လူတိုင်းကတော့ အမှားနဲ့ မကင်းကြပါဘူး။ ဒါပေမယ့် တစ်ချို့အမှားတွေက သင့်ရဲ့ Relationship အပေါ် ဆိုးဆိုးရွားရွားအကျိုးသက်ရောက်မှုတွေဖြစ်သွားစေတယ်ဆိုတာကိုတော့ သတိပြုသင့်ပါတယ်။ ဘယ်လိုအမှားတွေလဲဆိုတာ ဆောင်းပါးလေးကိုဆက်ဖတ်ကြည့်လိုက်ပါအုန်း။

(၁) တခြားစုံတွဲတွေနဲ့နှိုင်းယှဉ်ခြင်း

Source : Shivshi

Relationship တိုင်းမှာပြီးပြည့်စုံနေတယ်ဆိုတာတော့ မရှိပါဘူး။ အားလုံးမှာတစ်ခုမဟုတ်တစ်ခု လိုအပ်ချက်လေးတွေတော့ရှိနေကြပါတယ်။ ဒါပေမယ့် တခြားသော စုံတွဲတွေရဲ့ ကောင်းကွက်လေးတွေနဲ့ ကိုယ့် Relationship ကိုနှိုင်းယှဉ်ပြီး ချစ်သူအပေါ်အပြစ်တင်ခြင်းဟာ တကယ့်ကိုမှားယွင်းတဲ့လုပ်ရပ်တစ်ခုပါ။ ဒီလိုနှိုင်းယှဉ်ခြင်းဟာ တစ်ယောက်ကိုတစ်ယောက် အမုန်းတွေပွားပြီး နာကျည်းမှုတွေဖြစ်လာရုံမှအပ ကောင်းကျိုးမရှိနိုင်ပါဘူး။ ကိုယ့် Relationship ရဲ့လိုအပ်ချက်ကို နှစ်ဦးသားကိုယ်တိုင်ပဲ ညှိနှိုင်းပြီး အကောင်းဆုံးရလဒ်ဖြစ်အောင် အဖြေရှာသင့်တာပါ။

(၂) ကိုယ်ပိုင်လွတ်လွပ်ခွင့်မပေးခြင်း

Source : Flipboard

ချုပ်ခြယ်မှုတွေ ပိတ်ပင်မှုတွေများစွာရှိနေတဲ့ Relationship တစ်ခုမှာ ဘယ်သူမှကြာကြာမနေနိုင်ပါဘူး။ ရည်စားထားတယ်ဆိုတာ ကိုယ်ပိုင်လွတ်လွပ်ခွင့်တွေအားလုံးကို ပိတ်ပင်ခံခြင်းလို့ မဟုတ်ပါဘူးဆိုတာ သေချာပါတယ်။ဒါကြောင့် လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်နဲ့ လွတ်လပ်မှုတွေကို လုံးဝမပိတ်ပင်မိပါစေနဲ့။ ဘယ်သူငယ်ချင်းနဲ့မတွေ့ရဘူး။ ဘယ်မသွားရဘူး အချိန်တိုင်းကိုယ်နဲ့ပဲ ဆက်သွယ်နေရမယ် စသည်ဖြင့် ပိတ်ပင်မှုတွေကိုရှောင်ကျဉ်သင့်ပါတယ်။ ဖြစ်နိုင်ရင် တစ်ယောက်နဲ့တစ်ယောက် သီးသန့်ကိုယ်ပိုင်အချိန်လေးတစ်ခုထားပါ။

(၃) လွယ်လွယ်လိမ်လိုက်မိခြင်း

Source : Stuff.co.nz

သေးသေးမွှားမွှားကိစ္စလေးတွေကို လိမ်မိတာပြဿနာမရှိဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုသေးသေးမွှားမွှားကိစ္စလေးတွေကအစ မကြာခဏလိမ်ပြောနေမိမယ်ဆိုရင် တစ်ဖက်လူရဲ့ စိတ်ထဲမှာ သံသရတွေကြီးထွားလာနိုင်ပြီး မလိုလားတဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ဖြစ်နိုင်ရင် ကိုယ့်ချစ်သူအပေါ် လိမ်ညာမှုကင်းကင်းဆက်ဆံပါ။ ဘာပဲဖြစ်ဖြစ်ပွင့်ပွင့်လင်းလင်းပြောပြတိုင်ပင်ပါ။ ခွင့်တောင်းဖို့ (သို့) အသိပေးဖို့ကိစ္စကြုံလာရင် ကြိုတင်ပြီးပြောပြပါ။ လွယ်လွယ်လေးလိမ်လိုက်တာမျိုးကို လုံးဝရှောင်ကျဉ်ဖို့ အကြံပြုချင်ပါတယ်။

(၄) ပြောင်းလဲဖို့ကြိုးစားခြင်း

Source : Andrea Brandt

Relationship တစ်ခုမှာ ယောကျာ်းလေးနဲ့ မိန်းကလေး အရာအားလုံးတူညီမှုရှိနေဖို့ဆိုတာမလွယ်လှပါဘူး။ တစ်ယောက်စီမှာ မတူညီတဲ့အမြင် မတူညီတဲ့အတွေးအခေါ်တွေ အယူအဆတွေရှိကြပါတယ်။ ချစ်သူဖြစ်ပြီးမှ သူရဲ့ အမူအကျင့်တွေ ပုံစံတွေကိုပြောင်းလဲဖို့ဆိုတာ မှားယွင်းတဲ့အယူအဆတစ်ခုပါ။ လူတစ်ယောက်ကိုပြောင်းလဲပစ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ကိုယ့်ချစ်သူရဲ့ ဖြစ်တည်မှုကိုလက်ခံပြီး ချစ်ပေးနိုင်ရင်ချစ်ပေးလိုက်ပါ။ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း အတင်းလုပ်ယူဖို့ ပြောင်းလဲဖို့ ကြိုးစားရင်တော့ အဆုံးသတ်အချိန်တွေကိုရောက်သွားနိုင်ပါတယ်။