အသားမစားတဲ့ သားသတ်လွတ်သမားတစ်ယောက်အနေနဲ့ ကြွက်သားအားကောင်းဖို့ ခက်မယ်လို့ ထင်ကြပါတယ်။ တကယ်တော့ အသားငါးတွေ စားတဲ့ အဓိက အကြောင်းရင်းတစ်ခုက ပရိုတိန်းလို့ ခေါ်တဲ့ အသားဓါတ်ကြွယ်ဝမှု မြင့်လို့ ဖြစ်ပါတယ်။ သားသတ်လွတ်သမား Vegan တစ်ယောက်အနေနဲ့လည်း ပရိုတိန်းပါတဲ့ အစားအစာတွေ စားနိုင်ရင် Muscle Building လုပ်တာ အဆင်ပြေပါတယ်။

ကြွက်သားတည်ဆောက်ရာမှာ အရေးကြီးဆုံးအချက် သုံးချက် ရှိပါတယ်။ လေ့ကျင့်ခြင်း Training ၊ အာဟာရဓါတ် Nutrition နဲ့ အားမွေးခြင်း Recovery ပဲ ဖြစ်ပါတယ်။ Vegan တစ်ယောက်အနေနဲ့ ကိုယ်လုံးကိုယ်ပေါက် ထွက်လာအောင် ဘယ်လိုလုပ်သင့်သလဲ ကြည့်ရအောင်ပါ။

(၁) ပရိုတိန်းပြည့်တဲ့ အသီးအရွက် စားပါ

Photo: Pexels

အသီးအရွက်တွေထဲမှာလည်း ပရိုတိန်းဓါတ်ကြွယ်ဝတဲ့ အသီးအရွက်တွေ ရှိပါတယ်။ စပီရူလိုင်းနား ရေညှိ ၊ မြေပဲ ၊ ပဲတောင့်ရှည် ၊ ၊ တိုဖူး ၊ အယ်လ်မွန်စေ့ နဲ့ ပဲတီစိမ်းတို့ ဆိုရင် ပရိုတိန်းမြင့်တယ်လို့ နာမည်ကြီးပါတယ်။ Whole Food လို့ ခေါ်တဲ့ ပြုပြင်စီမံထားခြင်း မရှိတဲ့ အသီးအနှံ လတ််လတ်ဆတ်ဆတ်တွေဟာ စွမ်းအင်နဲ့ နလန်ထခြင်းအတွက် အလွန်သင့်လျော်ပါတယ်။

(၂) ကာဗွန်ဟိုက်ဒရိတ်စားဖို့ မကြောက်ပါနဲ့

Photo: Pexels

ကာဗွန်ဟိုက်ဒရိတ်ဟာ လှုပ်ရှားသွားလာမှုအားလုံးအတွက် မရှိမဖြစ် အရေးပါတဲ့ စွမ်းအင်ထုတ်ပေးပါတယ်။ Carbs နည်းရင် ကြွက်သားတည်ဆောက်မှု ထိရောက်မှာ မဟုတ်ပါဘူး။ တစ်နေ့တာ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၄၅% ကနေ ၆၀% အထိ ကာဗွန်ဟိုက်ဒရိတ်ပါပါစေ။ ကာဗွန်ဟိုက်ဒရိတ်မြင့်တဲ့ အစားအစာတွေကတော့ ဆန် ၊ ပေါင်မုန့် ၊ ကွေကာ ၊ ပါစတာ ၊ နွားနို့ ၊ ဒိန်ချဉ်နဲ့ အာလူးတွေ ဖြစ်ပါတယ်။

(၃) ပရိုတိန်း အစားထိုး အာဟာရသုံးပါ

Photo: successiblelife

ပရိုတိန်းပေါင်ဒါတစ်ခွက်ဟာ တစ်နေ့တာ လိုအပ်တဲ့ ပရိုတိန်းဓါတ် ဖြည့်စွက်နိုင်ပါတယ်။ ပရိုတိန်းရှိတ်ခ်တွေထဲမှာ Soy Protein Shake မျိုး ရွေးသင့်ပါတယ်။ နောက်တစ်ခုက ကြွက်သားစွမ်းအင် ဖြစ်စဉ်မှာ မရှိမဖြစ် အရေးပါတဲ့ Creatine အတွက်လည်း ဖြည့်စွက်အစာ စားပေးသင့်ပါတယ်။ Creatine ဟာ ခံနိုင်ရည်နဲ့ သက်လုံကောင်းအောင် လေ့ကျင့်နေချိန်အတွင်း ကိုယ်တွင်းစွမ်းအင်ကို မြှင့်တင်ပေးနိုင်လို့ ဖြစ်ပါတယ်။

(၄) အစားအသောက် အမျိုးစုံပါစေ

Photo: Pexels

အသားရှောင်ပေမယ့်လည်း Macro လို့ ခေါ်တဲ့ အာဟာရအုပ်စု ၃ မျိုး စုံလင်အောင် စားပေးဖို့တော့ လိုပါတယ်။ Macro မှာ ကာဗွန်ဟိုက်ဒရိတ် ၊ ပရိုတင်းနဲ့ အဆီဓါတ် ပါဝင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ တစ်နေ့တာ စားလိုက်တဲ့ အာဟာရထဲမှာ ဇီဝကမ္မဖြစ်စဉ်အတွက် အရေးကြီးလှတဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓါတ်တွေ ပါရှိဖို့ သတိပြုပါ။
ဒီလိုမျိုး အစားအသောက်နဲ့ ပြုပြင်မယ်ဆိုရင် ကိုယ်လုပ်နေတဲ့ ကြွက်သားတည်ဆောက်မှုဟာ ပိုပြီး သိသိသာသာ တိုးတက်လာမှာ ဖြစ်ပါတယ်။