ဘဝကြီးက တစ်ခါတစ်လေ စိတ်ပျက်ဖို့ အလွန်ကောင်းပါတယ်။ ကိုယ်က ဘယ်လောက်ဘဲ ကြိုးစားပါစေ အရှုံးနဲ့ပဲ ရင်ဆိုင်ရတတ်တဲ့အချိန်တွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုအသစ်တွေ၊ ကျဆုံးမှုတွေက နေသင်ခန်းစာတွေ သင်ယူလို့ရတာကတော့ ကိုယ့်အတွက် အမြတ်ကျန်တယ်လို့ ပြောရမှာပါ။ ရှာဖွေနေထိုင်တတ်မယ်ဆိုရင် ဘဝကြီးက ပျော်ဖို့ကောင်းပါတယ်။
အရေးကြီးတာတစ်ခုကတော့ သင်ယူမှုကို ဘယ်တော့မှမရပ်လိုက်ပါနဲ့။ အမြဲတမ်း တစ်ခုမဟုတ်တစ်ခု သင်ယူနေပါ။ ဘဝကြီးက ရုပ်ရှင်ဇာတ်လမ်းတွဲတွေလိုပါပဲ။ ဇာတ်လမ်းမပြီးခင်အထိ အသစ်သစ်တွေ တွေ့ကြုံရမှာပါ။ ဒီနေ့ kwee page ကနေ ကျော်ကြားသူတွေရဲ့ ဘဝခွန်အားဖြစ်စေမယ့် စကားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဘဝကြီးက စက်ဘီးစီးနေရတာနဲ့တူပါတယ်။ ဟန်ချက်ညီချင်တယ်ဆိုရင်တော့ ဆက်ပြီးသွားနေဖို့လိုအပ်ပါတယ်။ (Albert Einstein)
အောင်မြင်မှုတွေကနေမဟုတ်ပဲနဲ့ ကျရှုံးမှုတွေကနေသင်ယူပါ။ (Bram Stoker)
မနက်ဖန်သေရတော့မယ့်လူတစ်ယောက်လို ရှင်သန်ပါ။ ထာဝရနေသွားရမယ့် လူတစ်ယောက်လို သင်ယူပါ။ (ahatma Gandhi)

Source: Biography
ဘဝမှာ သင်ယူစရာသင်ခန်းစာတွေ အများကြီးရှိတယ်။ ဒါကိုနားလည်သဘောက်ပေါက်ပြီး အသက်ရှင်နေရမယ်။
စာသင်ကျောင်းနဲ့ဘဝ ကွာခြားမှုက ဘာလဲ။ ကျောင်းမှာ သင်ခန်းစာတွေသင်တယ်။ ပြီးတော့ စာမေးပွဲစစ်တယ်။ ဘဝမှာကြတော့ မတူတော့ဘူး။ အရင်ဆုံး စာမေးပွဲစစ်တယ်။ ပြီးမှ သင်ခန်းစာတွေ ပေးတယ်။ (Tom Bodett)
စာဖတ်လေလေ သိတာတွေ ပိုများလာလေလေ ဖြစ်သလို ပိုပြီးသင်ယူလေလေ ခရီးပိုရောက်လေလေ ပါပဲ။
ငါ့ကိုပြောပြရင် ငါမေ့မှာပဲ။ ငါ့ကိုသင်ပေးရင် ငါသတိရကောင်းရနိုင်တယ်။ ငါ့ကိုပါဝင်ပတ်သတ်ခွင့်ပေးရင်တော့ ငါသင်ယူမယ်။ (Benjamin Franklin)
အသိပညာက ရွှေနဲ့ငွေတွေထက် ပိုပြီးတန်ဖိုးရှိတယ်။ (Bob Marley)

Source: Billboard
မေးခွန်းတွေမေးတာ မရပ်လိုက်ဖို့ အရေးကြီးတယ်။ စပ်စုခြင်းဆိုတာ အကြောင်းပြချက်တစ်ခုကြောင့် တည်ရှိနေတာပါ။ အကြောင်းမဲ့ တည်ရှိနေတာမဟုတ်ပါဘူး။ (Albert Einstein)
အသက် (၂၀) သို့ (၃၀) အရွယ်ဖြစ်နေပါစေ သင်ယူမှုကို ရပ်လိုက်ပြီဆိုရင် လူအိုဖြစ်သွားပါပြီ။ ဒါပေမယ့် ဆက်ပြီးတော့ သင်ယူနေမယ်ဆိုရင် အသက် (၅၀) သို့ (၈၀) ဖြစ်နေပါစေ ငယ်ရွယ်နေတုန်းပါပဲ။ (Henry Ford)

Source: History
ဘဝမှာ နောင်တဆိုတာ မရှိဘူး။ သင်ခန်းစာ တွေပဲရှိတာ။ (Jennifer Aniston)
အတိတ်ခါးခါးတွေက နာကျင်ရတယ်။ ဒါပေမယ့် အဲ့အတိတ်တွေကနေ ထွက်ပြေးမလား သင်ယူမလားဆိုတာကတော့ မင်းအပေါ်မှာမူတည်တယ်။ (Walt Disney)
လူတစ်ယောက်ရဲ့ပညာရေးဟာ သူမသေခင်အထိ မပြီးဆုံးသေးဘူး။
(Robert E. Lee)
