ယောင်္ကျားလေးတွေဟာ အရပ်ရှည်မှ ကြည့်ကောင်းတာပါ။ ဒါကြောင့်ပဲ အရပ်ရှည်အောင် လေ့ကျင့်ခန်းတွေလုပ် ၊ အစားရွေးစားတာတွေ လုပ်ကြပါတယ်။ တကယ်ပဲ ဒီလိုလုပ်တာတွေက ထိရောက်ရဲ့လား။ အသက် ၁၈ နှစ်ကျော်ရင်ရော အရပ်ထပ်ရှည်လာဦးမလား။

Photo: talkingaboutmenshealth

နံပါတ်တစ်အချက်အနေနဲ့ ပြောရမှာက အသက် ၁၈ နှစ်ကျော်ရင် အရပ်ထပ်ရှည်ဖို့က မဖြစ်နိုင်သလောက်ပါပဲလို့ ဆေးသုတေသနတွေက ဆိုပါတယ်။ အစာအာဟာရနဲ့ လေ့ကျင့်ခန်းတွေ လုပ်ယူရင်တောင် အသက် ၁၈ နှစ်ကျော်ရင် အရပ်ထပ်ရှည်ဖို့ မလွယ်ပါဘူး။ အကြောင်းက Growth Plates လို့ခေါ်တဲ့ အရပ်ထပ်ရှည်အောင် ပံ့ပိုးပေးမယ့် နေရာတွေက ကြီးထွားမှုတန့်ကုန်လို့ ဖြစ်ပါတယ်။

နောက်တစ်ချက်က သင့်ရဲ့ မျိုးရိုးဗီဇပါ။ DNA Sequence ဖြစ်စဉ်ဟာ သင့်အရပ်အမောင်း ရှည်ခြင်း / ပုခြင်းအပေါ် ၈၀% လွှမ်းမိုးမှု ရှိပါတယ်။ နောတစ်ခုက ဟော်မုန်း ဖြစ်ပါတယ်။ သင့်အရပ်အမောင်းကို Growth Hormone (GH) ၊ Thyroid Hormone နဲ့ အီစထရိုဂျင် ၊ တက်စတိုစတီရုန်း စတဲ့ Sex Hormones သုံးမျိုးက အဓိက သက်ရောက်မှု ရှိပါတယ်။

ကြီးကောင်ဝင်မှုကလည်း လူရဲ့ အရပ်အမောင်း ရှည်မရှည်ကို ဆုံးဖြတ်ပေးပါတယ်။ ကြီးကောင်ဝင်မှု စောပြီး ကာလကြာရင် အရပ်ပိုရှည်ပါတယ်။ ကြီးကောင်ဝင်ချိန်မှာ အစာအဟာရနဲ့ လေ့ကျင့်ခန်း မှန်ကန်ရင်လည်း လူကောင်ထွားပြီး အရပ်အမောင်းထွက်ပါတယ်။ အာဟာရဓါတ်အနေနဲ့ သံဓါတ် ၊ အိုင်အိုဒင်း ၊ ဖောလိတ် နဲ့ ကယ်လ်ဆီယံဖြည့်စွက်အစာတွေ စားတာက အရွယ်ရောက်ချိန် အရပ်ပိုရှည်အောင် ကူညီပေးနိုင်ပါတယ်။

Photo: Freepik

အားကစားအနေနဲ့ ရေကူးတာ ၊ ပြေးတာ ၊ Pull-ups ဆွဲတာ ၊ စက်ဘီးစီး ၊ ဘောလုံးကန်အားလုံးက အရပ်အမောင်းကို အများကြီး ရှည်အောင် ပံ့ပိုးပေးပါတယ်။ တစ်ည အနည်းဆုံး ၇ နာရီအိပ်တာ ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်တာနဲ့ အားကစားသမားတွေဆို သိသာပါတယ်။ တစ်ချို့ဆို တက်ကြွမှန်ကန်တဲ့ Lifestyle နဲ့ နေထိုင်လို့ ကြွက်သားနဲ့ အရိုးတွေ ပိုကျစ်လျစ်မာကြောလာလို့ အရပ်ပိုထွက်လာသ‌ယောင်တောင် ထင်ရပါတယ်။