ကမ္ဘာတစ်လွှားက နိုင်ငံတော်တွေမှာ ကိုယ်ပိုင်အယူအဆတွေ ကိုယ်ဆီရှိကြတယ်။ တစ်ချို့နိုင်ငံတွေမှာ ရိုးရှင်းတဲ့ စားသောက်ဆိုင်သွားတာ (သို့) ဈေးဝယ်ထွက်တာ တွေကို ထူးဆန်းတဲ့အရာတွေ (သို့) မယဉ်ကျေးဘူးလို့ မြင်ကြတာတွေရှိပါတယ်။ ဒါပေမယ့် တစ်ချို့နိုင်ငံတွေမှာကြတော့ အော်ငေါက်တာ (သို့) အများပြည်သူရှေ့မှာ အမျက်ဒေါသထွက်ပြီး ဝုန်းဒိုင်းကြဲတာတွေကို သာမာန်ကိစ္စတစ်ခု (သို့) ယဉ်ကျေးတယ်လို့ယူဆထားကြပါတယ်။ ကမ္ဘာပေါ်မှာ ဒီလိုထူးဆန်းတဲ့ အယူအဆတွေ အများကြီးရှိပါတယ်။ တစ်ချို့ kwee ပရိသတ်တွေ စိတ်ဝင်စားနိုင်တဲ့ အရာတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ဘောက်ဆူးပေးခြင်း

  • ကမ္ဘာ့အနောက်ဘက်ခြမ်းနိုင်ငံတော်တော်များများမှာ ဘောက်ဆူးပေးတဲ့ ယဉ်ကျေးမှုကို လက်ခံကျင့်သုံးကြပါတယ်။ တစ်ချို့အလုပ်သမားတွေက ဘောက်ဆူးအနည်းငယ်သာပေးခြင်းခံရရင်တောင် သူတို့ကိုစော်ကားတယ်လို့ ယူဆထားကြတယ်။
  • အာရှနိုင်ငံတွေဖြစ်တဲ့ တောင်ကိုးရီးယား၊ တရုတ် (သို့) ဂျပန် နိုင်ငံတွေမှာတော့ ဘောက်ဆူးပေးတဲ့ အလေ့အထ သိပ်ပြီးမတွင်ကျယ်သေးပါဘူး။ တစ်ချို့တွေက ဘောက်ဆူးပေးတာကို သူတို့ကို စော်ကားတယ်လို့တောင် ခံယူထားကြတာကြောင့် ဒီအလေ့အထကို မကျင့်သုံးကြတာလည်းဖြစ်ပါတယ်။

စားပွဲမျှထိုင်ခြင်း

  • ကမ္ဘာ့အနောက်ဘက်ခြမ်းနိုင်ငံတွေမှာ လူထိုင်နေတဲ့ စာပွဲဝိုင်း(ထိုင်ခုံလွတ်နေတဲ့ စာပွဲဝိုင်း) တွင် ဝင်ရောက်ထိုင်ခြင်းက ရိုင်းစိုင်းတယ်လို့ ယူဆထားကြတယ်။ ဒါကို သူတို့က privacy ကိုထိခိုက်တယ်လို့ ယူဆကြပါတယ်။
  • ဂျပန်၊ မြန်မာနဲ့ အာရှနိုင်ငံတော်တော်များများမှာတော့ စာပွဲဝိုင်းတွေမှာ မိသားစုတွေ (သို့) သူစိမ်းတွေနဲ့ မျှပြီး ထိုင်လို့ရပါတယ်။

ပါးကိုအနမ်းပေးခြင်း

  • လက်တင်အမေရိကန် နိုင်ငံတွေမှာ ယောက်ျားမိန်းမ သူငယ်ချင်းတွေ ပါးကိုအနမ်းပေးခြင်းကို နှုတ်ဆက်တယ်လို့ယူဆကြတယ်။ ဒါပေမယ့် ယောက်ျားချင်း ပါကိုးအနမ်းပေးခြင်းကိုတော့ အမြင်မတော်ဘူးလို့ ယူဆကြပါတယ်။
  • အစ္စရေးနှင့်အီဂျစ် နိုင်ငံတွေလိုအရှေ့အလယ်ပိုင်း (သို့) တောင်အာဖရိကနိုင်ငံတွေ မှာတော့ အမျိုးသားအချင်းချင်း ပါကိုးအနမ်းပေးခြင်းက နှုတ်ဆက်ခြင်းလို့ ယူဆကြပြီး အမျိုးသားတွေက အမျိုးသမီးတွေကို အများပြည်သူရှေ့မှာ အနမ်းပေးခြင်းကိုတော့ မသင့်လျော်ဘူးလို့ ယူဆထားကြပါတယ်။

ပန်းကန်ထဲက အစားအသောက်များကုန်အောင်စားခြင်း

တရုတ်နိုင်ငံမှာ အိမ်ရှင်က ချပေးတဲ့ပန်းကန်ထဲမှာ အစားအသောက်များကို ကုန်အောင်စားခြင်းက အိမ်ရှင်ကို စော်ကားရာရောက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုကုန်အောင်စားခြင်းဟာ သင်ကဗိုက်မဝသေးကြောင်း အိမ်ရှင်က အစားအသောက်လုံလောက်အောင် မပေးကြောင်း ပြသရာရောက်ပါတယ်။

အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေမှာတော့ အိမ်ရှင်ကဧည့်ခံထားတဲ့ အစားအသောက်တွေကို ကုန်အောင်မစားခြင်းက အိမ်ရှင်ကိုစော်ကားရာရောက်ပါတယ်။ ဒါက အိမ်ရှင်ကျွေးတဲ့ အစားသောက်ကို မကြိုက်ဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။

Source: Bright Side

Featured Photo : Eater Detroit