ဒီနေ့တော့ kwee page ကနေ မီးဖိုချောင်အတွက် အသုံးတည့်သော နည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
အာလူးတွေပျက်စီးမသွားအောင် ပြုလုပ်နည်း

အာလူးတွေ အညွတ်ထွက်လာပြီး စားမရအောင်ဖြစ်သွားခြင်းမှ ကာကွယ်ဖို့အတွက် သူတို့ကို ပန်းသီးတစ်လုံးနဲ့အတူထားထားပေးပါ။ ပြီးတော့ အနီးအနားမှာ ကြက်သွန်နီ မရှိနေအောင်လည်း ဂရုစိုက်ပေးပါ။ မှောင်ပြီးတော့အေးတဲ့နေရာမှာ ထားပေးခြင်းက အာလူးကို ကြာကြာအထားခံစေပါတယ်။
ဖန်ခွက်ကိုအသုံးပြုပြီး ဓားသွေးခြင်း

မီးဖိုချောင်သုံးဓားတွေဟာ ဂရုမစိုက်ဘဲပစ်ထားရင် တုံးသွားတတ်ပါတယ်။ အကယ်၍ ဓားသွေးဖို့အတွက် အထူးပစ္စည်းတွေမရှိဘူးဆိုရင်တော့ မက်ခွက်တစ်ခွက်ကို ယူပြီးပြောင်ပြန်လှန်လိုက်ပါ။ ဒါဆိုရင် မက်ခွက်ရဲ့ အောက်ဖက်အစွန်းကို ၄၅ ဒီဂရီ စောင်းပြီး ဓားသွေးနိုင်ပါပြီ။
ရှာလကာရည်ကို အသုံးပြုပြီး စတော်ဘယ်ရီသီးတွေကို ကြာရှည်ခံအောင်လုပ်နည်း

စတော်ဘယ်ရီသီးတွေဟာ လျင်လျင်မြန်မြန် အမှည့်လွန်သွားတတ်တဲ့ အသီးတွေထဲမှာပါဝင်ကြတယ်။ စတော်ဘယ်ရီသီးတွေကို ကြာကြာအထားခံဖို့အတွက်ကတော့ သူတို့ကို ရှာလကာရည်ဖြင့် ဆေးပေးခြင်းပဲဖြစ်ပါတယ်။
ရေဇလုံထဲမှာ ရှာလကာရည်တစ်ခွက်နဲ့ရေ (၈) ခွက်ရောထည့်ပြီး စတော်ဘယ်ရီသီးတွေကို မိနစ်အနည်းငယ်လောက် စိမ်ထားပေးပါ။ ပြီးရင်ပြန်ထုတ်ပြီး ရေစစ်ပေးပါ။ ဒီနည်းနဲ့ စတော်ဘယ်ရီသီးတွေ ကြာကြာအထားခံအောင် ပြုလုပ်နိုင်ပါတယ်။
ပလက်စတစ်နဲ့ဖန်ပုလင်းတွေထဲက အနံ့ဆိုးတွေကို သတင်းစာအသုံးပြု၍ ပျောက်ကင်းအောင်လုပ်နည်း

ဖန်ခွက်တွေကို အကြိမ်ကြိမ်ဆေးကြောပေမယ့် အနံ့ဆိုးတွေရနေတုန်းပဲလာ။ ဒါဆိုရင်တော့ ရိုးရှင်းပြီးထိရောက်တဲ့ နည်းလမ်းကိုသုံးပေးဖို့လိုနေပါပြီ။ သတင်းစာတွေက အနံ့ဆိုးတွေကို စုပ်ယူပေးနိုင်ပါတယ်။ သတင်းစာစာရွတ်တွေကို ချေမွပြီး ဖန်ခွက် (သို့) ပလက်စတစ်ခွက်တွေထဲ ထည့်က (၂၄-၄၈) ခန့်ထားပေးလိုက်ပါ။
baking soda ကိုအသုံးပြုပြီး ရေခဲသေတ္တာထဲက အနံ့ဆိုးတွေ ပျောက်ကင်းအောင်ပြုလုပ်နည်း

ပုပ်သိုးနေသောဟင်းသီးဟင်းရွတ်တွေ၊ အနံ့ပြင်းတဲ့ဟင်းရည်တွေဟာ ရေခဲသေတ္တာထဲ အနံ့ဆိုးတွေအချိန်ကြာမြင့်စွာကျန်ရစ်ခဲ့စေပါတယ်။ ဒါဆိုရင်တော့ baking soda ကိုရေခဲသေတ္တာထဲ ထည့်ထားပေးလိုက်ပါ။ baking soda ကသူကိုယ်တိုင်အနဲ့မရှိဘူးဆိုပေမယ့် အနဲ့တွေစုပ်ယူမှုအားကောင်းပါတယ်။
ကွက်ကီးတွေကို လက်ဆတ်နေအောင်ထားနည်း

ကွက်ကီးစားဖို့ ဘူးအဖုံးကိုဖွင့်လိုက်တဲ့အချိန်မှာ ကွက်ကီးတွေဟာစားဖို့မဖြစ်နိုင်လောက်အောင် အရမ်းကြီးခြောက်သွေ့နေတာကို ကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုကြုံခဲ့ရင်တော့ ကွက်ကီးဘူးထဲကို ပန်းသီးတစ်စိတ်လောက်ထည့်ပြီး ပိတ်ထားလိုက်ပါ။ ပန်းသီးခြောက်သွားပြီဆိုရင် နောက်ပန်းသီးတစ်စိတ်ထည့်ပြီးထည့်ထားပေးပါ။ ဒီလိုနည်းနဲ့ ကွက်ကီးတွေကို လက်ဆတ်နေအောင် ထားလို့ရပါတယ်။
Source: Bright Side
