မိမိဘဝရဲ့ ပျော်ရွှင်မှုတွေပျောက်ဆုံးနေတယ်လို့ ခံစားနေရပါသလား။ လူတစ်ချို့က သူတို့ဘဝရဲ့ ပျော်ရွှင်ခြင်းတွေကို သူတိုင်ကိုယ်တိုင် ဖျက်စီးနေမိတက်ကြပါတယ်။ ဒါကြောင့် ကိုယ်ဘဝမှာ တကယ်ပျော်ရွှင်မှုကို ရချင်ရင် အခုပြောပြမယ့်အရာတွေကိုလက်လွှတ်လိုက်ဖို့အကြံပြုချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်း

Source : Source : Joseph LaFleur

ပျော်ရွှင်မှုပျောက်ဆုံးနေသူအများစုဟာ ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းတွေကို အမြဲလိုလို လုပ်လေ့ရှိပါတယ်။ ငါကအသုံးမကျဘူး ဒါလေးတောင်မလုပ်နိုင်ဘူး ငါဒါတောင်မသိပါလား စသည်ဖြင့်အဆိုးဘက်ကိုဦးတည်ခြင်းတွေနဲ့အတူ ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းတွေလုပ်လေ့ရှိကြပါတယ်။ ကိုယ်ကိုယ့်ကိုမချစ်ပဲ အပြစ်တွေပဲမြင်နေရင် ပျော်ရွှင်ဆိုတာ ရှာမတွေ့နိုင်လောက်အောင်ပျောက်ဆုံးနေမှာဖြစ်ပါတယ်။

(၂) ပြီးပြည့်စုံစေလိုခြင်း

Source : The Daily Mash

လူတိုင်းလူတိုင်းမှာ လိုအပ်ချက်တစ်ခုစီတော့ရှိတက်သလို ပြီးပြည့်စုံတယ်ဆိုတာလည်း မရှိသလောက်ပါပဲ။ ကိုယ်အနေနဲ့ အရာရာတိုင်းကိုလိုက်ပြီး ပြီးပြည့်စုံနေသူတစ်ယောက်ဖြစ်ချင်နေရင် ပင်ပန်းခြင်း အလိုမကျခြင်းတွေသာပိုများလာပါလိမ့်မယ်။ ဒါကြောင့်ပျော်ချင်ရင် ကိုယ့်ကိုယ်ကို ပြီးပြည့်စုံစေချင်တဲ့စိတ်တွေလွတ်ချလိုက်ပါ။

(၃) မနိုင်ဝန်ထမ်းခြင်း

Source : Pinterest

လမ်းတွေတံတားတွေတောင် သူတို့ခံနိုင်တဲ့ဝိတ်ထက်ပိုတဲ့အရာတွေ မောင်းနှင်းဖြတ်သန်းမယ်ဆိုရင် ကျိုးကျတာ ပျက်စီးတာမျိုးတွေဖြစ်လေ့ရှိပါတယ်။ လူဆိုတာလည်း လမ်းတွေတံတားတွေနည်းတူပါပဲ။ ကိုယ်မနိုင်တဲ့ဝန်ကို မရမကထမ်းရွက်ထားရင် တစ်နေ့တစ်ခြားပိုပင်ပန်းလာဖို့ပဲရှိပါတယ်။ ဒါကြောင့် ကိုယ်ဘဝမှာ မနိုင်ဝန်ထမ်းထားမိတဲ့အရာတွေ မနိုင်ဝန်ထမ်းမိတဲ့အလုပ်တာဝန်တွေအားလုံးကိုလျော့ချပြီး တစ်နိုင်တစ်ပိုင် ကိုယ်နိုင်တဲ့ဝန်ကိုပဲထမ်းဆောင်သင့်ပါတယ်။

(၄) မကောင်းတဲ့လူတွေနားမှာရှင်သန်မိခြင်း

Source : Lifehack

လူတွေက တစ်ခါတစ်လေမှာ အစွဲအလန်းကြီးမှုတွေကြောင့် ဒုက္ခတွေခံစားရရင်တောင် အစွဲအလန်းတွေကို လွတ်ဖို့ဝန်လေးတက်ကြပါတယ်။ သင့်ဘဝမှာတကယ်ပဲ ပျော်ချင်တယ်ဆိုရင် ကိုယ်အပေါ်မကောင်းတဲ့ ချစ်သူ သူငယ်ချင်း မိတ်ဆွေတွေကို လွတ်ချလိုက်ပါ။ မကောင်းတဲ့လူတွေအနားမှာ ရှင်သန်ဖက်တွယ်နေမိတာကို စွန့်လွှတ်လိုက်ရင်ကိုယ်အတွက် ပျော်စရာပတ်ဝန်းကျင်အသစ်ကိုရှာတွေ့နိုင်မှာဖြစ်ပါတယ်။