အစပ်စားခြင်းဟာ ကျန်းမာရေးနဲ့ညီတယ်ဆိုပေမယ့် အရမ်းစပ်တာတွေစားရင် လျှာမှာ စပ်ရုံတင်မက ခေါင်းကိုက်၊ မူးဝေအော့အန်တာ၊ အသက်ရှုရပ်တာတွေပါ ဖြစ်သွားနိုင်ပါတယ်။ ဒီနေ့ kwee ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ ကမ္ဘာ့အစပ်ဆုံးဆိုတဲ့ ငရုပ်သီးတွေအကြောင်းပါပဲ။
Dragon’s Breath

Source: Twitter
Dragon’s Breath ငရုတ်သီးရဲ့အစပ်ကို scoville အပူယူနစ်နဲ့ တိုင်းတာတဲ့အခါ Dragon’s Breath ငရုပ်သီးရဲ့ အစပ်က ၂,၄၈၀,၀၀၀ SHU ရှိပါတယ်။ ဂင်းနစ်စံချိန်မှာတော့ အစပ်ဆုံးအဖြစ် မှတ်တမ်းဝင်ထားတာပါ။ တစ်ကိုက် ကိုက်မိရုံနဲ့ ဆေးရုံရောက်သွားမယ့် ငရုတ်သီးမျိုးပါ။
Carolina Reaper

Source: Carolina-Reaper
ဒီငရုတ်သီးဟာ မျိုးစပ်ပြီး စိုက်ပျိုးထုတ်လုပ်တာ ဖြစ်ပါတယ်။ ကင်းမြီးကောက်အမြီးနဲ့ အထိုးခံရသလို ပူစပ်လွန်းတယ်။ အစပ်နှုန်းက ၁,၄၀၀,၀၀ ယူနစ်ကနေ ၂,၂၀၀,၀၀၀ ယူနစ်အထိ ရှိပါတယ်။ အရှည်က ၁လက်မခွဲနဲ့ ၂လက်မကြား ရှိပါတယ်။ အစပ်စားပြိုင်ပွဲမှာ ဒီငရုတ်သီးစားပြီး ဝင်ပြိုင်တဲ့ အမျိုးသားတစ်ဦးကတော့ လည်ပင်းတွေနာ၊ ခေါင်းတွေကိုက်၊ မူးဝေအော့အန်လာလို့ ဆေးရုံရောက်သွားဖူးပါတယ်။
Komodo Dragon

Source: PepperScale
Komodo Dragon ငရုတ်သီးဟာ တဖြည်းဖြည်းနဲ့အစပ်နှုန်းမြင့်တက်လာတဲ့ငရုတ်သီးမျိုးပါ။ ပုံစံက ၂ လက်မအရှည် ခပ်ပိန်ပိန်ပါပဲ။ အစပ်ယူနစ်က ၁,၄၀၀,၀၀၀ ကနေ ၂,၂၀၀,၀၀ အထိ ရှိပါတယ်။ အရမ်းစပ်တာကိုမှ စားချင်သူတွေက ဒီငရုတ်သီးကို တကူးတကဝယ်စားကြပါတယ်။
Trinidad Moruga Scorpion

Source: Killer Pepers
ဒီငရုတ်သီးရဲ့ အစပ်ယူနစ်က ၂,၀၀၉,၂၃၁ အထိရှိပါတယ်။ ဒီငရုတ်သီးမျိုးစိတ်မျိုးကို Trinidad and Tobago နိူင်ငံ Moruga မြို့တွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရှားလည်းရှားပါတယ်။ တစ်ကိုက်ကိုက်လိုက်တာနဲ့ ပူစပ်တဲ့အရသာက တော်ရုံနဲ့ ပျောက်ကင်းမသွားတက်ပါဘူး။
Moruga Scorpion ငရုတ်သီးက Carolina Reaper ငရုတ်သီးနီးပါး ပူစပ်တဲ့အရသာ ရှိပါတယ်။
