လူတိုင်းမှာ ကိုယ် ကိုယ်တိုင်က ကိုယ့်ဘဝရဲ့အမြဲတမ်းအဖော်မွန်ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ပျော်ရွှင်တဲ့ ဘဝတခုကိုပိုင်ဆိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုမှန်ကန်အောင်ပြုစုပျိုးထောင်ဖို့အရေးကြီးပါတယ်။ အခုပြောပြပေးမှာ က ကိုယ့်ကိုယ်ကိုပြုစုပျိုးထောင်ဖို့အတွက် ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကိုလက်ခံပြီး ဘဝကိုအပြု သဘောဆောင်စွာရှေ့ဆက်ဖို့အတွက် အကြုံပြုချက်တွေပဲဖြစ်ပါတယ်။

(၁) သင့်ကိုယ်သင် လက်ခံပါ

Source : HelpGuide.org

ကိုယ့်ကိုယ်ကိုလက်ခံခြင်းဆိုတာဟာ ကိုယ်ဘယ်လိုလူမျိုးဆိုတာကို ခြွင်းချက်မရှိတန်ဖိုး ထားတဲ့စွမ်းရည်ဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ့်မှာရှိတဲ့ကောင်းတဲ့အရာတွေရော ပြုပြင်ဖို့လိုအပ်နေတဲ့ အရာတွေအားလုံးကို ကိုယ်တိုင်အသိအမှတ်ပြုလိုက်တာပါ။ ဒါပေမယ့် အများစုက ကိုယ့်ကိုယ်ကိုဝေဖန်တတ်ကြတဲ့အတွက် ကိုယ့်ကိုယ်ကိုလက်ခံဖို့ဆိုတာခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ယူရင်မဖြစ်နိုင်တဲ့အရာဆိုတာမရှိပါဘူး။

(၂) သင့်ရဲ့ဖြစ်တည်မှုကို အသိအမှတ်ပြုပါ

Source : Lehigh Center

တခါတရံအမှန်တရားက လက်ခံဖို့ခက်ပါတယ် ဒါပေမယ့် ကိုယ့်ရဲ့လက်ရှိအခြေအနေကိုလက်ခံတာက ပိုမိုပျော်ရွှင်စေပြီး ပိုကောင်းတဲ့အနာဂတ်ကိုဦးတည်စေပါတယ်။ လက်တွေ့ကျတဲ့အခြေအနေအဖြစ်မှန်နဲ့ ဆက်လက်လုပ်ဆောင်တဲ့အခါ ရည်ရွယ်ချက်လဲမှန်ကန်လာပါတယ်။ ဒါ့က သင့်ရဲ့ဖြစ်တည်မှုကိုလက်ခံပြီး သင့်ရဲ့အိမ်မက်တွေကိုအောင်မြင်အောင် အကောင်အထည်ဖော်ဖို့ကိုကူညီပေးပါလိမ့်မယ်။

(၃) အမှားတွေကို ဝန်ခံပါ

Source : MensLine Australia

သင့်အနေနဲ့ အမှားတခုလုပ်မိတယ်ဆိုပါစို့ အဲ့ဒီအမှားကိုသင်ကပြသနာကြီးတခုအနေနဲ့မြင်ရင်တောင် ပြန်ပြင် ဆင်လို့ မရတော့ပါဘူး။ သင်လုပ်မိတဲ့အမှားကို ရှုံးနိမ့်သွားတယ်လို့မမြင်ဘဲ သင်ခန်းစာတခုအနေနဲ့ မြင်ဖို့ ကြိုးစားပါ။ သင်က သင့်အတွက်အဖြစ်မှန်ကိုထိန်းချုပ်နိုင်ပြီး မတူညီတဲ့ရွေးချယ်မှုတွေဆက်လုပ်ဖို့အတွက် အရေးကြီးဆုံးအရာပါ။

(၄) မကြောက်ပါနဲ့

Source : Anxiety Disorder Helpline

သင့်ကိုယ်သင် ဘယ်အရာကိုမှ ကြောက်ဖို့ခွင့်မပြုပါနဲ့။ အထူးသဖြင့် သင်လုပ်ချင်တဲ့အရာတခုအတွက် တခြား သူတွေကသင့်ကို ဘယ်လိုထင်မြင်မလဲဆိုတာကိုကြောက်တာပြီး ရှေ့ဆက်မလုပ်ချင်တော့တာမျိုး မဖြစ်ပါစေနဲ့။ သင့်အတွက် အကောင်းဆုံးလို့သင်ထင်တဲ့လမ်းကိုလျှောက်ဖို့ဆန္ဒရှိပြီး မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေအကျိုးရ လဒ်တွေကိုရင်ဆိုင်နိုင်ပါစေ။

(၅) ကိုယ့်ကိုယ်ကို အကောင်းပြောပေးပါ

Source : TheHopeLine

တကယ်တော့ သင့်ကိုယ်ကိုယ်အပြုသဘောဆောင်တဲ့ဆက်ဆံမှုက သင့်အတွက်ကြီးမားတဲ့အရာတွေရစေပြီး သင်ကိုယ်တိုင်ရဲ့ စဉ်းစားတွေးခေါ်ပုံကိုပြောင်းလဲစေပါတယ်။ သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ သင့်ရဲ့လုပ် ဆောင်မှုတိုင်းအတွက် ကိုယ့်ကိုယ်ကို စိတ်ရင်းနဲ့ချီးကျူးပါ။ ဥပမာ- ဒီနေ့အတွက် သင်အားကစားလုပ်ခဲ့တာဖြစ် ဖြစ်၊ ဖုန်းမသုံးဘဲ စောစောအိပ်ရာဝင်ခဲ့တာဖြစ်ဖြစ် ကောင်းတဲ့အရာလုပ်တိုင်းကိုယ့်ကိုယ်ကို ကျေးဇူးတင်ပါ။ နေ့စဉ်လုပ်ဖြစ်တဲ့အထိ အလေ့အကျင့်ဖြစ်လာတဲ့အခါ သင့်ကိုယ်သင်ပိုပျော်ရွှင်လာပါလိမ့်မယ်။