ဘာမင်ဂမ်လူငယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဂမ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ကို ငြင်းပယ်ခဲ့ပြီး ယူနိုက်တက်အစား ဒေါ့မွန်အသင်းကို လာမယ့်ရက်ပိုင်းအတွင်းမှာ ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့တော့မယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသက် ၁၆ နှစ်အရွယ် ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ပြီး ၎င်းတို့ရဲ့ပြိုင်ဘက်တွေကို အနိုင်ယူဖို့အတွက် ဘာမင်ဂမ်ကို ပမာဏတစ်ခုအထိ ပေးချေသွားဖို့ ဆန္ဒရှိနေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘယ်လင်ဂမ်ဟာ ၎င်းရဲ့ အခွင့်အလမ်းတွေကို ရရှိနိုင်ဖို့အတွက် အဆင်သင့်ရွေးချယ်နိုင်တဲ့အသင်းကို မပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပြီး နောက်ထပ်ပြောင်းရွှေ့မယ့်အသင်းကို ဆုံးဖြတ်နိုင်ဖို့ သေချာစဉ်းစားခဲ့တယ်လို့ သိရပါတယ်။

Photo: Metro

ဘာမင်ဂမ်စီးတီး လူငယ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့မတ်လက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကို လာရောက်လည်ပတ်ခဲ့ပြီး ယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က ဘယ်လင်ဂမ်ကို အိုးထရက်ဖို့ဒ် ပြောင်းရွှေ့ချင်လာအောင် စည်းရုံးတဲ့အနေနဲ့ အသင်းရဲ့ခမ်းနားထည်ဝါတဲ့ အဆောက်အအုံတွေကို လိုက်လံပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ESPN ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းရဲ့ ပထမအသင်းမှာ ပွဲထွက်ကစားခွင့်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုက ဘယ်လင်ဂမ်ကို ယူနိုက်တက်ရဲ့စိတ်ဝင်စားမှုကို ငြင်းပယ်ဖို့ စည်းရုံးနိုင်ခဲ့ပြီး လူငယ်ကွင်းလယ်ကစားသမားဟာ ယခုအပတ်မှာ ဂျာမနီကို ပြောင်းရွှေ့ပြီဖြစ်ကြောင်း ကြေညာသွားတော့မယ်လို့ သိရပါတယ်။

Photo: Vbet News

ဒေါ့မွန်အသင်းဟာ မန်စီးတီးကနေ ဆန်ချိုကို ခေါ်ယူခဲ့စဉ်တုန်းကအတိုင်း အသက် ၁၆ နှစ်အရွယ် ကွင်းလယ်ကစားသမားအတွက် ဘာမင်ဂမ်စီးတီးအသင်းကို ပေါင်သန်း ၂၀ ဝန်းကျင် လျော်ကြေးငွေပေးချေသွားရမှာဖြစ်တယ်လို့ သိရပါတယ်။