လူတိုင်းကျန်းမာချင်ကြတယ်။ ကျန်းမာမှလည်း ပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိူင်မှာပါ။ ဒါပေမယ့် လူတွေက အသက်ရှင်ဖို့ရုန်းကန်နေရတာကြောင့် gym သွားပြီးအားကစားလုပ်ချိန်မရှိသလိုတစ်ချို့တွေကတော့ အပြင်ထွက်ဖို့ပြင်းကြတာကြောင့် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ မလုပ်ဖြစ်ကြဘူး။ လေ့လာမူတွေအရ နှစ်သစ်ကူးတဲ့အချိန်မှာ လူအများစုရဲ့ နံပက် (၁) ရည်ရွယ်ချက်က ဝိတ်ကျဖို့ဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် kwee page ကနေ အိမ်မှာလုပ်လို့ရတဲ့ ဗိုက်ချပ်နိုင်သည့် လေ့ကျင့်ခန်းတွေကို ညွန်ပြပေးလိုက်ပါတယ်။

Plyo step-ups

ဒီလေ့ကျင့်ခန်းကို လုပ်ဖို့အတွက် ခုံအပုလေးတစ်လုံး လိုအပ်ပါတယ်။ ခြေထောက်တစ်ချောင်းကို ခုံပေါ်တင်လိုက်ပါ။ ခုံပေါ်က ခြေထောက်ကို အားပြုပြီး ခုန်လိုက်ပါ။ ဒီလိုခုန်လိုက်တဲ့အချိန်မှာ နောက်ခြေထောက်တစ်ဖက်ကို ခုံပေါ်တင်လိုက်ပြီး ခုံပေါ်ကခြေထောက်က ကြမ်းပြင်ပေါ်ရောက်သွားရပါမယ်။ ဒီအတိုင်း (၈) ကြိမ်ခန့်ပြုလုပ်ပေးပါ။

Toe taps

ဒီလေ့ကျင့်ခန်းအတွက် ဘောလုံးတစ်လုံးလိုအပ်ပါတယ်။ ပထမဦးစွာ ခြေတစ်ဖက်ရဲ့ ခြေချောင်းတွေကို ဘောလုံးပေါ်မှာထားလိုက်ပါ။ နောက်ခြေထောက်တစ်ချောင်းက ကြမ်းပြင်ပေါ်မှာ ရှိနေရပါမယ်။ ပြီးတာနဲ့ခြေထောက်ချင်း အပြောင်းအလဲ ခပ်မြန်မြန်လုပ်ပေးပါ။

Plank walks

ပထမဦးဆုံး Plank အနေအထားပုံစုံ ကြမ်းပြင်ပေါ် လက်ဖျံရိုးထောက်ထားလိုက်ပါ။ ပုခုံးနဲ့ ခြေထောက် တစ်တန်းတည်းဖြစ်သွားအောင် ခြေထောက်ကို နောက်သို့ဆုတ်လိုက်ပါ။ ပြီးတာနဲ့ လက်ဖဝါး ထောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို မတင်လိုက်ပါ။ တစ်ကြိမ်မှာ လက်တစ်ချောင်းသာထောက်ပါ။ လက်နှစ်ချောင်းလုံး ပြီးသွားတာနဲ့ နဂို Plank ပုံစံအနေအထားအတိုင်း ပြန်နေပေးပါ။

Sprinter sit-ups

ပထမဆုံး ကြမ်းပြင်ပေါ် ပက်လက်အနေအထား လဲလျောင်းလိုက်ပါ။ လက်ကို ပုံမှာပြထားတဲ့ အနေအထားတိုင်း ထားလိုက်ပါ။ ညာဘက် ဒူးခေါင်းကို အနည်းငယ် ကွေးလိုက်လိုက်ပြီး ခန္ဓာကိုယ်ကို ၄၅ ဒီဂရီ မတင်လိုက်ပါ။ ဒီအချိန်မှာ ဘယ်ဘက်လက်ကို ရှေ့ကိုထွက်နေရမှာဖြစ်ပြီး ညာဘက်လက်ကတော့ အနောက်ဘက်မှာရောက်နေရမှာပါ။

Squat thrusts

push-up ပုံစံအနေအထားအတိုင်း နေလိုက်ပါ။ ပြီးတာနဲ့ ဒူးခေါင်းတွေ ရင်ဘက်နားရောက်သည့်အထိ ခုန်လိုက်ပါ။ ပြီးရင် မူလ push-up အတိုင်းဖြစ်အောင် ထပ်ခုန်လိုက်ပါ။

Source: Bright Side