်ကိုနာကျင်စေသူကိုမှ တပ်မက်နေတတ်တာမျိုးတွေ ဖြစ်ပါတယ်။ဒီနေရာမှာသတိထားရမှာကတော့ ချစ်ခြင်းမေတ္တာဆိုတာဟာ ကိုယ့်တန်ဖိုးကိုပစ်ချပြီး ရွေးချယ်ရမယ့်အရာမျိုးမဟုတ်ဘူးဆိုတာပါပဲ။ဒါမှကိုယ့်တန်ဖိုးနားမလည်တဲ့သူကို အမျှသာဝေပြီး ရာသက်ပန်စွန့်လွှတ်တတ်လာမှာပေါ့။

(၃) ပရော်ဖက်ရှင်နယ်ဆန်လာမယ်

Source : Shutterstock

ကျွန်တော်တို့အားလုံးမှာ Idol ဆိုတာရှိတတ်ကြပါတယ်။ကိုယ့် Idol ဘာတွေလုပ်တယ်၊ ဘယ်လိုအရာတွေစိတ်ဝင်တစားရှိလဲ ကျွန်တော်တို့သိချင်တတ်ကြတယ်။အဲ့ဒီ Idol နေရာမှာ ကိုယ့်ကိုယ်ကိုထားကြည့်ပြီး ကိုယ်ဘာဖြစ်ချင်တယ် ဘယ်လိုအရာတွေစိတ်ဝင်စားတယ်ဆိုတာ လေ့လာနေရတာပိုအကျိုးရှိစေမှာပါ။ကိုယ့်ရဲ့Personal Development အတွက် လမ်းစတွေပေါ်လာပြီး ကိုယ့်ရဲ့ Professionalism ဟာပိုပြီးအရောင်သွေးစုံလာမှာအမှန်ပါပဲ။

(၄) ပိုကျန်းမာလာမယ်

Source : Shutterstock

ကိုယ့်ကိုယ်ကိုပိုချစ်လာတာနဲ့အမျှ ကိုယ့်ရဲ့Lifestyle မှာ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေစတင်လာပါပြီ။ ကိုယ်ချစ်တဲ့သူကို ဘေးဖြစ်စေမယ့်အရာတွေ မလိုလားသလိုပါပဲ။ ကိုယ့်ကျန်းမာရေး၊အလှအပတွေကို တန်ဖိုးထားတတ်လာတာနဲ့အမျှ ထိခိုက်မယ့်အရာတွေကို အလိုလိုရှောင်ကြဉ်ပြီးသားဖြစ်လာမှာပါ။ဒါကြောင့်စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွပြီး ကျန်းမာသန်စွမ်းတဲ့နေ့ရက်တွေရလာမှာပါ။ခုလိုကပ်ဆိုးကြီးကိုလဲ တစ်ဖက်တစ်လမ်းက ကာကွယ်ပြီးသားဖြစ်စေမှာမို့ တစ်ချက်ခုတ်၊နှစ်ချက်ပြတ်ပါပဲ။