အဆင်မပြေတဲ့ Relationship တစ်ခုဟာ ကွီးတို့ရဲ့ဘဝကို ပိုမိုခက်ခဲအောင်ပြုလုပ်နိုင်ရုံသာမက မကြာခဏရန်ဖြစ် စကားများရတာကြောင့် စိတ်ကျရောဂါခံစားရနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ Relationship တစ်ခုကို တစ်ယောက်တည်း အားကြိုးမာန်တတ် ထိန်းသိမ်းနေရတာဟာ အလွန်ပင်ပန်းခက်ခဲလှပါတယ်။ အထူးသဖြင့် ကွီးတို့နှစ်ယောက်က ဘယ်ကိုသွားကြမလဲမသိဘဲ စမ်းတဝါးဝါး ဖြစ်နေရင် ပိုပြီးအခြေအနေဆိုးပါတယ်။ ဒီလို အခြေအနေမျိုးတွေနဲ့ ကြုံတွေ့နေရပြီဆိုရင် သေချာပြန်စဉ်းစားပြီး သုံးသပ်ဆင်ခြင်ဖို့လိုအပ်နေပါပြီ။
ဒီနေ့တော့ kwee page နေ Relationship တစ်ခုကိုရပ်စဲလိုက်သင့်ပြီဖြစ်ကြောင်း ပြနေသော လက္ခဏာတွေအကြောင်းကို ပြောပြပေးသွားမှာပါ။
မိမိအတွက် အချိန်မပေးတော့ခြင်း
Source: The Modern Man
သင့်ရဲ့ပါတနာက သင့်အတွက်အချိန် လုံလုံလောက်လောက်မပေးတော့ဘူး။ ဒါပေမယ့် တခြားလူတွေနဲ့ အချိန်တွေဖြုန်းနေတယ်ဆိုရင် ဒါဟာ သင့်ကိုစိတ်မဝင်စားတော့ဘူးဆိုတာကို ပြနေတာပါ။ အကယ်၍ ကိုယ်ချစ်တဲ့သူအတွက် အချိန်ပေးချင်တယ်ဆိုရင် သူတို့အတွက် အချိန်ပိုလာအောင် လုပ်ပေးပါလိမ့်မယ်။ မချစ်တော့ဘူးဆိုရင်တော့ ပိုနေတဲ့အချိန်တွေတောင် မပေးချင်ဘဲဖြစ်တတ်ပါတယ်။
အရင်ကနှင့်မတူတော့တဲ့ လူတစ်ယောက်လိုခံစားရမယ်
Source: I heart intelligence
တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာ သူ့ရဲ့နဂို စရိုက်လက္ခဏာတွေကို ချစ်တာပါ။ ကိုယ်ချစ်တဲ့လူတစ်ယောက်ကို ကိုယ့်စိတ်ကြိုက်ပြောင်းလဲဖို့ ကြိုးစားတာဟာ ကောင်းတဲ့အချက်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဝါသနာ (သို့) စိတ်ဝင်စားမူတွေကို အခြားလူတွေကြောင့် မပစ်ပယ်သင့်ပါဘူး။ ပြီးတော့ ကိုယ့်ရဲ့ပါတနာက အကြောင်းပြချက်မရှိဘဲ သဘောမကျတာလုပ်မိသွားတာကြောင့်လည်း အပြစ်ရှိသလို ခံစားမနေဖို့ လိုအပ်ပါတယ်။ ယခင်က ယခုလက်ရှိထက် ပိုမိုပျော်ရွှင်ခဲ့ဖူးတယ်။ ယခု Relationship မှာအကျဉ်းကျသလို ခံစားနေရတယ်ဆိုရင် သေချာစဉ်းစားဖို့ လိုအပ်နေပါပြီ။
တစ်ယောက်နှင့်တစ်ယောက် အချိတ်အဆက်မမိတော့ဘူး
Source: KlearMinds
Relationship တစ်ခုတည်မြဲဖို့အတွက် တစ်ယောက်နဲ့တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရေးကလည်း အရေးပါလှပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ပါတနာ ဖြစ်သူနှင့်ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ အခက်အခဲဖြစ်လာမယ်။ တစ်ယောက်နဲ့တစ်ယောက် လျို့ဝှတ်ချက်တွေ ထားဖြစ်လာမယ်။ စကားအပြောအဆိုလည်း ယခင်ကထက် နည်းလာမယ်ဆိုရင်တော့ တစ်ခုခု မှားနေပါပြီ။
စကားပြောတိုင်း ရန်ဖြစ်နေရတယ်
Source: Medical News Today
ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေအတွက်နဲ့တောင် စကားများရန်ဖြစ်ရတယ်။ စကားပြောတိုင်းလည်း ရန်ဖြစ်ရတယ်။ ကိုယ့်ရဲ့ အတွေးအခေါ်တွေ အကြံဉာဏ်တွေကိုလည်း ဂရုမစိုက်ဘူး။ ဒါဆိုရင်တော့ လက်တွဲဖြုတ်သင့်ပြီလို့ အကြံပေးပါရစေ။
အပေးအယူမမျှတော့ဘူး
Source: Power of Positivity
Relationship တစ်ခုမှ အပေးအယူမျှဖို့ကလည်း အရေးကြီးပါတယ်။ တစ်ယောက်တည်းကပဲ Relationship ကိုတည်မြဲအောင်ကြိုးစားနေတယ် ဆိုရင်တော့ ပင်ပန်းပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ပါတနာက အမြဲတမ်းဆန့်ကျင်ဘက်ကိုဘဲ သွားနေတယ်ဆိုရင်တော့ အဆင်မပြေတော့ပါဘူး။ ကိုယ်အားထုတ်ကြိုးပမ်းတာကိုအသိအမှတ်ပြုပေးနိုင်တဲ့ တစ်ယောက်ယောက်ကို ရှာဖွေဖို့ သင့်နေပါပြီ။