ဖိနပ်တစ်ရံဟာ သင့်ခြေထောက်ရဲ့ ချပ်ဝတ်တန်ဆာတစ်ခုပါ။ ခြေထောက်ကို အလုပ်အများဆုံးပေးရတဲ့ Running Shoes တွေဆို ဒီအချက်က ပိုအရေးကြီးပါတယ်။ ပေါ့ပေါ့ပါးပါး အပြေးလေ့ကျင့်ခန်း ကစားချင်သူတွေအတွက် Running Shoe တစ်ရံဝယ်ဖို့ စဉ်းစားထားရင်း အခုပြောမယ့် အချက်တွေ သိထားဖို့ လိုပါတယ်။

(၁) အမျိုးအစား မှန်ပါစေ

Photo: mensopedia

Running Shoes ဟာ Sneaker နဲ့ မတူပါဘူး။ ထပ်တလဲလဲ လှုပ်ရှားမှုတွေကြောင့် ထိခိုက်ဒဏ်ရာမဖြစ်အောင် အထူးကူရှင်စနစ်တွေ သုံးထားပြီး လွယ်ကူသက်သာစွာနဲ့ အရှေ့ကို ရွှေ့လျားနိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။ ဒီတော့ Running Shoes တွေ ဝယ်မယ်ဆိုရင် Liner Motion အတွက် ဒီဇိုင်းထုတ်ထားတဲ့ ဖိနပ်မျိုးပဲ ရွေးဝယ်ရမှာပါ။ အပြေးလေ့ကျင့်ခန်းဖိနပ်ဖြစ်လို့ ပိုပြီး အကြမ်းခံဖို့ပါ စဉ်းစားရမှာ ဖြစ်ပါတယ်။

(၂) အလေးချိန် ပေါ့ပါစေ

Photo: runsprintmarathon

အပြေးဖိနပ် ဝယ်မယ်ဆိုရင် Lightweight Shoes တွေ ဖြစ်ဖို့ လိုပါတယ်။ ဖိနပ်က အရမ်းမလေးတော့ ထိခိုက်ဒဏ်ရာရမှု နည်းပြီး ပြေးလို့လည်း ကောင်းမှာပါ။ အရေးကြီးတာက အပြေးဖိနပ်ဟာ ကိုယ့်ရဲ့ ပြေးနှုန်းကို အရှိန်မြှင့်တင်မယ့် အဖော်တစ်ယောက်လို ဖြစ်နေဖို့ ပါပဲ။

(၃) Fit ဖြစ်တာ ရှာပါ

Photo: thewirecutter

ခြေထောက်ပေါက်တယ်ဆိုတာ ဖိနပ်နဲ့ ခြေထောက် မကိုက်လို့ပါ။ ကိုယ်နဲ့ Fit ဖြစ်တဲ့ ဖိနပ်ဆိုတာ စီးလိုက်ချိန်မှာ ဖနောင့် ၊ ဖမိုးနဲ့ ခြေချောင်းတွေကို ဒုက္ခမပေးတဲ့ ဖိနပ်အမျိုးအစားကို ပြောတာ ဖြစ်ပါတယ်။

(၄) သုံးထားတဲ့ ပစ္စည်းစဉ်းစားပါ

Photo: Forbes

Running Shoes မှာ သုံးတဲ့ ချည်ဟာ ပေါ့ပါးရပါမယ်။ သက်သာချောင်ချိပြီး လေဝင်လေထွက်ရှိနေရပါမယ်။ အကြမ်းခံရပါမယ်။ အောက်ခံပြား Sole ဟာ Foam Sole ပုံစံ နူးညံ့ပြီး ထိခိုက်ဒဏ်ရာမဖြစ်အောင် ကောင်းကောင်းကာကွယ်နိုင်ရပါမယ်။ အောက်ကပွိုင့်တွေတွေဟာ ကုတ်အားကောင်းပြီး ပြေးလိုက်တိုင်း လူကို အရှေ့ တွန်းပို့နေသလို ပံ့ပိုးပေးနေရပါမယ်။

(၅) ဈေးနှုန်း

Photo: CBS Los Angeles

အရည်အသွေးမြင့်တဲ့ ဖိနပ်စီးရတာ ကောင်းပါတယ်။ ဒီလိုပြောလို့ ဈေးကြီးကြီးတွေ ဝဘ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မြန်မာငွေ ၁ သိန်း ၁ သိန်းခွဲထဲမှာဆိုရင် အရည်အသွေးမြင့်တဲ့ အပြေးဖိနပ်တွေ ရှိပါတယ်။ ဒီထက် ဈေးနည်းပေမယ့်လည်း စီးရတာ တန်တဲ့ ဖိနပ်တွေ ရှိပါတယ်။ အရေးကြီးတာက ကိုယ်သုံးမယ့် အနေအထားနဲ့ တန်မတန်ကို ချင့်ချိန်ဖို့ပါ။