အများပြည်သူသုံးသန့်ရှင်းခန်းတွေက သွားလည်လို့ကောင်းတဲ့နေရာမဟုတ်တာတော့အမှန်ပါ။ သန့်ရှင်းခန်းရဲ့ တံခါးက ဘာလို့ကြမ်းပြင်အထိ ထိမနေရတာလဲဆိုတာကို လူတော်တော်များများသိချင်ကြတယ်။ ဘာလို့ တိတ်တဆိတ် လုပ်ရမယ့်ကိစ္စ လူသိရှင်ကြားလုပ်ရတာလဲ။ ဒီလို တံခါးနဲ့ကြမ်းပြင် မထိရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဒါက လူတစ်ယောက်ကို အရှက်ရစေလိုတဲ့ သဘောမျိုးနဲ့ ပြုလုပ်ထားတာမဟုတ်ပါဘူး။ ဒီနေ့ kwee က အများပြည်သူသုံးသန့်ရှင်းခန်းတွေရဲ့တံခါးများ ကြမ်းပြင်သို့မထိရတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးသွားမှာပါ။

သန့်ရှင်ရေးလုပ်ဖို့လွယ်ကူတယ်

အများပြည်သူသုံးသန့်ရှင်းခန်းတွေဟာ အသုံးပြုမူများပြားတာကြောင့် နေ့စဉ်သန့်ရှင်းရေးကို အကြိမ်များစွာလုပ်ဖို့ လိုအပ်ပါတယ်။ သန့်ရှင်းခန်းတံခါးအောက်က လွတ်နေတဲ့ နေရာကနေ သန့်ရှင်းရေးလုပ်တာဟာ လူတွေအတွက် ပိုမိုလွယ်ကူမြန်ဆန်စေပါတယ်။

မတော်တဆတစ်ခုခုဖြစ်ခဲ့ရင် အကူအညီရလွယ်တယ်

အလုံပိတ် သန့်ရှင်းခန်းတွေထဲမှာ တစ်ယောက်ယောက်က သတိလစ်မေ့မြောနေတာ (သို့) ကျန်းမာရေးပြဿနာ တစ်ခုခုဖြစ်ပြီး အပြင်မထွက်နိုင်တာတွေ ဖြစ်ခဲ့ရင် လူတွေသတိပြုမိဖို့ ခတ်ပါလိမ့်မယ်။ အများပြည်သူသုံးသန့်ရှင်းခန်းတွေမှာတော့ အထဲမှာ တယောက်တယောက် သတိလစ်မေ့မြောနေတာတွေဖြစ်ခဲ့မယ်ဆိုရင် အလွယ်တကူသိနိူင်ပြီး အကူအညီပေးနိုင်ပါတယ်။ ပြီးတော့ တံခါးအောက်ကနေ ဝင်သွားပြီး တံခါးလော့ကို ဖွင့်နိုင်ပါတယ်။ တံခါးကို ရိုက်ဖျက်စရာမလိုအပ်ပါဘူး။

မဖွယ်မရာလုပ်တာတွေကို တာဆီးနိုင်တယ်

သန့်ရှင်းခန်းဟာ အလုံပိတ်မဟုတ်တာကြောင့် လူတွေအထဲမှာ မလုပ်သင့်တာတွေလုပ်နေရင် တားဆီးရလွယ်ကူပါတယ်။ ဒီလို အလုံပိတ်မလုပ်ထားခြင်းက လူတွေအထဲမှာ မဟုတ်တာတွေ လုပ်ခြင်းမှတားဆီးရာ ရောက်ပါတယ်။

ဈေးပေါတယ်

အကယ်၍ သန့်ရှင်းခန်းတံခါးကို ကြမ်းပြင်အထိ ထိအောင်ပြုလုပ်မယ်ဆိုပါက ပစ္စည်းကိရိယာတွေ ပိုမိုလိုအပ်ပြီး ကုန်ကျစရိတ် များပြားနိူင်ပါတယ်။ ဒါကြောင့် အိမ်သာတံခါးတွေ အလုံပိတ်မတပ်ဆင်ခြင်းက စီးပွားရေးသမားတွေအတွက် အကုန်အကျ သက်သာစေပါတယ်။

အနံ့အသက်တွေ မြန်မြန်ထွက်သွားစေတယ်

အလုံပိတ် သန့်ရှင်းခန်းတွေက အနံ့တွေ လွယ်လွယ်ကူကူ မပျောက်နိုင်ကြဘူး။ အလုံပိတ်မဟုတ်တဲ့ သန့်ရှင်းခန်းတွေကျတော့ အနံ့အသက်ဆိုးတွေ မြန်မြန်ပျောက်ကွယ်သွားနိုင်ပါတယ်။

ဘယ်သန့်ရှင်းခန်းအားလဲဆိုတာ လွယ်ကူစွာသိနိုင်တယ်

အလုံပိတ်အိမသာတွေမှာ ဘယ်အခန်းကအားလဲဆိုတာ မသိရတာကြောင့် မကြာခဏ တံခါးတွေ ခေါက်ရတာ လုပ်ရပါတယ်။ တစ်ခါတစ်လေ အခန့်မသင့်ရင် အရှက်ရစရာအဖြစ်အပျက်တွေနဲ့ ကြုံရတတ်ပါတယ်။ အလုံပိတ်မဟုတ်တဲ့ အခန်းတွေကျတော့ ဘယ်တစ်ခန်းကအားလဲဆိုတာကို လွယ်လွယ်ကူကူပဲ သိနိုင်ပါတယ်။

အိမ်သာသုံးစက္ကူတွေ လွယ်လွယ်မျှသုံးနိုင်မယ်

အိမ်သာတတ်နေရင်း စက္ကူကုန်သွားခြင်းက လူတွေအတွက် တကယ့်ကို ခေါင်းခဲစရာပြဿနာတစ်ခုပါ။ ဒါပေမယ့် အလုံပိတ်အခန်းတွေမဟုတ်တဲ့ သန့်ရှင်းခန်းတွေမှာကျတော့ တဖက်အခန်းမှာလူရှိနေရင် စက္ကူအနည်းငယ် မျှဖို့အတွက် အကူအညီတောင်းနိုင်ပါတယ်။ အလုံပိတ် သန့်ရှင်းခန်းတွေမှာ ဒါမျိုးလုပ်လို့ မရပါဘူး။

Source: Bright Side