သောကြာနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃၁) မှာ ချဲလ်ဆီးအသင်းက မန်စီးတီးကို (၂-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် လီဗာပူးအသင်းဟာ ကြာကာလရှည်စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို  ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းသည် လက်ကျန် (၇) ပွဲအလိုတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်အမှတ်ပေးပြိုင်ပွဲ သမိုင်းတစ်လျှောက် အစောဆုံးချန်ပီယံဖြစ်သည့် အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့သည်။

Source: Sky Sports

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရာသီမကုန်ခင် အစောဆုံးချန်ပီယံအဖြစ် ဖူးသည့်အသင်းမှာ နှစ်သင်းသာရှိပြီး မန်ယူ (၂၀၀၀-၀၁) နှင့် မန်စီးတီး (၂၀၁၇-၁၈) တို့ဖြစ်ပြီး ရာသီမကုန်မီ (၅) ပွဲအလိုတွင် ချန် ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

Source: BBC

ယခုဆွတ်ခူးရရှိခဲ့တဲ့ ဖလားဟာ (၁၉၉၀) ပြည့်နှစ်နောက်ပိုင်း လီဗာပူးအသင်းအတွက် ပထမဆုံးသောလိဂ်ဖလားလည်း ဖြစ်ပါတယ်။

ချန်ပီယံ လီဗာပူးအသင်းနဲ့ ဒုတိယနေရာက မန်စီတီးတို့အကြား အမှတ်ကွာဟမှုဟာ (၂၃) မှတ်အထိရှိနေပြီး ဒါဟာ အင်္ဂလိပ်ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံးအမှတ်ကွာဟမှုလဲဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ မရပ်တန့်သွားခင်ကတည်းက ဒုတိယနေရာက မန်စီတီးအသင်းကို (၂၅) မှတ်ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

Source: TalkSport

ဒါ့ကြောင့် ဗီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးဖို့ နောက်ထပ်ရမှတ်ခြောက်မှတ်သာ လိုအပ်ခဲ့တာဖြစ်ပြီး မန်စီတီးအသင်းရဲ့ ရှုံးနိမ့်မှုကြောင့် ခြောက်မှတ်မပြည့်ခင်မှာတင် ချန်ပီယံအဖြစ်သွားခဲ့တာပါ။