လောကမှာမိတ်ဆွေကောင်းရဖို့ အင်မတန်ခက်ခဲပါတယ်။ မိတ်ဆွေကောင်းဆိုတာ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို မိသားစုဝင်တစ်ယောက်ဆိုလည်းမမှားနိုင်ပါဘူး။ ဒါကြောင့် မိတ်ဆွေကောင်းရချင်ရင် အခုပြောပြမယ့်အချက်တွေရှောင်ကြဥ်လိုက်ပါ။
(၁) ကိုယ့်အကျိုးအတွက်အသုံးမချပါနဲ့

Source : Shutterstock
ကိုယ့်ရဲ့ အောင်မြင်မှု ကိုယ့်ရဲ့ အကျိုးစီးပွားအတွက် တခြားသူကိုနင်းတက်ခြင်းက ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုမဟုတ်ပါဘူး။ တစ်နပ်စားလုပ်ရပ်တစ်ခုက ရေရှည်ပေါင်းသင်းဆက်ဆံရမယ့် မိတ်ဆွေတွေကို ထာဝရဆုံးရှုံးရနိုင်ပါတယ်။ဒါကြောင့် ကိုယ့်ဘဝမှာ မိတ်ဆွေကောင်းရချင်ရင် ကိုယ့်အကျိုးအတွက် အသုံးချခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။
(၂) မနာလိုဝန်တိုစိတ်မထားနဲ့

Source : Shutterstock
မိတ်ဆွေကောင်းမရှိတဲ့သူတွေဟာ ကိုယ်ရဲ့ မိတ်ဆွေတစ်ယောက်က အောင်မြင်သွားတဲ့အခါ တိုးတက်ပြောင်းလဲသွားတဲ့အခါ မနာလိုစိတ်ဖြစ်တက်ကြပါတယ်။ မနာလိုစိတ်က တစ်ဖက်လူအပေါ်အကျိုးသက်ရောက်မှုမရှိစေပဲ မနာလိုစိတ်ဖြစ်တက်တဲ့လူကိုယ်တိုင်ပေါ်မှာပဲ ပျက်စီးရာပျက်စီးကြောင်းတွေသာ ဖြစ်လာတက်တာပါ။ဒါကြောင့် မိတ်ကောင်းဆွေဖော်ရချင်ရင် မိတ်ဆွေတွေရဲ့ တိုးတက်အောင်မြင်မှုတွေအပေါ် မနာလိုစိတ်မထားပဲ ထပ်တူဝမ်းသာပေးသင့်ပါတယ်။
(၃) တစ်ကိုယ်ကောင်းမဆန်နဲ့

Source : Shutterstock
မိတ်ဆွေအပေါင်းအသင်းတွေကြားမှာ တစ်ကိုယ်ကောင်းဆန်သူတွေဟာ အလိုလိုဘေးရောက်သွားတက်ကြပါတယ်။ လူပတ်ဝန်းကျင်အသိုင်းအဝန်းမှာနေရင် အားလုံးနဲ့ လိုက်ရောညီထွေမှုရှိပြီး ညှိနှိုင်းပေါင်းသင်းနေထိုင်တက်ရမှာပါ။ဒီလိုမှာမဟုတ်ပဲ အတ္တဆန်စွာကိုယ်တစ်ယောက်တည်းအတွက်ကြည့်ပြီး တစ်ကိုယ်ကောင်းဆန်နေရင်တော့ သင့်အနားမှာရှိတဲ့ မိတ်ဆွေတွေတောင်မှဆုံးရှုံးသွားရနိုင်ပါတယ်။
(၄) သာကူးမလုပ်နဲ့

Source : Shutterstock
အကျိုးအမြတ်တစ်ခုအတွက်ပေါင်းသင်းဆက်ဆံရင် ဘယ်တော့မှမိတ်ဆွေကောင်းမရနိုင်ပါဘူး။ ဒါထက်ဆိုးတာက သာတဲ့သူကိုပေါင်းမယ်ဆိုတဲ့စိတ်ရှိရင် ပိုပြီးတောင်မိတ်ဆွေကောင်းရမှာမဟုတ်ပါဘူး။ အမှန်တကယ်မိတ်ဆွေကောင်းတွေက အခက်အခဲရှိတဲ့အခါကူညီဖို့ လက်မတွန့်သလို အောင်မြင်မှုကိုလည်း အတူတူမျှဝေခံစားတက်ကြတာပါ။ သာတယ်ထင်တဲ့သူတွေကိုလိုက်ပေါင်းနေရင် မျက်နှာဖုံးတွေနဲ့ မိတ်ဆွေအတုတွေသာသင့်အနားမှာရှိနေပါလိမ့်မယ်။
