အမျိုးသားတွေရဲ့ ဖက်ရှင်တွေဟာလည်း အမျိုးသမီးတွေရဲ့ ဖက်ရှင်တွေလိုပဲ လျင်လျင်မြန်မြန် ပြောင်းလဲလာနေပါတယ်။ ဒါပေမယ့် အမျိုးသားတွေဟာ ဖက်ရှင်နဲ့ပက်သတ်ပြီး အချိန်အများကြီးပေးလေ့ မရှိကြဘူး။ ဒါကြောင့် သူတို့တွေက တခါတလေ ဖက်ရှင်နဲ့ပက်သတ်ပြီး အလွဲလေးတွေ လုပ်တတ်ကြတယ်။ ဒီနေ့ kwee page က အမျိုးသားအများစု လုပ်တတ်လေ့ရှိကြတဲ့ ဝတ်စားဆင်ယင်မှု အလွဲလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။

ပါးလွှာတဲ့ ဆွယ်တာအောက်မှာ ကြယ်သီးပါတဲ့ ရှပ်အင်္ကျီ ဝတ်ဆင်တာ

Source: Bright Side

ဆွယ်တာနဲ့ ကြယ်သီးပါတဲ့ ရှပ်အင်္ကျီ ဝတ်ဆင်တာ ဘာအမှားမှ မရှိပါဘူး။ အဓိကပြဿနာက ဆွယ်တာက ပါးနေတာပါပဲ။ ဆွယ်တာပါးပါးလေးအောက်မှာ အထဲက ကြယ်သီးတွေအပြင် ရှပ်အင်္ကျီ တွန့်နေတာတွေ အကုန်မြင်နေရမှာပါ။ ဒါကဆွယ်တာကို ဟောင်းနွမ်းစုတ်ပြတ်နေသလို ဖြစ်စေပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ကလွယ်ပါတယ်။ ထူတဲ့ ဆွယ်တာကို ရှာဝယ်ပါ။ ပြီးတော့ ရှပ်အင်္ကျီနဲ့ ဆွယ်တာကို ဆိုင်မှာကတည်းက တွဲဖက်ဝတ်ဆင်ကြည့်ဖို့လည်း လိုအပ်ပါတယ်။

ရှုးဖိနပ်ကို ခြေအိတ်မဝတ်ဘဲစီးတာ

Source: Man of Many

ကမ်းခြေမှာ စီးတဲ့ ရှုးဖိနပ်နဲ့ ကြိုးသိုင်းရှုးဖိနပ်တွေက လွဲရင် ကျန်တဲ့ရှုးဖိနပ်တွေအားလုံးနီးပါးဟာ ခြေအိတ်မပါပဲနဲ့ စီးတာက ကြည့်ရတာ အဆင်မပြေပါဘူး။ ရှုးဖိနပ် စီးတဲ့အခါမှာ ခြေထောက်က ချွေးထွက်ပြီး ဖိနပ်ကိုပျက်စီးစေတဲ့အပြင် အနံဆိုးတွေ ထွက်စေပါတယ်။

ဒါကြောင့် ရှုးဖိနပ်စီးမယ်ဆိုရင် ခြေအိတ်ဝတ်ဆင်ဖို့လိုအပ်ပါတယ်။ တကယ်လို့ ခြေအိတ်ကို မမြင်စေချင်ဘူးဆိုရင် ခြေမျက်စီဖုံး ခြေအိတ်တွေကို ရွေးချယ်ဝတ်ဆင်လို့ ရပါတယ်။

V-neck တီရှပ်တွေ

Source: AliExpress

V-neck တီရှပ်တွေဝတ်တာက ယောက်ကျားလေးအများစု လုပ်မိနေတဲ့ အမှားကြီးတစ်ခုပါပဲ။ နာမည်ကျော်ကြားတဲ့သူ မဟုတ်ဘူးဆိုရင်တော့ ဒီလို တီရှပ်တွေဝတ်ခြင်းမှာ ရှောင်ရှားကြဖို့ အကြံပေးပါရစေ။ တကယ်လို့ ပူပြင်းတဲ့ နွေရာသီမှာ ယောကျာ်းဆန်ဆန်ဝတ် ချင်တယ်ဆိုရင် ချည်နဲ့ပြုလုပ်ထားတဲ့ တီရှပ်တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

အင်္ကျီ ထိပ်ဆုံးကြယ်သီး တပ်ဆင်ခြင်း

Source : Namshi Bahrain

အမျိုးသမီးတွေရဲ့အာရုံကို ဖမ်းစားချင်နေတယ်ဆိုရင်တော့ ရှပ်အင်္ကျီထိပ်ဆုံးကြယ်သီးကို မတပ်ပါနဲ့။ ထိပ်ဆံးကြယ်သီးမတပ်ခြင်းက သင့်ကို ပိုပြီးခန့်ညားစေပါတယ်။ ဒါပေမယ့်အလွန်အကျွန် မလုပ်ဖို့တော့ လိုအပ်ပါနဲ့။ တချို့တွေက ဒုတိယ ကြယ်သီးပါ ဖြုတ်ပြီး ဝတ်ဆင်ကြတာတွေရှိပါတယ်။ ကိုယ်က နိုက်ကလပ် မှာရောက်နေတာမဟုတ်ဘူးဆိုရင်တော့ ဒါမျိုးမလုပ်ပါနဲ့။ အကြည့်ရဆိုးပါတယ်။ ထိပ်ဆုံးကြယ်သီးကိုတော့ မတပ်မနေရအခြေအနေရောက်မှ တပ်ဖို့ အကြံပေးချင်ပါတယ်။