ကြီးကောင်ဝင်ခါစ လူငယ်အရွယ်ဟာ အဟုန်တစ်ခုနဲ့ ခုန်ကူးခါနီး အခြေအနေလိုမျိုးပါ။ ဆယ်ကျော်သက် စိတ်အခြေအနေဟာ ရှုပ်ထွေးပါတယ်။ ဒီလိုပါပဲ။ ဆယ်ကျော်သက်အရွယ် ယောင်္ကျားလေးတွေမှာ ကိုယ်ရော စိတ်ပါ နှစ်မျိုးစလုံး အပြောင်းအလဲကာလကို ဖြတ်သန်းနေရပါတယ်။ အများဆုံးကြုံရတတ်တဲ့ ယေဘုယျပြဿနာတွေကတော့ –
(၁) ဝက်ခြံပေါက်လာခြင်း

Photo: Dmarge
ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်းတွေဟာ အဆိုးဆုံးပြဿနာပါ။ အထူးသဖြင့် ဟော်မုန်းကြောင့် ဝက်ခြံပေါက်လာတာက အသိသာဆုံး ဖြစ်ပါတယ်။ မျက်နှာကို သန့်သန့်ရှင်းရှင်းဖြစ်အောင် Skin Care လုပ်ပေးဖို့ ၊ လက်နဲ့ ဝက်ခြံသွားမညှစ်ဖို့ လိုပါတယ်။
(၂) ရှက်တတ်ခြင်း

Photo: lottoland
အရွယ်အပြောင်းအလဲမှာ ငယ်ငယ်ကလို မဟုတ်ဘဲ ရှက်တတ်လာတာ သဘာဝပါ။ စိတ်ထဲမှာ အရမ်းကြီး မခံစားဖို့ ၊ ရှက်တတ်တဲ့ ခံစားမှုကို သိပ်ပြီး နေရာမပေးမိဖို့ လိုပါတယ်။
(၃) ရွယ်တူတန်းတူ ဖိအားပေးခံရခြင်း

Photo: deeconometrist
ဒီအရွယ်မှာ ကိုယ်နဲ့ ရွယ်တူသူငယ်ချင်းတွေရဲ့ စကားနဲ့အမူအကျင့်ဟာ ကိုယ့်အပေါ် အကြီးအကျယ် လွှမ်းမိုးမှု ရှိပါတယ်။ သူငယ်ချင်းတွေ အငြင်းခံ အပစ်ပယ်ခံရမှာကို စိုးတဲ့ စိတ်ဟာ စာမေးပွဲကျမှာကို စိုးရိမ်တဲ့ စိတ်ထက်တောင် ကြီးနိုင်ပါတယ်။ တစ်နေ့ ကိုယ်ဟာ လူကြီး ဖြစ်လာမှာလို့ တွေးပြီး Peer Pressure ပေးခံရချိန်မှာ ယိမ်းယိုင်ပြီး အမှားတွေ လျှောက်မလုပ်မိအောင် ထိန်းဖို့ လိုပါတယ်။
(၄) အသည်းကွဲတတ်ခြင်း

Photo: Unsplash
စိတ်ကစားတဲ့ အရွယ်လည်း ဖြစ်တယ်။ အချစ်ရေးမှာ ပညာလည်း မရင့်သေးတော့ ငယ်ချစ်ဦးနဲ့ လွဲတတ်ကွဲတတ်ပါတယ်။ အသည်းကွဲတယ်ဆိုတာ ဒီအရွယ်တွေရဲ့ အဖြစ်များဆုံး ရောဂါကြီးပါ။ ဒါပေမယ့် အချိန်တန်တော့လည်း အရာအားလုံးက အေးဆေးတည်ငြိမ်သွားပါလိမ့်မယ်။
