Workout လုပ်ပေမယ့် ကိုယ်မှန်းသလောက် ဖြစ်မလာတာတွေလည်း ရှိနိုင်ပါတယ်။ တစ်ချို့ကတော့ ကစားတဲ့ နည်းစနစ်နဲ့ ဆိုင်ပါတယ်။ တစ်ချို့က အစားအသောက် ၊ တစ်ချို့က အနေအထိုင် စသည်ဖြင့် အကြောင်းရင်းတွေ ရှိတတ်ပါတယ်။ တစ်ခါတစ်လေမှာ Workout လုပ်ပြီးတဲ့နောက် လုပ်တတ်တဲ့ အမှားတစ်ချို့ကြောင့်လည်း အားကစားလုပ်ပေမယ့် မထိရောက်တာ ဖြစ်နိုင်ပါတယ်။

(၁) အကြောမလျှော့ခြင်း

Photo: mensfitness

Workout ပြီးတိုင်း ကြွက်သားတွေ ပြေလျော့အောင် အကြောလျှော့ပေးဖို့ လိုပါတယ်။ အကြောလျှော့လေ့ကျင့်ခန်းဟာ ပင်ပန်းမှုကနေ အမြန်သက်သာစေသလို ကြွက်သားတွေဖွံ့ဖြိုးဖို့အတွက်လည်း ကူညီနိုင်ပါတယ်။

(၂) Cardio အလွန်အကျွံလုပ်ခြင်း

Photo: daman

Weight Training ကစားပြီးCardio ကိူ အများဆုံး နာရီဝက်ထက် ပိုမဆော့သင့်ပါဘူး။ Belly ကစားလွန်းတာဟာ ဇီဝကမ္မပိုင်းနဲ့ ဟော်မုန်းဖြစ်စဉ်ပါ ထိခိုက်နိုင်လို့ ဖြစ်ပါတယ်။ အကောင်းဆုံးက Cardio နဲ့ Weight Training ကို ၅ နာရီခြား ကစားသင့်ပါတယ်။

(၃) အချိန်အကြာကြီး နေမှ အစာစားခြင်း

Photo: everydayhealth

ပြင်းထန်တဲ့ အားကစားလေ့ကျင့်ခန်းတွေ လုပ်ပြီးတာနဲ့ ခန္ဓာကိုယ်ဟာ ကာဗွန်ဟိုက်ဒရိတ်နဲ့ အမိုင်နိုအက်ဆစ်လိုမျိုး အာဟာရဓါတ်တွေ လိုအပ်လာပါတယ်။ ခန္ဓာကိုယ်ဟာ ပျက်စီးသွားတဲ့ ကြွက်သားဆဲလ်တွေ ပြန်သန်စွမ်းကောင်းမွန်ဖို့ ပင်ပန်းသွားတဲ့ အာရုံကြောစနစ်ကို အစာကျွေးဖို့ လိုပါတယ်။
ပရိုတိန်းမှုန့် ၊ ကာဗွန်ဟိုက်ဒရိတ်မြင့် အစားအစာတွေ စားပေးသင့်ပြီး အဆီများတဲ့ အစားအသောက်တွေကတော့ ရှောင်ရမှာပါ။ အားကစားလုပ်ပြီးနောက် နာရီဝက်အတွင်း အာဟာရပြည့်အစားအစာ စားသင့်ပါတယ်။

(၄) အိပ်ရေးပျက်ခြင်း

Photo: runtastic

တစ်ညတာ ပြည့်ပြည့်ဝဝ အိပ်စက်ဖို့ လုပ်ပါ။ Gym ရုံက ပြန်လာပြီးနောက် ညနက်သန်းခေါင် ဂိမ်းကစားတာ ၊ အိပ်ရေးပျက်ခံပြီး အပြင်သွားတာတွေ မလုပ်ပါနဲ့ ။ နားချိန်ယူပါ။ ကောင်းကောင်း အနားယူတာဟာ အားကစားလုပ်ပြီး အာဟာရစားသုံးတာပဲ ဖြစ်ပါတယ်။ ဝိတ်ကစားတဲ့သူတွေမှာ အနားယူမှု မှန်ကန်ဖို့က သော့ချက်ပါပဲ။