လီဗာပူးနည်းပြ ကလော့ပ်ဟာ ဝုဗ်အသင်းရဲ့ မြန်နှုန်းမြင့်ကစားသမားတစ်ဦးဖြစ်တဲ့ Adama Traore ကိုခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိပါတယ်။

Source: UK-Global-News

ကလော့ပ်ဟာ အဆိုပါ တောင်ပံကစားသမားအတွက် လာမယ့်နွေရာသီမှာ ပေါင် သန်း (၆၀) အသုံးပြုပြီး တိုက်စစ်အားဖြည့်ဖို့ စီစဉ်နေတာပါ။ အဆိုပါ အသက် (၂၄) နှစ်အရွယ်ကစားသမားဟာ ဒီပရီးမီးယားလိဂ်ရာသီတွင် ဝုဗ်နည်းပြ Nuno Espirito Santo လက်အောက်မှာ ခြေစွမ်းကောင်းတွေ ပြသလျက်ရှိနေတာပါ။ အခြားအသင်းတွေရဲ့ နောက်တန်းကို သွေးအေးအေးနဲ့ တုန်လှုပ်သွားအောင် စွမ်းဆောင်နိူင်စွမ်းရှိတဲ့သူပါ။

Source: UK-Global News

အဆိုပါကစားသမားကို မန်ယူနဲ့မန်စီးတီး အသင်းတို့ကလည်း ခေါ်ယူချင်နေပြီး ဝုဗ်အသင်းကတော့ သူတို့ရဲ့ကစားသမားအတွက် ပေါင် သန်း (၆၀) ထက်ပိုတဲ့ ပြောင်းရွှေ့ကြေးကိုအလိုရှိနေပါတယ်။

Traore ဟာ (၂၀၁၈) ခုနှစ်တွင် Middlesbrough ကနေ ဝုဗ်ကို ပေါင် သန်း (၂၀) နဲ့ပြောင်းရွှေ့လာခဲ့တာပါ။ သူ့ရဲ့ခြေစွမ်းတိုးတတ်မူကြောင့် ဈေးကွက်တန်ဖိုးက မြှင့်တတ်သွားတာလည်းဖြစ်ပါတယ်။

Source: AS English

လီဗာပူးဟာ COVID-19 ကာလမှာ ကွင်းဝင်ကြေးတွေ အများကြီးနစ်နာနေပြီး ရုပ်သံဝင်ငွေလည်း များစွာ ဆုံးရှုံးနေရပါတယ်။ အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး ထိခိုက်နစ်နာမူ အနည်းဆုံးလျှော့ချနိူင်ဖို့အတွက် ပွဲစဉ်နှစ်ပွဲအနိူင်ကစားဖို့ လိုအပ်နေပါတယ်။