မိုက်တိုင်ဆန်ရဲ့ ဆေးခြောက်ကုမ္ပဏီဟာ ဘာစီလိုနာရဲ့ ကွင်းအမည်ပိုင်ဆိုင်မှုကို ရယူဖို့ မျှော်လင့်နေတယ်လို့ Talk sport ကဖော်ပြထားပါတယ်။

ဘာစီလိုနာဟာ ကမ့်နူးကွင်းရဲ့ အမည်ကို ရောင်းချသွားကာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အကူအညီပေးသွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။ ဘာစီလိုနာဟာ (၁၉၅၇) ခုနှစ် ကမ့်နူးကွင်းဖွင့်ပြီးနောက်ပိုင်း ကွင်းအမည်ရောင်းချဖို့ ပထမဆုံးအကြိမ် ကြေညာခဲ့တာပါ။ နာမည်ကြီးကုမ္ပဏီတော်တောများများကတော့ ကွင်းအမည်ကို သူတို့ရဲ့ ကုမ္ပဏီအမည်နဲ့ စပွန်ဆာပေးနိူင်ဖို့ လုပ်ဆောင်နေကြပါတယ်။

ဟဲဗီးဝိတ်ချန်ပီယံ မိုက်တိုင်ဆန်ဟာလည်း သူရဲ့ ဆေးခြောက်လုပ်ငန်းကို ပိုမို လူသိများလာစေဖို့ ကမ့်နူးကွင်းအမည်ကို ဝယ်ယူကာ Swissx အဖြစ်အမည်ပြောင်းလဲဖို့ စိတ်ဝင်စားနေပါတယ်။

“ဒါကျနော်တို့ လိုချင်နေတဲ့ အခွင့်အရေးတခုပါ။ ကျွန်တော်တို ကုမ္ပဏီကို လူသိများလာစေဖို့အတွက် အကောင်းဆုံး အကြံညဏ်တခုလည်း ဖြစ်ပါတယ်။ ကျနော့်ရဲ့ ကုမ္ပဏီဟာ ဆေးခြောက်ကုမ္ပဏီပါ။ ဥရောပသမဂ္ဂအတွင်းမှာ စပိန်ဟာ ဆေးခြောက်တရားဝင်ဖြစ်မှုမှာ ဦးဆောင်နိုင်ငံလည်းဖြစ်သလို လစ်ဘရယ်ကျတာလည်း ရှည်ကြာခဲ့ပါပြီ။ ဒါကြောင့် အခု အမည်ပေးတာဟာ လွယ်ကူနိူင်ပါလိမ့်မယ်။” ဟု BBC ကို မိုက်တိုင်ဆန်ရဲ့ စီးပွားဖက်ဖြစ်သူ Alki David ပြောကြားသွားခဲ့ပါတယ်။

ကမ့်နူးကွင်းဟာ ပရိသတ်ပေါင်း (၉၉,၃၅၄) အထိဝင်ဆန့် နိူင်ပြီး ဥရောပမှာ အကြီးဆုံး ကွင်းလည်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အမည်ပိုင်ဆိုင်မှုကိုရောင်းချဖို့ (၂၀၂၀-၂၁) ရာသီအတွက် စပွန်ဆာရှာပေးမယ့် ကလပ်ရဲ့ဖောင်ဒေးရှင်းကို ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။

Source: TalkSport