တက်တူးတွေဟာ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုလက္ခဏာပါ။ ရှေးလူသားတွေ ဂူနံရံမှာ ဆေးရေးခြယ်ခဲ့သလို တက်တူးတွေဟာ လူတစ်ယောက်ရဲ့ အရေပြားပေါ်က သမိုင်းပန်းချီကားတွေလည်း ဖြစ်ပါတယ်။ တက်တူးနဲ့ ပတ်သက်ပြီး ဒီနေ့ခေတ် နာမည်ကြီး ပုဂ္ဂိုလ်တွေထဲမှာ ထင်ရှားတဲ့တစ်ယောက်က ကမ္ဘာကျော် ဘောလုံးသမားလည်း ဖြစ်တဲ့ ဒေးဗစ်ဘက်ဟမ်းပါ။
ဘက်ဟမ်းဟာ တက်တူးခရေဇီတစ်ယောက် ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်နှစ်ကအထိ သူ့ခန္ဓာကိုယ်မှာ အနည်းဆုံး တက်တူး ၅၀ ကျော် ရှိထားတာပါ။ ဘက်ဟမ်းရဲ့ ကိုယ်ပေါ်က ၅ ဒါဇင်ကျော်ရှိတဲ့ တက်တူးတွေထဲမှာ အလန်းဆုံးတက်တူးတွေ ပြောရမယ်ဆိုရင် အခုပြောတဲ့ တက်တူးတွေပဲ ဖြစ်မှာပါ။
(၁) Solar System

Photo: fashionbeans
ခေါင်းပေါ်က ဦးရေပြားမှာ ထွင်းထားတဲ့ ဘော်ဒီအတ် ဖြစ်ပါတယ်။ နေစကြဝဌာရဲ့ ပုံဟာ ဆံပင်ဘေးသားတွေ အပြောင်ညှပ်လိုက်ချိန်မှာ ပိုပြီး ကြွလာတာ မြင်ရမှာပါ။
(၂) The Rose

Photo: fashionbeans
သမီးလေး ဟာပါရဲ့မွေးနေ့မှာ ဘက်ဟမ်းဟာ သူ့လည်ပင်းညာဘက်နားမှာ Pretty Lady နဲ့ Harper ဆိုပြီး စာထွင်းခဲ့ပါတယ်။ ဒီစာနဲ့တင် အားမရလို့ သူဟာ နှင်းဆီပွင့်အကြီးတစ်ပွင့်ရဲ့ ပုံကို Pretty Lady စာ့အပေါ်ဘက်မှာ ရေးထွင်းထားပါတယ်။
(၃) Roman Numerals

Photo: fashionbeans
ဘက်ဟမ်းရဲ့လက်မောင်းလက်ဖျံမှာ ဂဏန်းနံပါတ် ၇ ကို ထိုးထားပါတယ်။ ဒါကတော့ သူ့ရဲ့ အင်္ဂလန်နဲ့ မန်ချက်စတာအသင်းမှာ ဝတ်ဆင်ခဲ့တဲ့ နံပါတ်နဲ့ အတူတူပါပဲ။ ရိုးရိုးဂဏန်းတွေထဲမှာ နာမည်ကြီးတာက သူ့ရဲ့ ညာဘက်လက်သန်းပေါ်က 99 ဆိုတဲ့ ဂဏန်းနဲ့ ဘယ်ဘက်နံရိုးပေါ်က သူ့မွေးနေ့ဖြစ်တဲ့ 1975 တို့ပဲ ဖြစ်ပါတယ်။
(၄) The Jesus and The Three Cherubs

Photo: fashionbeans
ယေရှုခရစ်တော်နဲ့ နတ်သူငယ်သုံးပါးရဲ့ပုံဟာ ဘက်ဟမ်းရဲ့ Body Art ထဲမှာ နာမည်ကျော်တဲ့ တက်တူးဒီဇိုင်းတွေ ဖြစ်ပါတယ်။ကျောဘက်မှာလည်း The Guardian Angel နတ်ရုပ်ရေးဆွဲထားပါတယ်။
(၅) The Victoria

Photo :fashionbeans
ဘက်ဟမ်းရဲ့ ခန္ဓာကိုယ်မှာ သူ့ကလေးတွေနဲ့ ချစ်ဇနီး ဗစ်တိုးရီးယားအတွက် နေရာရှိပါတယ်။ ဗစ်တိုးရီးယားနာမည်ကို သင်္သေကရိုက်ဘာသာနဲ့အပြင် ၆ လက်မအရွယ် ဗစ်တိုးရီးယားပုံကို သူ့အကြိုက်ဆုံး Brigitte Bardot စတိုင်ပုံနဲ့ ရေးထားတာပါ။ နောက်ထပ် လျှို့ဝှက်ချက်ပါတဲ့ တက်တူးတစ်ခုက တောထဲက မိန်းမပျို (Lady In A Forest) ဆိုတာပါပဲ။
ပြောခဲ့တဲ့အတိုင်း ဒေးဗစ်ဘက်ဟမ်းမှာ တက်တူးအများကြီး ရှိပါတယ်။ တက်တူးတိုင်းစီမှာ အဓိပ္ပါယ်တစ်ခုစီနဲ့ ရှိထားပြီး တက်တူးတွေဟာ သူ့ရဲ့ မှတ်ဉာဏ်ကို နှိုးဆွပေးတဲ့ မှတ်ဉာဏ်ခေါ်ပစ္စည်းအဖြစ် ရှိနေမှာပါ။
