အခု kwee ပြောပြပေးမယ့် အသက်ရှူလေ့ကျင့်ခန်းတွေဟာ gym သွားစရာမလိုပဲ ဝမ်းဗိုက်အဆီကျစေနိုင်ပါတယ်။
Diaphragmatic breathing

- ပထမဦးစွာ ဖျာပေါ်ပက်လက်လှဲလျောင်းလိုက်ပါ။ အခုမှစလုပ်တဲ့သူဆိုရင်တော့ အသက်ရှူခြင်းကို ကောင်းစွာထိန်းချုပ်နိုင်ဖို့အတွက် ဝမ်းဗိုက်ပေါ် လက်နှစ်ဖက်ကို တင်ထားပါ။
- နှာခေါင်းကနေစပြီး ဖြည်းဖြည်းချင်းအသက်ရှူသွင်းလိုက်ပါ။ ဝမ်းဗိုက်က သင့်လက်အောင်မှာ သိသိသာသာ ကျယ်လာတာကို ခံစားရပါလိမ့်မယ်။
- နှုတ်ခမ်းသေးသေးလေးဟပြီး အသက်ရှူထုတ်လိုက်ပါ။ ဝမ်းဗိုက်ပေါ်တင်ထားတဲ့ လက်ကအောင်ကိုသိသိသာသာ နှိမ့်ကျသွားပါလိမ့်မယ်။ ရင်ဘက် လှုပ်ရှားမှုမရှိအောင် ထားဖို့လည်း လိုအပ်ပါတယ်။
- ဒီလေ့ကျင့်ခန်းကို (၅-၁၀) မိနစ်ခန့် လုပ်ပေးပါ။ ထိုင်နေတဲ့အချိန် (သို့) မက်တပ်ရပ်နေချိန်မှာလည်း ဒီလေ့ကျင့်ခန်းကို ပြုလုပ်ပေးနိုင်ပါတယ်။
Stomach vacuum

- ပက်လက်အိပ်လိုက်ပါ။ ခြေဖဝါးထောက်ထားပြီး ဒူးကိုကွေးလိုက်ပါ။ လေကိုရှူသွင်းနိုင်သမျှဖြည်းဖြည်းချင်း ရှူသွင်းလိုက်ပါ။
- ရှူသွင်းထားတဲ့ လေပမာဏထက် များနိုင်သမျှများအောင် ရှူထုတ်လိုက်ပါ။
- ဒီပုံစံအတိုင်း (၁၅-၂၀) စက္ကန့် အထိနေပေးပါ။ ဒီပုံစံကို ထိန်းထားတဲ့အချိန်မှာ ပုံမှန်အတိုင်း အသက်ရှူပေးပါ။
- အသက်ရှူသွင်းရင်းနဲ့ ပုံမှန်အနေအထားအတိုင်းပြန်နေပေးပါ။ ဒီလေ့ကျင့်ခန်းကို ကြိမ်ဖန်များစွာပြုလုပ်ပေးနိုင်ပါတယ်။ နှာခေါင်းဖြင့် အသက်ရှူသွင်းပြီး ပါးစပ်ကနေအသက်ရှူထုတ်ပေးပါ။
Skull shining breath

- ဖျာပေါ်မှာ တင်ပျဉ်ခွေလျက် ထိုင်လိုက်ပါ။ လက်ကိုဒူးတွေပေါ်မှာ တင်ထားပါ။
- အသက် ပြင်းပြင်းရှူသွင်းလိုက်ပါ။ ပြီးတာနဲ့ လေကိုရှူထုတ်လိုက် နားလိုက်လုပ်ပေးပါ။
- အသက်ပြင်းပြင်းရှူသွင်းလိုက်တဲ့အချိန်တွင် အဆုပ်မှာ လေ့အပြည့်ဖြစ်နေတာကို ခံစားမိပါစေ။
- ဒီလေ့ကျင့်ခန်းကို (၃၀-၆၀) စက္ကန့်အထိ လုပ်ပေးပါ။
Bellows breath

- ဖျာပေါ်မှာ တင်ပျဉ်ခွေလျက် ထိုင်လိုက်ပါ။ ကျောရိုးနဲ့လည်ပင်းကို ဖြောင့်ဖြောင့်ထားပြီး လက်ဝါးတွေကို ဒူးတွေပေါ်တင်ထားပေးပါ။
- ဝမ်းဗိုက်ကြွက်သားတွေကို လျှော့ချပြီးမျက်လုံးမှိတ်ထားပါ။ အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်ပြုလုပ်ပေးပါ။
- အသက်ရှူသွင်းချိန်မှာ အားပြင်းနေဖို့ စည်းချက်မှန်နေဖို့လိုအပ်ပါတယ်။
- ဒီလေ့ကျင့်ခန်းကို (၅) မိနစ်ခန့်ပြုလုပ်ပေးပါ။
