ယုံကြည်မူရှိစွာ လွတ်လွတ်လပ်လပ် ပြုံးရွှင်ရယ်မောနိုင်ဖို့အတွက် သွားလေးတွေ ဖြူစင်ဝင်းပနေဖို့ လိုအပ်ပါတယ်။ kwee ဒီနေ့ ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ သွားကျန်းမာရေးကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာပါပဲ။

တစ်နေ့ နှစ်ကြိမ်သွားတိုက်ပါ

Source: R+R Dental

သွားမကြာခဏတိုက်ပါက ပါးစပ်ပိုပြီးသန့်ရှင်းတယ်ဆိုတဲ့ အယူအဆက မှားယွင်းနေပါတယ်။ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်တာဟာ အသင့်တော်ဆုံးဖြစ်တယ်လို့ ကျွင်းကျင်သူတွေက ထောက်ပြထားကြပါတယ်။

ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ နူးညံ့တဲ့သွားပွတ်တံကိုအသုံးပြုပြီး သွားတိုက်ပေးပါ။ သွားတိုက်တဲ့အခါမှာလည်း လက်ကိုစက်ဝိုင်းပုံစံလှုပ်ရှားပြီး တိုက်ပါ။ ရှေ့သွားတွေကနေစ,တိုက်ပြီး တဖြည်းဖြည်းနဲ့ဘေးဖက်ကိုတိုက်သွားပါ။ ပြီးရင် အရှေ့ကို ပြန်လာပါ။ ဒါမျိုးကို နှစ်ကြိမ်သုံးကြိမ်လောက်လုပ်ပေးပါ။ တချို့ဘက်တီးရီးယားတွေက လျှာပေါ်မှာရှိနေပြီး အနံ့ဆိုးတွေကို ဖြစ်စေနိုင်တဲ့အတွက် လျှာကိုလည်း အသာအယာပွတ်တိုက်ပေးဖို့လည်း လိုအပ်ပါတယ်။

သွားကျန်းမာရေးကို ပုံမှန်စစ်ဆေးပေးပါ

Source: Medical News Today

သွားဆရာဝန်နဲ့ပုံမှန်စစ်ဆေးမှု ပြုလုပ်ခြင်းဟာ သွား (သို့) ခံတွင်းနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိူင်ပါတယ်။ သွားနဲ့ခံတွင်းရောဂါ အတော်များများဟာ ကနဦးမှာ ဘာရောဂါလက္ခဏာမှ ပြလေ့မရှိကြပါဘူး။ ဒါကြောင့် သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးပြီး သွားနဲ့ခံတွင်းသန့်ရှင်းရေး လုပ်ပေးခြင်းအားဖြင့် တခုခုဖြစ်ရင်လည်း စောစီးစွာသိရမှာဖြစ်ပြီး သွားပိုးပေါက်တွေရန်ကနေလည်း ကင်းဝေးစေမှာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တာတွေ စာပေးပါ

Source: Medium

အချိုပမာဏ စားသုံးမူများခြင်းဟာ သွားပိုးပေါက်တွေ၊ သွားပိုးစားတာ၊ ပျက်စီးတာတွေကို ဖြစ်စေပါတယ်။ တခြားလူတွေ အမှုမဲ့အမှတ်မဲ့နေတတ်ကြတဲ့အစားအသောက်ဆိုင်ရာ ပြဿနာတွေလည်း ရှိနေပါသေးတယ်။ သကြားနဲ့အချိုဓာတ်တွေ၊ ကစီဓာတ်များတဲ့အစားအစာတွေ (ဥပမာ-ဆန်ချော၊ ပေါင်မုန့်စသဖြင့်) စတာတွေက သွားပျက်စီးစေတဲ့အတွက်ကြောင့် စားသုံးမူကို လျှောချသင့်ပါတယ်။

ပီကေဝါးပါ

Source:

အစာစားပြီးတဲ့အခါ ပါးစပ်ထဲမှာ ဖြစ်ပေါ်လာတဲ့ pH ပမာဏဟာ ဘက်တီးရီးယားပိုးမွှားတွေကို ပေါက်ပွားစေနိုင်ပါတယ်။ အချိုဓာတ်မပါဝင်တဲ့ ပီကေအများစုမှာပါဝင်တဲ့ sorbital ဒါမှမဟုတ် xylitol တို့ဟာ အဆိုပါ pH ပမာဏကို ဓာတ်ပြယ်စေတာမို့ ဘက်တီးရီးယားပေါက်ပွားနှုန်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ပီကေဝါးခြင်းဟာ ပါးစပ်ထဲတံတွေးထွက်ခြင်းကို လှုံ့ဆော်ပေးနိုင်ပြီး တံတွေးဟာ သွားတွေကို ပြန်လည်ကြံ့ခိုင်စေကာ ကျန်းမာသန်စွမ်းစေပါတယ်။