“အရေးကြီးတာက မေးခွန်းတွေမေးနေခြင်းကို မရပ်လိုက်ဖို့ပါပဲ။ စပ်စုခြင်းဆိုတာ အကြောင်းရှိလို့ တည်ရှိနေတာပါ။” ဒါက အဲလ်ဘတ်အိုင်းစတိုင်း ပြောခဲ့တဲ့စကားပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ဟာ နဖူးပေါ်လက်တင်ပြီး ထူးဆန်းတဲ့ မေးခွန်းတွေမေးနေတတ်ကြတယ်။
ဒီနေ့ kwee ပြောပြပေးမယ့်အကြောင်းအရာကလည်း လူတွေမေးလေ့ရှိတဲ့ ပေါက်ကရမေးခွန်းတွေ အကြောင်းပဲဖြစ်ပါတယ်။
တကယ်လို့ ကမ္ဘာကြီးတွင် အောက်စီဂျင် (၅) စက္ကန့် ပြတ်တောက်သွားရင် ဘာဖြစ်မလဲ

- လေထဲမှာပါဝင်နေတဲ့ အောက်စီဂျင်ဟာ UV light ကိုကာကွယ်ပေးပါတယ်။ တကယ်လို့ အောက်စီဂျင်သာ ပြတ်တောက်သွားပြီး နေရောင်နဲ့ထိတွေ့လိုက်မယ်ဆိုရင် နေလောင်ဒဏ်ရာတွေ ရရှိကုန်မှာပါ။
- နေ့ဘက်မှာတောင် ကောင်းကင်ကြီးက မဲနေမှာပါ။ လေထုထဲမှာ အပြာရောင်အလင်းကို ဖြန့်ကြက်ပေးနိုင်တဲ့ အရာတွေနည်းပါးသွားတာကြောင့် အခုလို အမဲရောင်အဖြစ်ပြောင်းသွားတာပါ။
- လူတွေရဲ့နားအတွင်းပိုင်းတွေ ပေါက်ကွဲကုန်မှာပါ။ ဘာလို့လဲဆိုတော့ လေဖိအားတွေ (၂၁) ရာခိုင်နှုန်းခန့် လျှော့ကျသွားနိုင်လို့ပါပဲ။
လေယာဉ်ပျံသန်းနေစဉ်အတွင်း လေယာဉ်တံခါးကို ဖွင့်လိုက်ရင်ဘာဖြစ်မလဲ

သေချာတာတစ်ခုကတော့ အဆိုးဆုံးအခြေအနေကို ကြုံတွေ့ရမယ်ဆိုတာပါပဲ။ တံခါးပေါက်အနီးမှာ ထိုင်နေတဲ့ခရီးသည်တွေအားလုံး လေယာဉ်ထဲကနေ လွှင့်ထွက်ကုန်ကြမှာပါ။ လေယာဉ်တစ်စီးလုံးလည်း တဖြည်းဖြည်း ပျက်စီးကုန်မှာပါ။ အောက်စီဂျင်မပြတ်ခင်အထိ အသက်ရှူကိရိယာကို တပ်ဆင်ဖို့ (၁၅-၂၀) စက္ကန့်အထိ အချိန်ရပါတယ်။ ဒါပေမယ့် အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းက အလွန်ကိုပဲနည်းပါးပါတယ်။
ဒါပေမယ့်မပူပါပဲ။ လေယာဉ်တံခါးကို ဆွဲဖွင့်ဖို့ဆိုတာ လူတစ်ယောက်အတွက် အလွန်ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ လေဖိအားတွေကြောင့်ပါ။ ဒါကြောင့် စူပါစွမ်းအားမရှိဘဲနဲ့ လေယာဉ်တံခါးကို ဆွဲဖွင့်ဖို့ မဖြစ်နိုင်ပါဘူး။
လကြီး ရုတ်တရက်ပျောက်ကွယ်သွားရင် ဘာဖြစ်လာနိုင်လဲ

- နေရဲ့အလင်းရောင်ကို ရောင်ပြန်ဟပ်ပြီး ထွန်းလင်းတဲ့ လမရှိတော့တာကြောင့် ညဘက်တွေ ပိုပြီးမဲမှောင်လာမယ်။
- ဇီးကွက်၊ ခြင်္သေ့ တို့လို ညဘက် လအလင်းရောင်ကို အမှီပြုပြီး အမဲလိုက်နေရတဲ့ တိရိစ္ဆာန်တွေအတွက် အခက်အခဲဖြစ်လာမယ်။
- လမရှိတော့တာကြောင့် ဆွဲငင်အားအပြောင်းအလဲဖြစ်ကာ ငလျင်လှုပ်တာ (သို့) မီးတောင်တွေပေါက်ကွဲတာ စတဲ့သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့လာနိုင်ပါတယ်။
ကမ္ဘာပေါ်က အင်းဆက်ပိုးမွှားတွေ ပျောက်ကွယ်သွားရင် ဘာဖြစ်နိုင်မလဲ

- ကမ္ဘာပေါ်မှာရှိတဲ့ အပင်ရဲ့ (၈၀) ရာခိုင်နှုန်းဟာ အပွင့်ပွင့်ကြတဲ့အပင်တွေဖြစ်ပါတယ်။ ဆိုလိုတာက ဝတ်မှုန်ကူးဖို့အတွက် ပျား (သို့) လိပ်ပြာတို့လို့ အင်းဆက်ပိုးမွှားတွေရဲ့အကူအညီလိုအပ်ပါတယ်။ အင်းဆက်တွေ မရှိတော့တာကြောင့် ဝတ်မှုန်ကူးခြင်းမရှိတော့ဘူးဆိုရင် အပင်မျိုးစိတ် တော်တော်များများ ပျောက်ကွယ်ကုန်မှာပါ။
- အင်းဆက်တွေမရှိတော့ဘူးဆိုရင် အစာကွင်းဆက်အပေါ်အများကြီး သက်ရောက်မှုရှိနိုင်ပါတယ်။ သူတို့တွေပျောက်ကွယ်သွားရင် သူတို့ကိုစားသုံးပြီး ပြီးနေထိုင်နေကြတဲ့ ငှက်တွေနဲ့ အခြားနို့တိုက်သတ္တဝါတွေပါ ပျောက်ကွယ်သွားမှာပါ။
Source: Bright Side
