လူမှုကွန်ရက်တွေပေါ်မှာ လူငယ် Motivational Speaker တစ်ဦးဖြစ်တဲ့ Jay Shetty ကို အတော်များများ မြင်ဖူးကြမှာပါ။ Subscriber ၄ သန်းကျော် ရှိတဲ့ YouTube ချန်နယ်တစ်ခုကို တည်ထောင်ထားတဲ့ Jay Shetty အိန္ဒိယသွေးပါတဲ့ ဗြိတိန်လူမျိုးဖြစ်ပြီး Invisible World နာမည်နဲ့ Short Flimစီးရီးလေးတွေကို တင်ဆက်နေသူပါ။

၂၀၁၈ ရဲ့ လူကြည့်အများဆုံး Facebook ဗွီဒီယိုဖန်တီးသူထဲက တစ်ဦးဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေး ၊ အချစ်ရေးနဲ့ ဘဝအမြင်တွေကိုလည်း မျှဝေနေသူ ဖြစ်ပါတယ်။ Jay Shetty ပြောခဲ့တဲ့ ဘဝသင်ခန်းစာများအကြောင်းထဲမှာ စိတ်ဝင်စားစရာ သင်ခန်းစာလေးတွေ ရှိပါတယ်။

Comfort Zone က ထွက်တော့မယ်ဆိုရင်

Photo: eminaykac

မလုပ်မရှုပ်မပြုတ်ဘဝကြီးထဲကနေ လစ်တော့မယ်။ အသစ်တွေ ဖန်တီးတော့မယ်လို့ တွေးရင် ကိုယ့်ကိုယ်ကို ကလေးပေါက်စအဆင့်ကနေ စဖို့ Jay Shetty က အကြံပေးပါတယ်။ “ပြိုင်ကားမောင်းနည်း သင်တော့မယ်ဆိုရင် ကျွန်တော်တော့ Formula 1 ကားမောင်းသမားတွေနဲ့ အရင်မပြိုင်ဘူး။ အခြေခံအတန်းကနေ သွားမှာပဲ” လို့ Shetty က ဆိုပါတယ်။ အသစ်တွေ နားလည်ဖို့အတွက် ကိုယ့်ရဲ့ လေ့လာမှုကို သိပ်ဆန္ဒမစောဖို့ လိုပါတယ်။ မဟုတ်ရင်တော့ တပ်လန်သွားမယ်လို့ ဆိုပါတယ်။

အရှိန်လျှော့ခြင်း

Photo: mrgoodlife

မနားတမ်း လုပ်နေတာဟာ ဖန်တီးမှုအတွက် ပြဿနာ ဖြစ်နိုင်ပါတယ်။ “သင့်ကိုယ်သင် ပြန်အချိန်ပေးလိုက်တာဟာ ပိုပြီး ဖန်တီးမှုတွေ ဖြစ်လာစေပါတယ်။ ဖန်တီးမှု ပိုကောင်းလာသလို အကောင်းဆုံးလုပ်ရပ်တွေပါ လုပ်နိုင်မှာပါ။ တကယ်လို့ ကိုယ့်ကိုယ်ကို အလျင်သိပ်မလိုအောင် လျှော့ချခြင်း မလုပ်ဘူးဆိုရင် သင့်ခန္ဓာကိုဘ်နဲ့ စိတ်က တစ်နည်းနည်းနဲ့ အဲ့ဒီလို လုပ်အောင် တွန်းအားပေးသွားပါလိမ့်မယ်။”

အချိန်ရွှေ့ရတဲ့ အကြောင်းရင်းကို ရှာခြင်း

Photo: capstoneediting

“ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ ပျင်းစရာကောင်းလို့လား ၊ စိတ်ရှုပ်ရလို့လား ။ ခက်ခဲပင်ပန်းလို့လား ။ ဒွိဟဖြစ်နေလို့လား။ အစီအစဉ်တကျမဖြစ်လို့လား ရည်ရွယ်ချက်ပျောက်နေလို့လား။” အကြောင်းရင်းကို ဖော်ထုတ်နိုင်ခြင်းဟာ အချိန်ရွှေ့ရခြင်းရဲ့အားနည်းချက်ကို သိနိုင်မယ်လို့ Jay Shetty က ဆိုပါတယ်။

ပန်းတိုင်ထက် တိုးတက်မှုကို ဦးစားပေးပါ

Photo: Freepik

“ပန်းတိုင်ကို ရောက်အောင် မောင်းနှင်မယ့် တိုးတက်ရေးကိစ္စတွေပေါ်မှာ အာရုံစိုက်သင့်တယ်” လို့ Jay Shetty က အကြံပေးပါတယ်။ ခြေတစ်လှမ်းဟာ ဘယ်လောက်ပဲ သေးသေး ပန်းတိုင်ဆီ သွားနေတာမျိုး ဖြစ်နေဖို့ လိုပါတယ်။ နေ့တိုင်း တစ်လှမ်းချင်း တိုးတက်နေရမှာ ဖြစ်ပြီး သုံးလလောက်ကြာရင် ကိုယ်ဘယ်လောက်တောင် ရောက်နေပြီလဲဆိုတာ ပြန်ကြည့်လိုက်ရင် အံ့ဩရမယ်လို့ ဆိုပါတယ်။

ဆုံးဖြတ်ချက်ချခြင်းများရဲ့ နောက်ကွယ်

Photo: Freepik

တစ်ခါတစ်လေမှာ ပစ္စည်းတစ်ခု ဝယ်မယ်လို့ စိတ်ကူးမရှိဘဲ ဆိုင်ထဲ ရောက်သွားချိန်မှာ တန်တယ်လို့ ဆုံးဖြတ်ပြီး ဝယ်လိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ လူတွေဟာ တစ်ခုခုကို နှိုင်းယှဉ်ပြီး ဆုံးဖြတ်တတ်ပါတယ်။ “ကားတွေမှာ နာမည်တပ်မထားရင် ကားတွေရဲ့ တန်ဖိုးကို ကျွန်တော်တို့ သိမှာ မဟုတ်ဘူး”လို့ Shetty က ဆိုပါတယ်။ “ကျွန်တော်တို့ဟာ ကိုယ်လိုချင်တဲ့ အရာပေါ်ကြည့်ပြီး ဆုံးဖြတ်ချက်ချကြတာလား ဒါမှမဟုတ် ကိုယ့်အတွက် အရေးကြီးတယ်ဆိုပြီး တွေးပြီး ဆုံးဖြတ်သလား ဒါမှမဟုတ် တစ်ခြားအရာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဆွဲဆောင်မှု ရှိတယ်ဆိုတဲ့အပေါ် အခြေခံပြီး ဆုံးဖြတ်ကြတာလား” ဒါတွေကတော့ Jay Shetty ပြောဟောခဲ့သမျှထဲက စဉ်းစားစရာ ဘဝအတွက် သန်ခန်းစာတစ်ချို့အကြောင်းပဲ ဖြစ်ပါတယ်။