ဒီနေ့တော့ အမျိုးသားတွေလုပ်မိလေ့ရှိကြတဲ့ ရုပ်ဆိုးစေတဲ့ အမူအကျင့်တွေအကြောင်း ပြောပြပေးသွားမှာပါ။ တစ်ချို့အမူအကျင့်တွေက အမျိုးသားတွေကို ဆွဲဆောင်မှုမရှိတော့အောင် ဖြစ်စေပါတယ်။
အကျင့်ဆိုး
Source: Highlands Ministries
ယုတ်မာတဲ့စိတ်ရှိခြင်း၊ ကောက်ကျစ်ခြင်း၊ လူတွေအနားမှာမနေချင်အောင် ဖြစ်နေခြင်း။ ဒီလိုမျိုး အတွင်းစိတ် ယုတ်ညံ့ခြင်းကလည်း အမျိုးသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုဟာလည်း အောက်ဆုံးအဆင့်မှာပဲ ရှိနေမှာပါ။
အိပ်ရေးဝဝ မအိပ်ခြင်း
Source: AsiaOne
အိပ်ရေးဝဝ အိပ်ခြင်းဆိုတာဘာလဲ။ ဒါက တစ်ဦးခြင်းအပေါ်မှာမူတည်ပါတယ်။ ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရဲ့လားဆိုတဲ့ပေါ်မှာလည်း မူတည်နေပါတယ်။ လူတော်တော်များများဟာ အိပ်ရေးပျက်တဲ့ ဒဏ်ကိုခံနေရတယ်လို့ လေ့လာသူတွေက ဆိုထားကြတယ်။
ဒီလို အိပ်ရေးပျက်ခြင်းဟာ အမျိုးသားတွေရဲ့ဆွဲဆောင်မှု အားကိုလျှော့ကျစပေါတယ်။ အသားအရောင်တွေ မွဲခြောက်သွားပြီး ကျန်းမာရေးမကောင်းတဲ့ပုံပေါက်စေပါတယ်။ ဒါကြောင့် အိပ်ရေးဝဝ အိပ်ကြဖို့တိုက်တွန်းပါရစေ။ အသားအရေ မွဲခြောက်မနေအောင် ရေဓာတ်ပြည့်ဝနေဖို့အတွက် ရေများများသောက်ပေးဖို့လည်း လိုအပ်ပါတယ်။
ထမင်းစားစာပွဲပေါ်က အလေ့အကျင့်ဆိုးများ
Source: HuffPost
လေ့လာမှုတွေအရ အမျိုးသမီးတွေရဲ့ ရာခိုင်နှုန်း (၈၀) ကျော်ဟာ အမျိုးသားတွေမှာရှိတဲ့ ထမင်းစားစာပွဲပေါ်က အလေ့အကျင့်ဆိုးတွေကို နှစ်သက်လေ့မရှိကြဘူးလို့ ဆိုထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအကျင့်ဆိုးတွေက ကိုယ်ရည်ကိုယ်သွေး ညံ့တာကိုဖော်ပြနေတယ်လို အမျိုးသမီးအများစုက ယူဆထားကြလို့ပါပဲ။
ဆိုးဝါးသော ထမင်းစာပွဲပေါ်က အမူအကျင့်များ
- ပါးစပ်ဟပြီးအစားအသောက်တွေ ဝါးစားနေတာ
- မြန်မြန်စားတာ။ (အစားအသောက်ပြိုင်ပွဲလုပ်နေတာမဟုတ်တဲ့အတွက် အချိန်ယူပြီး ကြေညက်နေအောင် ဝါးစားပါ။ ကျန်းမာရေး အတွက်လည်းကောင်းပါတယ်။)
- ပါးစပ်ထဲမှာ အစာအလုပ်ပလောင်းဖြင့် စကားပြောတာ။ လေ့လာမူတွေအရ အမျိုးသမီး (၁၀၀) ရာခိုင်နှုန်းဟာ သူတို့ကို အစားအသောက်တွေ လာစင်တာမုန်းကြတယ်။
- ဇွန်းခတ်ရင်းတွေကို ဝေ့ရမ်းပြီး စကားပြောတာ။ (တကယ်လို့ တခုခုကို ညွှန်ပြတာ (သို့) ပုံဖော်ပြီးစကားပြောရမယ်ဆိုရင် ဇွန်းခတ်ရင်း တွေကိုအရင်ဆုံးလက်က ချဖို့မမေ့ပါနဲ့။)
ခံတွင်းကျန်းမာရေး ဆိုးဝါးခြင်း
Source: Detistry at the Crossing
အမျိုးသားတွေတော်တော်များများဟာ ခံတွင်းကျန်းမာရေးကို လျစ်လျူရှူထားတတ်ကြတယ်။ ခံတွင်းကျန်းမာရေးကောင်းမွန်နေဖို့က အလွန်အရေးပါပါတယ်။ ဘာလို့လဲဆိုတော့ လူတွေနဲ့နေ့စဉ် တွေ့ဆုံပြီး ပြောဆိုဆက်ဆံနေရတာကြောင့် အနံ့အသက်ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ခံတွင်းကျန်းမာရေးကောင်းမွန်ဖို့အတွက် အခြေခံကျတဲ့ အချက်တစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။
၁. ထမင်းစားပြီးတိုင်း ပလုတ်ကျင်းပါ။ အထူးသဖြင့်အချိုဓာတ်များတဲ့ အစားအစာတွေစားပြီးတိုင်း ပိုပြီးဂရုစိုက်ပေးပါ။
၂. သွားတိုက်ပြီးတိုင်း သွားတိုက်တံကို ခပ်မြန်မြန်ခြောက်သွေ့သွားစေမယ့် နေရာမှာထားပေးပါ။ ဒါက သွားတိုက်တံမှာ ဘက်တီးရီးယားပိုးမွှားတွေ မပြန့်ပွားအောင် ကူညီပေးပါလိမ့်မယ်။
၃. သွားကိုနည်းလမ်းမှန်မှန်တိုက်ပေးပါ။ သစ်ပင်ကိုလွှဖြင့် ဖြတ်နေသလိုမျိုး သွားမတိုက်ပါနဲ့။ သွားကို အပေါ်အောက်တိုက်ပေးပါ။ ပြီးတော့ သွားတိုက်ဖို့အတွက် (၂) မိနစ်ခန့်အချိန်ယူပေးပါ။
၄. သွားဆေးခန်းကို (၆) လတစ်ကြိမ် ပုံမှန်သွားရောက်ပြီး သွားကျန်းမာရေးစစ်ဆေးပေးပါ။ သွားတိုက်တံကို (၃) လတစ်ကြိမ်လည်းလှဲပေးပါ။
ခံတွင်းကျန်းမာရေးဟာ လူတွေအတွက်အလွန်အရေးကြီးပါတယ်။ ဆိုးဝါးတဲ့ ခံတွင်းကျန်းမာရေးရှိနေပါက မိမိကိုယ်ကိုယုံကြည်မှာ လျှော့ကျစေပြီး ဆွဲဆောင်မှု အဆင့်ကိုလည်း အောက်ဆုံးအထိ ထိုးကျစေနိုင်ပါတယ်။