အခုခေတ်ဟာ အွန်လိုင်းကနေ ကိစ္စအတော်များများကို လုပ်လို့ရတဲ့ ခေတ်ပါ။ သင်မသိသေးတဲ့ ယောဂကစားနည်းအကြောင်းကိုလည်း အိမ်မှာနေရင်း လေ့လာလေ့ကျင့်လို့ ရပါတယ်။ ယောဂဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ခြင်း ၊ စိတ်ရှုပ်ထွေးမှုကို တိုက်ဖျက်နိုင်ပြီး အာရုံစူးစိုက်မှု မြင့်မားစေခြင်း ၊ ကြွက်သားသန်စွမ်းပြီး အရိုးအဆစ်ပျော့ပြောင်းစေခြင်း စတဲ့ အကျိုးတွေ ပေးတဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။
အရင်ကတော့ ယောဂသင်တန်းတွေဆို ကိုယ်တိုင် သင်တန်းသွားတက်ပြီးမှ နည်းယူခဲ့ရတာပါ။ အခုဆိုရင် အွန်လိုင်းမှာ ယောဂကစားနည်းတွေ အခမဲ့သင်ပေးတဲ့ သင်တန်းတွေ ရှိလာပြီ ဖြစ်ပါတယ်။ အခုပြောမယ့် သင်တန်းတွေကတော့ Free တက်လို့ရတဲ့ ယောဂတန်းတွေဖြစ်ပြီး နာမည်ကြီးတန်းတွေလည်း ဖြစ်ပါတယ်။
(၁) Yoga With Adriene

Photo: elbaflamenco
Yoga with Adriene ဟာ လူကြည့်အများဆုံး ယောဂချန်နယ်တွေထဲက တစ်ခုပါ။ ယောဂကို အခြေခံကစပြီး လေ့ကျင့်ချင်သူတွေအတွက် Yoga With Adriene ရဲ့ ချန်နယ်မှာ တင်ထားတဲ့ ဗွီဒီယိုဖိုင်တွေက အကောင်းဆုံး ဆရာတွေ ဖြစ်လာမှာပါ။
(၂) Fightmaster Yoga

Photo: Fightmaster Yoga
YouTube ယောဂချန်နယ်တစ်ခု ဖြစ်တဲ့ Fightmaster Yoga ရဲ့ ထူးခြားမှုက ကမ်းခြေကို နောက်ခံထားတဲ့ ယောဂလေ့ကျင့်ခန်းတွေကို မိတ်ဆက်ပြတာပါ။ Body Yoga Workout ကို နာရီဝက် ၄၅ မိနစ်အထိ လေ့ကျင့်ပြပြီး အကြောလျှော့မှုအတွက် ရော လမ်းညွှန်ချက်တွေအတွက်ပါ အသေးစိတ် အချိန်ပေးထားတဲ့ ဗွီဒီယိုဖိုင် ဖြစ်ပါတယ်။
(၃) Yoga By Candace

Photo: Yoga By Candace
၁၅ မိနစ်စာ ယောဂဗွီဒီယိုလေးတွေ တင်တဲ့ ချန်နယ် ဖြစ်ပါတယ်။ အကြောလျှော့ခြင်းနဲ့ စိတ်ဖြေလျော့အနားယူခြင်းကို အဓိက ထားပြီး သင်ကြားပေးပါတယ်။ ရိုးရှင်းပြီး ညင်သာတဲ့ လှုပ်ရှားမှုတွေနဲ့ အသက်ရှုမှုကို အာရုံစိုက်နည်းအကြောင်း စိတ်ဝင်စားဖွယ်ကောင်းအောင် သင်ပြပေးတဲ့ ချန်နယ်ပါ။ အထူးသဖြင့် အခန်းထဲမှာ စိတ်နဲ့ ကိုယ်အကြောဖြေလျှော့နည်းကို သိချင်သူတွေအတွက် တကယ်ထိရောက်တဲ့ သင်ခန်းစာဗွီဒီယိုတွေ တင်ထားပါတယ်။
(၄) SaturnoMovement

Photo: SaturnoMovement
အမျိုးသား ယောဂဆရာရဲ့ ချန်နယ်ဖြစ်ပြီး ပုခုံးနဲ့ ကျောရိုး တောင့်တင်းဖွံ့ဖြိုးအောင် ကစားတဲ့ နည်းတွေ အဓိကထား သင့်ပါတယ်။ ရုံးသမားတွေနဲ့ ထိုင်းမှိုင်းလေးကန်မှု များတဲ့သူတွေ အရွေးချယ်သင့်ဆုံး YouTube ချန်နယ်ဖြစ်ပါတယ်။
