သင် ဒါတွေသိပြီးပြီလား? ဒီနေ့ kwee page ကနေ စိတ်ဝင်စားဖွယ်ရာ အကြောင်းတွေကို ပြောပြပေးသွားမှာပါ။
ငှက်ပိတုန်းတွေရဲ့ နှလုံးခုန်းနှုန်းဟာ (၁) မိနစ်ကို အကြိမ် (၁၀၀၀) ခန့်ရှိပါတယ်။

Source: WorldAtlas
ပုစဉ်းတွေမှာ ခြေထောက် (၆) ချောင်းရှိပေမယ့် သူတို့ဟာ လမ်းမလျှောက်နိုင်ကြဘူး။

Source: Reddit
မိချောင်းတွေဟာ သူတို့ရဲ့လျှာကို မရွှေလျားနိုင်ကြဘူး။

Source: Reddit
သာမာန်လူတစ်ယောက်ဟာ (၂၅) နှစ်ခန့် အိပ်ခြင်းအတွက် အသုံးပြုကြတယ်။

Source: HelpGuide.org
အာဖရိကမှာ အခြားတိရိစ္ဆာန်တွေထက် ရေမြင်းတွေကြောင့် လူသေဆုံးမှုနှုန်းပိုများတယ်။

Source: Pinterest
ဆင်တွေဟာ သူတို့ရာနားတွေကို ခန္ဓာကိုယ်အပူချိန် ထိန်းညှိဖို့အတွက် အသုံးပြုကြတယ်။

Source: Wondaceropolis
အာတိတ်သမုဒ္ဒရာဟာ ကမ္ဘာပေါ်မှာ အသေးဆုံးသမုဒ္ဒရာဖြစ်ပါတယ်။

Source: Science HowStuffWorks
နွားတွေမှာ အပေါ်သွားမရှိကြဘူး။

Source: Zweber Family Farm News
French fries လိုအများသိကြတဲ့ အားလူးကြော်ဟာ ပြင်သစ်နိုင်ငံက စပေါ်လာတာမဟုတ်ပါဘူး။ ဘယ်လ်ဂျီယံ နိုင်ငံက စတင်ပေါ်ပေါက်လာခဲ့တာပါ။

Source: BBC
ခရီးသွားတွေအများဆုံး မေ့ကျန်ခဲ့လေ့ရှိတဲ့ ပစ္စည်းမှာ သွားတိုက်တံဖြစ်ပါတယ်။

Source: Wirecutter
ရေဘဝဲတွေရဲ့ သူငယ်အိမ်ဟာ လေးထောင့်ဖြစ်ပါတယ်။

Source: Guff
လည်ချောင်းရိုး (hyoid bone) ဟာတခြားအရိုးတွေနဲ့ ဆက်မနေတဲ့ တစ်ခုတည်းသော အရိုးဖြစ်ပါတယ်။

Source: Lumen Learning
ကြောင်တွေက သူတို့ရဲ့မေးရိုးကို ဘေးဘက် မရွှေ့လျားနိုင်ဘူး။

Source: Oregon Humane Society
ရုပ်ပိုင်းဆိုင်ရာအရ ဝက်တွေဟာ ကောင်းကင်ကို မမော့ကြည့်နိုင်ကြဘူး။

Source: The Declaration- Colonial High School
