အလုပ်သစ် ရှာတယ်ဆိုတာ ခက်ပါတယ်။ သင့်ရဲ့ Resume မှာ သင့်ကို အင်တာဗျူးမယ့်သူ စိတ်ဝင်စားစရာ အချက်တွေ မပါရင် ပိုခက်ပါလိမ့်မယ်။ Resume ကောင်းတစ်ခုဟာ အချက်အလက် ပြည့်စုံပြီး သက်ဆိုင်ရာအတွေ့အကြုံကောင်းတွေနဲ့ ပရောဂျက်တွေအကြောင်းကို ထိထိရောက်ရောက် ဖော်ပြနိုင်ဖို့အပြင် သင်တတ်ကျွမ်းထားတဲ့ ပညာအရည်အချင်းတွေအကြောင်းပါ ထည့်သွင်းပြနိုင်မှ ပြည့်စုံမှာပါ။
Resume တစ်ခုမှာ ပါသင့်တဲ့ ပညာအရည်အချင်းထဲမှာ သင်တက်ခဲ့တဲ့ ကျောင်းနဲ့ ယူခဲ့တဲ့ ဘွဲ့အပြင် အသက်မွေးမှုအတွက် သင်ယူထားတဲ့ Skills သစ်တွေအကြောင်းပါ ဖော်ပြနိုင်မှ မျက်နှာပန်းလှတဲ့ Resume ကောင်းတစ်ခု ဖြစ်မှာပါ။ အောက်မှာ ပြောထားတဲ့ Skills တွေက သင့် Resume ကို လုံးဝ Eye-Catching ဖြစ်စေဖို့ အထောက်အကူပေးတဲ့အပြင် သင်လျှောက်ထားတဲ့ အလုပ်သစ်ရဖို့ပါ သေချာစေနိုင်ပါတယ်။
(၁) အခြေခံ ကွန်ပျူတာ Skills များ
Photo: Freepik
Microsoft Office ဆော့ဖ်ဝဲလ်စီးရီးလောက် သုံးတတ်ပြုတတ်ဖို့ လိုပါတယ်။ အခြေခံရုံးသုံး ကွန်ပျူတာ Skills တွေ ဖြစ်တဲ့ Microsoft Word , Excel , PowerPoint နဲ့ Google services တွေ ဘယ်လိုသုံးရမလဲ သိဖို့ လိုပါတယ်။
ဒီ Skills တွေအပြင် ဓါတ်ပုံပြင်တာ ၊ ဒီဇိုင်းနေရာချတာတွေအတွက် Adobe Photoshop နဲ့ Graphic Design ပညာရပ်တွေလည်း တတ်ဖို့ လိုပါတယ်။ ဒီပညာတွေက အပြင်သင်တန်းတက်စရာ မလိုဘဲ အွန်လိုင်းကနေလည်း လေ့လာနိုင်တဲ့ အတတ်ပညာတွေ ဖြစ်ပါတယ်။
(၂) Soft Skills

Photo: Freepik
အလုပ်ခေါ်စာတိုင်းမှာ အဖွဲ့နဲ့ လက်တွဲလုပ်နိုင်သူ ၊ ဆက်ဆံရေး ပြေပြစ်သူ ၊ ဖိအားဒဏ်ခံနိုင်သူ ၊ ပြဿနာဖြေရှင်နိုင်သူ ၊ စကားအပြောအဆို ချိုသာပြီး စိတ်ရှည်သူ ဖြစ်ရမယ် စသည်ဖြင့် သတ်မှတ်ထားတာတွေ ရှိပါတယ်။ ဒါတွေဟာ Soft Skills တွေ ဖြစ်ပြီး ဘယ်အလုပ်မှာမဆို လိုအပ်တဲ့ အရာ ဖြစ်ပါတယ်။ Soft Skills တွေဟာ လူမှုပညာလို့ ဆိုနိုင်ပြီးအောင်မြင်တဲ့ လုပ်ငန်းခွင်နဲ့ ထိရောက်ပြီး စုစည်းမှုရှိတဲ့ Team တစ်ခုအတွက် အရေးပါတဲ့ ပင်မထောက်တိုင်တွေလည်း ဖြစ်ပါတယ်။
(၃) ဘာသာစကားစွမ်းရည်

Photo: Freepik
သင်လျှောက်တဲ့ အလုပ်က ကြီးလေလေ သင့်မှာ နိုင်ငံတကာနဲ့ တန်းညှိနိုင်တဲ့ Skills ရှိဖို့ လိုအပ်လေလေပါပဲ။ အနည်းဆုံးတော့ သင်ဟာ နိုင်ငံတကာသုံး ဘာသာစကားနဲ့ ဆက်သွယ်လို့ ရနိုင်သူ ဖြစ်ဖို့ လိုပါတယ်။ ဒီဘက်ခေတ်မှာ နိုင်ငံတကာသုံး ဘာသာစကားအနေနဲ့ အင်္ဂလိပ်စာအပြင် တစ်ခြားဘာသာစကားတစ်မျိုးမျိုးလည်း သင်ထားတာ အကောင်းဆုံးပါပဲ။
(၄) ပရော်ဖက်ရှင်နယ် Skill

Photo: Pexels
သင်လျှောက်မယ့်အလုပ်ဟာ သင့်ကျွမ်းကျင်မှုနဲ့ တစ်ထပ်တည်း ကျဖို့ လိုပါတယ်။ ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ သူတတ်မြောက်တဲ့ အတတ်ပညာနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ Skills တွေ ရှိထားရပါမယ်။ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာအဖြစ် အလုပ်လျှောက်သူဟာ Windows ၊ macOS ၊ iOS နဲ့ Android ပိုင်းပရိုဂရမ်နဲ့ app သစ်တွေ ဖန်တီးတဲ့ အတွေ့အကြုံကောင်းတွေ ရှိထားဖို့ လိုသလို Computer Architecture ၊ OS နဲ့ ဒေတာတည်ဆောက်ပုံတွေကိုလည်း နားလည်ကျွမ်းကျင်နေရမှာပါ။
ဒီ Skills တွေ ပါရှိတဲ့ Resume တစ်စောင်ဟာ ကိုယ်ရှာနေတဲ့ အလုပ်ရဖို့အတွက် အရေးပါဆုံး ခလုတ်တွေ ဖြစ်လာပါလိမ့်မယ်။
