ယောင်္ကျားလေးတစ်ယောက်ကို တွေ့လိုက်တာနဲ့ မိန်းကလေးတွေ ဘာမြင်သလဲဆိုတာ စိတ်ဝင်စားစရာပါ။ များသောအားဖြင့် အမျိုးသမီးတွေဟာ မျက်စိသိပ်လျင်တဲ့ အထဲမှာ ပါပါတယ်။ ဒါကြောင့်ပဲ တစ်ယောက်ယောက်နဲ့ စပြီး တွေ့လိုက်တာနဲ့ ဘယ်လိုပုံစံလဲ ၊ ဘာတွေ ထူးခြားသလဲဆိုတာ သူတို့က ပိုသိကြပါတယ်။ ဒီဆောင်းပါ မိန်းကလေးတွေ စပြီး သတိထားမိသွားတဲ့ အရာတစ်ချို့အကြောင်း ပြောသွားမှာပါ။
(၁) အဝတ်အစား
Photo: Freepik
မိန်းကလေးတွေဟာ စတွေ့တွေ့ချင်းမှာ လူတစ်ယောက် ဘာဝတ်ထားသလဲ ၊ သူ့ဝတ်ပုံအနေအထားက အဆင်ပြေရဲ့လား ချက်ချင်း သတိထားမယ်တယ်လို့ ဆိုပါတယ်။ ဒီတော့ မိန်းကလေးတစ်ယောက်နဲ့ သွားတွေ့မယ်ဆိုရင် အနည်းဆုံး သပ်သပ်ရပ်ရပ်လေး ဝတ်စားသွားဖို့တော့ လိုပါတယ်။
(၂) မျက်နှာ
Photo: Freepik
မျက်နှာကတော့ ဘယ်သူမဆို ချက်ချင်း သတိထားမိတဲ့ အရာပါ။ မိန်းကလေးတွေကတော့ မျက်နှာအသားအရေ အနေအထား ၊ မျက်နှာပုံစံ ၊ အမူအယာနဲ့ သွားတွေကိုပါ ကြည့်တတ်ကြပါတယ်။
သင့်ဆံပင်ကလည်း မိန်းကလေးတွေ သတိထားမိစရာထဲမှာ ပါပါတယ်။ မိန်းကလေးတွေဟာ မျက်နှာကို ကြည့်မိတာနဲ့ ဆံပင်ကို သတိမထားမိဘူးလို့ မထင်ပါနဲ့။
(၃) အပြုံး
Photo: Freepik
မိန်းကလေးတစ်ယောက်နဲ့ တွေ့ချိန်မှာ ပြုံးပြလိုက်တာက ဆွဲဆောင်မှု ရှိစေပါတယ်။ နောက်တစ်ချက်က အဲ့ဒီအပြုံးကိုလည်း သူမက မှတ်မိနိုင်တာကြောင့်ပါ။ မိန်းကလေးတွေအများစုဟာ သူတို့နဲ့တွေ့တဲ့သူတွေရဲ့ အပြုံးကို အမြဲတမ်း သတိထားမိတယ်လို့ ဆိုပါတယ်။
(၄) အပြုအမူ
Photo: Freepik
သင့်ကိုယ်ဟန်အမူအယာဟာ သင့်အကြောင်း ပြောနေပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ တွေ့ချိန်မှာ သင့်ကိုယ်သင် ထိန်းချုပ်နိုင်ကြောင်း ပြသပါ။ မိန်းကလေးတွေဟာ သင့်ရဲ့ အပြုအမူကို ဖတ်ရှုနေတယ်ဆိုတာ သိထားသင့်ပါတယ်။
(၅) စကားပြောဆိုပုံ
Photo: Freepik
စကားပြောဆိုတဲ့ ပုံစံကို လူတိုင်း သတိထားမိတတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်ဟာ သူနဲ့ တွေ့သူရဲ့ စကားပြောတဲ့ ပုံစံ ၊ လေယူလေသိမ်းနဲ့ အသံထွက်ပုံစံကို ချက်ချင်း သိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မိန်းကလေးတွေနဲ့ စကားပြောမယ်ဆိုရင် စကားကို အေးအေးဆေးဆေး ရှင်းရှင်းလင်းလင်းနဲ့ အတည်ငြိမ်ဆုံးဖြစ်အောင် ထားပြီး ပြောသင့်ပါတယ်။