လူအများစုကတော့ အိပ်ယာမဝင်မှီအချိန်တွေမှာ ဖုန်းတွေနဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဒါဟာကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပြီး ရေရှည်အတွက်တော့ လုံးဝမကောင်းတဲ့အကျင့်စရိုက်တစ်ခုဖြစ်ပါတယ်။ ဒီနေ့မှာတော့ အိပ်ယာမဝင်ခင်အချိန်တွေမှာ ဖုန်းတွေသုံးမယ့်အစားအခုပြောပြမယ့်အရာလေးတွေလုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) စာအုပ်ဖတ်ပါ

Source ; Shutterstock

အိပ်ယာမဝင်မှီ စာဖတ်ခြင်းက သင့်ရဲ့ စိတ်နှင့်ခန္ဓာကိုယ်ကိုအကောင်းဆုံး အနားယူအပန်းဖြေစေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လေ့လာဆန်းစစ်မှုတစ်ခုအရ မအိပ်ခင် ၆ မိနစ်လောက်စာဖတ်ခြင်းက စိတ်ဖိစီးမှု ၆၀ ရာခိုင်နှုန်းလောက်လျော့ကျစေတယ်လို့သိရပါတယ်။ စိတ်ဖိစီးမှုလျော့နည်းခြင်းက သင့်ကိုပိုပြီးကောင်းစွာအိပ်ပျော်စေတာကြောင့် အိပ်ယာမဝင်ခင်စာဖတ်ပေးသင့်ပါတယ်။

(၂) တရားထိုင်ပါ

Source ; Shutterstock

စိုးရိမ်ပူပန်ခြင်းတွေနှင့် အတွေးလွန်ခြင်းကြောင့် ညဘက်မှာကောင်းစွာအိပ်ပျော်ဖို့ ခက်ခဲနေလား။ တရားထိုင်ခြင်းအလေ့အကျင့်က သင့်ရဲ့စိတ်ကိုအကောင်းဆုံးရှင်းလင်းပေးပြီး စိုးရိမ်ပူပန်မှုတွေ အတွေလွန်ခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလျော့ကျဖို့ ကူညီပေးပါတယ်။ ဒါကြောင့် အိပ်ယာမဝင်မှီ မိနစ် ၂၀ လောက်အလိုမှာ တရားထိုင်ခြင်းအလေ့အကျင့်ကိုလုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၃) ရေနွေးဖြင့်ရေချိုးပါ

Source ; Shutterstock

မအိပ်ခင် ရေနွေးဖြင့်ရေချိုးခြင်းက ခန္ဓာကိုယ်ကြွက်သားတွေကိုပြေလျော့စေပြီး ကြွက်သားများတင်းမာခြင်း ညောင်းညာကိုက်ခဲခြင်းတွေကို ပြေလျော့သက်သာစေပါတယ်။ ဒါ့အပြင်ခန္ဓာကိုယ် အပူချိန်ကိုလည်းကျဆင်းစေတာကြောင့် အိပ်စက်ချင်စိတ်ပိုဖြစ်စေကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ကူညီပေးပါလိမ့်မယ်။

(၄) ချစ်ခင်ရသူတစ်ယောက်ယောက်နဲ့ အချိန်ကုန်ဆုံးပါ

Source ; Shutterstock

စိန်ခေါ်မှုတွေ ပင်ပန်းမှုတွေနဲ့ တစ်နေ့တာကိုအကောင်းဆုံးဖြတ်သန်းခဲ့ပြီး ညအိပ်ယာဝင်ချိန်မှာ ကိုယ်ချစ်ခင်ရသူတစ်စုံတစ်ဦးနဲ့ စကားပြောပြီး အချိန်ကုန်ဆုံးသင့်ပါတယ်။ ကိုယ့်နဲ့ ရင်ဘတ်ချင်းနီးပြီး ကိုယ့်အတွက်အကောင်းဆုံးနှစ်သိမ့်ပေးနိုင်တဲ့ ရင်ခွင်တစ်စုံလိုအပ်ပါတယ်။ဒါကြောင့် မိသားစုဝင် ချစ်သူရည်းစား နောက်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ခဏတာအချိန်ဖြုန်းပြီးမှ အိပ်ယာဝင်သင့်ပါတယ်။

(၅) နောက်တစ်နေ့အတွက်ကြိုတင်ပြင်ဆင်ပါ

Source ; Shutterstock

မအိပ်ခင်အချိန်မှာ နောက်တစ်နေ့အတွက် ကြိုတင်ပြင်ဆင်စရာရှိတဲ့အရာတွေကို ကြိုတင်ပြင်ဆင်ထားပါ။ ဥပမာ မနက်ဖြန်အတွက် ဘာဝတ်မယ် ၊ အရေးကြီးတဲ့ Meeting အချိန်တွေကို စာရွှက်မှာချရေးထားမယ် မနက်ဖြန်လုပ်ရမယ့် အလုပ်တွေကိုကြိုတင်အစီစဉ်ချထားမယ် စသည်ဖြင့် ပြင်ဆင်စရာရှိတဲ့အရာတွေကိုကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် မနက်ဖြန်လုပ်ရမယ့်အရာတွေက အစီအစဉ်တကျရှိနေမှာဖြစ်တာကြောင့် သင့်ကိုဝန်ထုပ်ဝန်ပိုးလည်းမဖြစ်စေတော့ပါဘူး။