လူတယောက်ရဲ့ ပင်ကိုစရိုက်ကိုသိဖို့ စမ်းသပ်ချက်တွေရှိပါတယ်။ ဒါပေမယ့် စမ်းသပ်ချက်တွေမလိုဘဲ အလွယ်ဆုံးသိနိုင်တဲ့နည်းကတော့ သူကခွေးချစ်သူလား၊ ကြောင်ချစ်သူလားဆိုတာပါ။ အောက်မှာ ခွေးချစ်သူတွေနဲ့ ကြောင်ချစ်သူတွေကြားက မတူတဲ့အချက်လေးတွေကိုပြောပြေပေးထားပါတယ်။
(၁) ခွေးချစ်သူတွေက ကြောင်ချစ်သူတွေထက်လူတွေကို ပိုကြိုက်တယ်
Source : Just Beer
များသောအားဖြင့် ခွေးချစ်သူတွေဟာ ကြောင်ချစ်သူတွေထက်လူတွေနဲ့ပေါင်းသင်းရတာပိုကြိုက်ပါတယ်။ ကြောင်ချစ်သူတွေကတော့ တယောက်ထဲနေရတာပိုကြိုက်တတ်ကြပြီး ခွေးချစ်သူတွေလောက်မဖော်ရွေတတ်ကြပုံပေါက်ပါတယ်။
(၂) ကြောင်ချစ်သူတွေက ခွေးချစ်သူတွေထက်ဉာဏ်ကောင်းကြတယ်
Source : Reader’s Digest
ကြောင်ချစ်သူတွေဟာ ခွေးချစ်သူတွေထက်ဉာဏ်ကောင်းတတ်ကြပြီး မမေ့တတ်ကြပါဘူး။ ဒါ့ကြောင့်လဲ ကြောင်တွေက ခွေးတွေထက်ပိုပါးနပ်ကြတာဖြစ်ပါလိမ့်မယ်။
(၃) ခွေးချစ်သူတွေက ပိုနာခံတတ်တယ်
Source : Dogtime
ခွေးချစ်သူတွေက ခွေးလေးတွေလိုပဲ ပိုစကားနားထောင်တတ်ကြတယ်လို့ဆိုပါတယ်။ ကြောင်ချစ်သူတွေကတော့ စည်းကမ်းတွေကို ပုံမှန်နာခံတတ်သူတွေမဟုတ်တာများပြီး ခွေးချစ်သူတွေက သပ်သပ်ရပ်ရပ်နဲ့လိုက်နာတတ်ကြပါတယ်။
(၄) ကြောင်ချစ်သူတွေက ခွေးချစ်သူတွေထက် ပိုပွင့်လင်းတယ်
Source : The Mirror
ကြောင်ချစ်သူတွေဟာ ယေဘုယျအားဖြင့် ပွင့်လင်းတဲ့စိတ်၊ တီထွင်ဖန်တီးမှု၊ စိတ်ကူးစိတ်သန်းကောင်းကြပါတယ်။ ဒါပေမယ့် ခွေးချစ်သူတွေကတော့ သူတို့ရဲ့ခွေးလေးတွေလိုပဲ ဘာပြောပြောယုံတတ်ကြသူလေးတွေပါ။
(၅) ခွေးချစ်သူတွေရော ကြောင်ချစ်သူတွေပါ တယောက်တမျိုးဟာသဉာဏ်ရှိကြပါတယ်
Source : Short Term Rentalz
နောက်ဆုံးတချက်ကတော့ ကြောင်ချစ်သူတွေဟာ လိမ္မာပါးနပ်တဲ့စကားလုံးတွေ၊ ထင်မှတ်မထားတဲ့ဟာသတွေကိုကြိုက်တတ်ကြပြီး ခွေးချစ်သူတွေကတော့ ဟာသဆန်ဆန်ပြုလုပ်တဲ့ဟာသဗွီဒီယိုမျိုးကိုကြိုက်ကြသလို သူတို့ကိုယ်တိုင်လဲလုပ်ပြတတ်ကြပါတယ်။