လူတစ်ယောက် အိပ်စက်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းရှိမှသာ အမှန်တကယ်အိပ်ရေးဝတဲ့ ခံစားချက်မျိုးရရှိမှာဖြစ်ပြီး မနက်ခင်းမှာအားအင်အပြည့်နဲ့ လန်းဆန်းတက်ကြစွာနိုးထလာနိုင်မှာပါ။ ဒါကြောင့် သင့်အနေနဲ့ ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်တစ်ချို့ကိုမျှဝေပေးချင်ပါတယ်။

(၁) အိပ်ချိန်နဲ့ ကပ်ပြီးအစားမစားပါနဲ့

Source : Shutterstock

အိပ်ချိန်နီးမှ အစားစားတာဟာ သင့်ရဲ့ အိပ်စက်ခြင်းစက်ဝန်းကို လုံးဝအနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ အိပ်ခါနီးအစားစားလိုက်တဲ့အခါ အစာအိမ်ကနေ အစာချေဖျက်ခြင်းလုပ်ငန်းစဉ်တွေကို ခက်ခက်ခဲခဲလုပ်ဆောင်စေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် အနည်းဆုံး အိပ်ချိန်နဲ့ ၃ နာရီလောက်ခြားပြီး အစားစားပါ။

(၂) အရက်သောက်ခြင်းကိုရှောင်ပါ

Source : Shutterstock

ညဘက်တွေမှာ အရက်ဘီယာသောက်သုံးခြင်းက အချိန်မြန်မြန်နဲ့ ကောင်းကောင်းအိပ်ပျော်စေတယ်လို့ ထင်ရပေမယ့် တကယ်တော့ဒါဟာမှားယွင်းနေတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ အရက်သောက်ပြီး အိပ်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ကမကြာခဏနိုးနေစေမှာဖြစ်ပြီး နှစ်ခြိုက်စွာအိပ်ပျော်မှာမဟုတ်ပါဘူး။ ဒါကြောင့်မနက်ခင်းမှာလည်း အိပ်ရေးမဝသလိုခံစားနေရမှာဖြစ်ပြီး လန်းဆန်းတက်ကြွမှုမရှိဖြစ်နေပါလိမ့်မယ်။

(၃) တရားထိုင်ပါ

Source : Shutterstock

အိပ်ယာဝင်ခါနီးအချိန်မှာ ၁၅ မိနစ်လောက်အချိန်ပေးပြီး တရားထိုင်ပါ။ တရားထိုင်ခြင်းက စိတ်ရောခန္ဓာကိုယ်ပါ တင်းမာမှုတွေပြေလျော့စေပြီး စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ မအိပ်ခင်တရားထိုင်မယ်ဆိုရင် သင့်ရဲအိပ်စက်ခြင်းကို အထောက်အကူဖြစ်စေပြီး နှစ်ခြိုက်စွာအိပ်ပျော်စေမှာဖြစ်ပါတယ်။

(၄) ဖုန်းတွေပိတ်ထားပါ

Source : Shutterstock

စမတ်ဖုန်းတွေကထွက်တဲ့ ရောင်ခြည်တန်းတွေက သင့်ရဲ့ဦးနှောက်ကိုလှုံဆော်ပေးတာကြောင့် အိပ်စက်ဖို့ခက်ခဲစေမှာဖြစ်ပါတယ်။ ဒါကြောင့် အိပ်ယာဘေးမှာ ဖုန်းတွေကိုမထားပါနဲ့။ ပါဝါပိတ်ထားလိုက်ပါ။ အနည်းဆုံး စက်ပိတ်ချင်ရင်တောင် airplane mode လုပ်ထားသင့်ပါတယ်။

(၅) အိပ်ခန်းကိုပြင်ဆင်ပါ

Source : Shutterstock

သင့်ကိုနှစ်ခြိုက်စွာအိပ်ပျော်စေဖို့ဆိုရင် ဆူညံ့သံတွေကင်းပြီး တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုရဖို့ ပြင်ဆင်ထားသင့်ပါတယ်။ ဒါ့အပြင် အခန်းမှောင်လေ ပိုပြီးအိပ်ပျော်လေဖြစ်တာကြောင့် မီးတွေပိုပိတ်ထားပါ။ အခန်းအပူချိန်ကိုလည်း အရမ်းမအေး အရမ်းမပူစေပဲ သင့်တော်တဲ့ အပူချိန်ရှိဖို့အရေးကြီးပါတယ်။ဒါဆိုရင်သင်ကောင်းစွာအိပ်ပျော်နိုင်မှာဖြစ်ပါတယ်။