ဘယ်သူမဆိုပျော်ရွှင်တဲ့ မိသားစုမျိုးကို ပိုင်ဆိုင်ချင်ကြမှာပဲ။ ကိုယ်ချစ်ခင်ရတဲ့သူ တွေနဲ့တစ်ဘဝလုံးပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ လူတိုင်းမှာအိပ်မက်ရှိကြတယ်။ ဒီအတွက် အိမ်ထောင်ရေးမှာ သစ္စာရှိဖို့ လိုအပ်ပါတယ်။ စိတ်ပညာရှင် Willard F. Harley ဟာစုံတွဲပေါင်း (၈၀၀) ခန့်ကိုစောင့်ကြည့်လေ့လာပြီး အိမ်ထောင်ရေးသာယာဖို့အတွက် အခြေခံကျတဲ့လိုအပ်ချက်တွေနဲ့ ဖောက်ပြန်ခြင်းကို လျှော့ကျစေမယ့် နည်းလမ်းလေးတွေကို တွေ့ရှိထားပါတယ်။
ဒီနေ့ kwee page က Willard F. Harley ရဲ့စာအုပ်ထဲက အိမ်ထောင်ရေးသာယာစေမယ့် အချက်အချို့ကို ဝေမျှပေးလိုက်ပါတယ်။
သူမလိုအပ်တာက နူးညံ့သိမ်မွေ့မူ၊ သူလိုအပ်တာက လိင်ပိုင်းဆိုင်ရာသာယာမူ
Source: Bright Side
အမျိုးသမီးတွေက နူးညံ့သိမ်မွေ့မူကို လိုအပ်တယ်
အမျိုးသမီးတွေက နူးညံ့သိမ်မွေ့မှုတွေအပြင် ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာကိုလည်း လိုအပ်ကြတယ်။ နဖူးကို အသာအယာအနမ်းပေးတာ၊ ဖက်ပေးတာ၊ ပန်းပေးတာ၊ ဖုန်းခေါ်ပေးတာ၊ လက်ဆောင်လေးတွေ ဝယ်ပေးတာ အစရှိတာတွေ လုပ်ပေးခြင်းကို အမျိုးသမီးတွေက နှစ်သက်သဘောကျကြတယ်။ ပြီးတော့ ဒီလိုလုပ်ပေးခြင်းက အမျိုးသမီးတွေကို လုံခြုံမူရှိပြီးသက်သောင့်သက်သာ ဖြစ်သလိုခံစားရစေပါတယ်။
အမျိုးသားတွေက လိင်ပိုင်းဆိုင်ရာသာယာမူကို လိုချင်ကြတယ်
အမျိုးသမီးတွေက အမျိုးသားတွေရဲ့ လိင်စိတ်ပြင်းထန်မူကို လျှော့တွက်ထားတတ်ကြတယ်။ Willard F. Harley ရဲ့အဆိုအရ အမျိုးသားတွေလိင်ပိုင်းဆိုင်ရာသာယာမူနဲ့ အမျိုးသမီးတွေ နူးညံ့သိမ်မွေ့မှုတို့မှာ ဆက်နွယ်မှုရှိနေပါတယ်။ အမျိုးသမီးတွေက သူတို့ကို နူးညံ့သိမ်မွေ့မှုတွေ ဂရုစိုက်မှုတွေ မပေးရင် လိင်ပိုင်းဆိုင်ရာကိစ္စကို စဉ်းစားပေးခြင်းမရှိဘဲ အမျိုးသားတွေကလည်း သူတို့အတွက် လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေ စဉ်းစားပေးခြင်းမရှိဘူးဆိုရင် အမျိုးသမီးတွေကို ဂရုမစိုက်တတ်ကြဘူးလို့ ဆိုထားပါတယ်။
သူမလိုအပ်တာက စကားပြောတာကိုနားထောင်ပေးမယ့်သူ၊ သူလိုအပ်တာက ဝါသနာတူ သူငယ်ချင်း
Source: Bright Side
အမျိုးသမီးတွေက စကားပြောဖို့လိုအပ်တယ်
အမျိုးသမီးတွေက သူတို့ပြောတဲ့စကားတွေကို နားထောင်ပေးပြီး အပြန်အလှန်စကားပြောပေးမယ့်သူကို လိုလားကြတယ်။ အမျိုးသမီးတွေအတွက် သူတို့နဲ့ အပြန်အလှန်စကားပြောပေးပြီး သူတို့ပြောတာကိုလည်း နာထောင်ပေးမယ့်လူရှိဖို့ လိုအပ်ပါတယ်။
အမျိုးသားတွေက အမျိုးသမီးတွေကို ဖျော်ဖြေရေးပိုင်းတွေမှာ သူတို့နဲ့အတူအဖော်ပြုပေးဖိုလိုအပ်ကြတယ်
အမျိုးသမီးတွေဟာ ရံဖန်ရံခါ သူတို့ရဲ့ပါတနာတွေနဲ့ ဝါသနာတွေ မျှဝေလေ့ရှိကြတယ်။ ဘောလုံးပွဲတွေ အတူကြည့်တာ၊ ဂိမ်းတွေအတူဆော့တာ စသဖြင့်လုပ်ပေးလေ့ရှိကြတယ်။ အိမ်ထောင်ကျသွားတဲ့အချိန်မှာတော့ အမျိုးသမီးတွေက သူတို့အမျိုးသားတွေလုပ်ချင်တာကို တစ်ဦးတည်းလွတ်လွတ်လပ်လပ်လုပ်ခိုင်းလေ့ရှိကြတယ်။ ဒါပေမယ့် အမျိုးသားတွေလိုအပ်တာက သူတို့လုပ်ချင်တာတွေ လုပ်နေတဲ့အချိန်မှာ သူတို့ရဲ့အမျိုးသမီးတွေကို အဖော်အဖြစ်ပါစေချင်ကြတယ်။ ဒါဟာ အမျိုးသားတွေအတွက် အလွန်အရေးပါတဲ့ အချက်တစ်ခုဖြစ်တယ်။
သူမလိုအပ်တာက ရိုးသားမှု၊ သူလိုအပ်တာက ဆွဲဆောင်မှုရှိတဲ့ မိန်းမ
Source: Scientists Defined 5 Basic Things That Decrease the Risk of Cheating to Zero
အမျိုးသမီးတွေက ရိုးသားပြီးပွင့်လင်းတဲ့သူကို လိုချင်ကြတယ်
အမျိုးသမီးတွေရဲ့ယုံကြမှုက သူတို့ရဲ့ပါတနာ ရိုးသားမှုအပေါ်မှာမူတည်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ယုံကြည်မှုကို ဆက်လတ်ထိန်းသိမ်းနိုင်ဖို့အတွက် အမျိုးသားတွေအနေနဲ့ ကိစ္စရပ်အသေးအမွှားတွေကအစ ရိုးသားဖို့လိုအပ်ပါတယ်။
အမျိုးသားတွေက ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုရှိတဲ့ မိန်းမကိုလိုချင်ကြတယ်
အမျိုးသားတွေဟာ သူတို့ရဲ့ပါတနာ တော်ပြီးထက်မြက်တဲ့ မိန်းကလေးဖြစ်ရုံနဲ့ မကျေနပ်နိုင်ကြဘူး။ သူတို့ရဲ့မိန်းမတွေကို ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိလည်း ရှိစေချင်ကြတယ်။
သူမလိုအပ်တာ ငွေကြေးလုံလောက်နေဖို့၊ သူလိုအပ်တာက နွေးထွေးသောအိမ်
Source: Inspiring Tips
အမျိုးသမီးတွေအတွက်က ငွေးကြေးဖူလုံနေဖို့လိုအပ်တယ်
တင့်တင့်တယ်တယ်နေထိုင်နိုင်ဖို့အတွက် အမျိုးသမီးတွေက ငွေကြေးဖူလုံနေဖို့အတွက် လိုအပ်ကြတယ်။ ဒါက အမျိုးသမီးတွေက လုံခြုံမူရှိတယ်လို့ ခံစားရစေတဲ့ အချက်တချက်လည်းဖြစ်ပါတယ်။
အမျိုးသားတွေအတွက်ကတော့ နွေးထွေးတဲ့ အိမ်လိုချင်ကြတယ်
အမျိုးသားတွေဟာ နေ့စဉ်ပြဿနာပေါင်းသောင်းခြောက်ထောင် ကြုံတွေ့ဖြေရှင်းနေရလေ့ရှိကြတယ်။ ဒါကြောင့် သူတို့တွေအတွက် အေးအေးဆေးဆေး အနားယူဖို့ အင်မတန်လိုအပ်ပါတယ်။ အမျိုးသားအများစုရဲ့ အိပ်မက်ကတော့ သူတို့ကို နွေးထွေးစွာ ကြိုဆိုနေမယ့်ဇနီးမယားနဲ့ အိမ်ပဲဖြစ်ပါတယ်။