မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ငွေကြေးသုံးစွဲသွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုလာမယ့်နွေရာသီမတိုင်မီ ကစားသမားအများအပြားနဲ့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီး ပေါင်သန်း ၁၀၀ အထိ ပေးချေရဖွယ်ရှိတဲ့ ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

Photo: 90Mins

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုက အသင်းတွေရဲ့ဘဏ္ဍာရေးအခြေအနေကို ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့ပေမယ့် ဆိုးလ်ရှားက အသင်းကို တိုးတက်အောင် အင်အားဖြည့်တင်းဖို့ အခွင့်အလမ်းရှိမယ်ဆိုရင် ဘတ်ဂျက်လည်း ရှိလာလိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

“မန်ချက်စတာစီးတီးနဲ့ လီဗာပူးအသင်းတို့ဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိဖို့ ရှိသင့်တဲ့ အဆင့်အတန်းကို သွားနိုင်ခဲ့ပါတယ်”

“ကျွန်တော်တို့လည်း တစ်ရာသီလုံး တိုးတက်လာခဲ့ပြီး အခုဆိုရင် ၁၂ ပွဲရှုံးပွဲမရှိစံချိန်ကို ရထားခဲ့ပါတယ်။ အခု ခင်ဗျား ပေါ့ဂ်ဘာနဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အဲဒီအသင်းထဲကို ထည့်နိုင်ခဲ့ပြီဖြစ်ပြီး ခင်ဗျားက ‘ဟုတ်ပြီ။ ငါတို့လည်း အရမ်းအလှမ်းမဝေးတော့ဘူး’လို့ တွေးနေမှာပါ။ အသင်းလူစာရင်းနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်”

Photo: The Sun

“တကယ်လို့ ကောင်းမွန်တဲ့ဘယ်လိုခေါ်ယူမှုမျိုးမဆို ပြုလုပ်ဖို့ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို ပိုကောင်းလာစေမှာ သေချာတဲ့ ကစားသမားတွေရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ အဲဒီကစားသမားအတွက် ငွေကြေးသုံးစွဲရမှာပါ။ ဒါပေမယ့် အသင်းလူစာရင်းက အလုပ်တွဲလုပ်လို့ အရမ်းကောင်းမွန်နေပြီး မှန်ကန်တဲ့ဦးတည်ချက်အတိုင်း ရွေ့လျားနေပါတယ်”

“ကျွန်တော်တို့ ရှိနေချင်တဲ့နေရာမှာတော့ မရှိသေးပါဘူး။ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ နီးစပ်သင့်သလောက် နီးစပ်နေပြီဖြစ်ပေမယ့် အချိန်တစ်ခုမှာတော့ ကျွန်တော်တို့ ခြေတစ်လှမ်း လှမ်းရမှာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။