ကလေးဘဝကလောက်ကိုယ့်ကိုယ်ကို မှတ်ဉာဏ်မကောင်းတော့ဘူးလို့ သံသရရှိနေပြီလား။ အကြောင်းအရာတစ်ခုခုကို အစဖော်လို့မရအောင်မေ့တက်နေပြီလား။ ဒီလိုမှတ်ဉာဏ်စွမ်းရည်နဲ့ ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို အားနည်းတယ်လို့ထင်ရင်တော့ ဒီနေ့ပြောပြပေးမယ့် နည်းလမ်းလေးတွေလုပ်ဆောင်ကြည့်ပါ။ ဒီအလေ့အကျင့်ကောင်းလေးတွေက သင့်ရဲ့မှတ်ဉာဏ်စွမ်းရည်ကို တစ်စထက်တစ်စ ပိုမိုကောင်းမွန်လာစေမှာသေချာပါတယ်။

(၁) နေ့စဉ်ပုံမှန်ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဆောင်ပါ

Source : Men’s Health

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းက ဦးနှောက်နဲ့ တိုက်ရိုက်ဆက်သွယ်မှုရှိတယ်ဆိုတာ သင်သိပါသလား။ သုတေသနလေ့လာချက်တွေအရ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်သူတွေဟာ အသက်အရွှယ်အရ မှတ်ဉာဏ်နဲ့ သိမြင်မှုဆိုင်ရာစွမ်းဆောင်ရည်ကျဆင်းလာခြင်းကိုလျော့နည်းစေပြီး ဦးနှောက်ပျက်စီးယို့ယွင်းလာခြင်းကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင်လေ့ကျင့်ခန်းက သင့်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကိုလည်း တဖြေးဖြေးတိုးတက်ကောင်းမွန်လာစေပါတယ်။

(၂) တရားထိုင်ပါ

Source : 123RF.com

တရားထိုင်ခြင်းက ဘာသာရေးဆိုင်ရာအလေ့အကျင့်တစ်ခုထက်ပိုပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေများစွာပေးပါတယ်။ တရားထိုင်ခြင်းအလေ့အကျင့်ဟာ အဓိကအားဖြင့် စိတ်နှင့်ခန္ဓာကိုယ်အေးချမ်းမှုကိုဖြစ်စေပြီး မှတ်ဉာဏ်စွမ်းရည်ကိုတိုးတက်ကောင်းမွန်စေပါတယ်။တရားထိုင်အလေ့အကျင့်အတွက် အချိန်အများကြီးပေးစရာလည်းမလိုပါဘူး။ တစ်နေ့ကို ၁၅ -၂၀ မိနစ်လောက်အချိန်ပေးပြီး တရာထိုင်းခြင်းဖြင့် သင့်ရဲ့ဦးနှောက်စွမ်းဆောင်ရည်ကိုတိုးတက်စေပြီး မှတ်ဉာဏ်ကောင်းမွန်စေဖို့ ကူညီပေးမှာဖြစ်ပါတယ်။

(၃) ဦးနှောက်လေ့ကျင့်ခန်းလုပ်ပါ

Source : Doug Addison

ဦးနှောက်ဟာလည်း ခန္ဓာကိုယ်ကကြွက်သားတွေလိုပဲ လေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါတယ်။ ဦးနှောက်အတွက်လေ့ကျင့်ခန်းလုပ်ပေးမှလည်း ဦးနှောက်စွမ်းရည် ဉာဏ်ရည်တွေတိုးတက် ကောင်းမွန်လာမှာပါ။ ဦးနှောက်လေ့ကျင့်ခန်းအတွက် စာရွှက်တစ်ရွှက်မှာ သင်လက်တလော တွေးမိတဲ့ အစားအစာ ပစ္စည်းတစ်ခုခု ကြိုက်တဲ့အကြောင်းအရာတွေထဲက ၁၀ ခုလောက်ချရေးကြည့်ပါ။ နောက်တစ်နာရီလောက်နေရင် ကိုယ်ရေးထားတဲ့ အရာတွေထဲက မှတ်မိသလောက်ကို စာရွှက်အလွတ်တစ်ခုမှာပြန်ရေးချပြီး အဖြေတိုက်ကြည့်ပါ။ ဒီနည်းလမ်းက တကယ်ပဲသင့်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကိုတိုးတက်လာစေပါတယ်။

(၄) အိပ်ရေးဝဝအိပ်စက်ပါ

Source : Medium

ဦးနှောက်ကျန်းမာရေးအတွက် အဓိကအရေးကြီးတဲ့အချက်က အိပ်ချိန်မှန်ဖို့နဲ့ အိပ်ရေးဝဝအိပ်စက်အနားယူဖို့ပါပဲ။ အိပ်ရေးပျက်ခြင်းက သင့်ရဲ့ တွေးတောဆင်ခြင်နိုင်စွမ်း မှတ်ဉာဏ်နဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို အနှောက်ယှက်ဖြစ်စေပြီး မှတ်ဉာဏ်စွမ်းရည်ကိုကျဆင်းစေပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ၇ – ၉နာရီကြားအိပ်စက်ပေးဖို့လိုအပ်ပါတယ်။

ထပ်ဆောင်းအနေနဲ့ မှတ်ဉာဏ်စွမ်းရည်တိုးတက်လာဖို့ ဆိုရင် သကြားစားသုံးမှုကိုလျော့ချလိုက်ပါ။ ကိုယ်လိုရီများတဲ့အစားအစာတွေရှောင်ပါ။ အမဲရောင်ချောကလက်စားပေးပါ။ စာအုပ်များများဖတ်ပါ။ ဆေးလိပ်နှင့်အရက် အလွန်အကျွံသောက်သုံးချင်ကိုရှောင်ကျဉ်ပေးပါ။