ဒီနေ့တော့ အမျိုးသမီးတွေက အထင်ကြီးစေဖို့ အမျိုးသားတစ်ယောက်ဆီမှာ လိုအပ်တဲ့အချက်တွေ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်း ပြောပြပေးသွားမှာပါ။
ဟာသဉာဏ် ရှိဖို့လိုအပ်တယ်

Source: vixen Daily
အမျိုးသမီးတွေဟာ ဉာဏ်သုံးရတဲ့ စကားပြောဆိုမှုတွေလုပ်တက်တဲ့အမျိုးသားတွေ ပြီးတော့ သူတို့ရဲ့ တုန့်ပြန်မှုပေါ်ကို အာရုံစိုက်တတ်တဲ့ နားထောင်တက်သူကို သဘောကျလေ့ရှိကြတယ်။ ဒါ့အပြင် သူမကို ရယ်မောအောင်လုပ်နိုင်တဲ့ ဟာသဉာဏ်ရွှင်သူဖြစ်ပြီး နိုင်ငံရေးတွေကို စိတ်ဝင်စားအောင် ပြောတတ်တဲ့ တမူထူးတဲ့ စွမ်းအင်ကို ပိုင်ဆိုင်သူတွေကိုလည်း နှစ်သက်ကြတယ်။ အမျိုးသမီးတွေဟာ သူတို့နဲ့ ဆက်ဆံရေးမှာ အသိပညာကြွယ်ဝတဲ့ ဆက်စပ်မှုကို တည်ဆောက်နိုင်တဲ့ အမျိုးသားတွေကို စိတ်ဝင်စားကြလို့ဖြစ်နိုင်ပါတယ်။
စဉ်းစားပေးတတ်သူ

Source: Freepik
အမျိုသမီးတွေဟာ သူတို့အတွက် စဉ်းစားပေးတက်သူကို လက်မလွှတ်ချင်ကြဘူး။ သူတို့လိုအပ်နေတဲ့ အသေးအမွှားပစ္စည်းလေးတွေကို လက်ဆောင်အဖြစ် ဝယ်ပေးတာမျိုး၊ ဓမ္မတာလာနေတဲ့အချိန်တွေမှာ အစားအသောက်တွေ ဆေးဝါးတွေ ဝယ်ပေးတာမျိုး၊ သူတို့ကြိုက်နှစ်သက်တဲ့ သရုပ်ဆောင်တွေပါတဲ့ ရုပ်ရှင်တွေ လိုက်ပြတာမျိုး စသဖြင့် စဉ်းစားပေးတတ်သူကို အမျိုးသမီးအများစု သဘောကျလေ့ရှိကြတယ်။
မိမိကိုယ်ကို ယုံကြည်မှုရှိသူ

Source: Gentleman’s Journal
ပြတ်သားပြီး စွမ်းအင်နဲ့ ထိန်းချုပ်နိုင်စွမ်းသူ၊ ဆက်ဆံရေးတစ်ခုမှာ သူမကို အခြား ယောက်ျားလေးတွေကြောင့် ဆုံးရှုံးရမှာ လုံးဝပူပန်မှု မရှိသလို သဝန်တိုလေ့မရှိသူ စသဖြင့်ယုံကြည်မှုရှိတဲ့ ယောက်ျားလေးကို မိန်းကလေးတွေ ကြိုက်နှစ်သက်ရခြင်းကတော့ သူတို့ကိုယ်သူတို့ ယုံကြည်တာကြောင့် မိန်းကလေးတွေကိုလည်း ယုံကြည်စေတာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ယုံကြည်မှုရှိတဲ့အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ သဘောတူညီမှုကို ရှာဖွေခြင်းမရှိပါဘူး။ ဒါကပဲ သူမအတွက် သူ့ကို လိုချင်စရာ ဖြစ်နေတာ ဖြစ်ပါတယ်။
အနုပညာ အရည်အသွေးရှိသူ

Source: Freepik
အနုပညာ အရည်အသွေး ရှိတဲ့အမျိုးသားတွေဟာ တုန့်ပြန်မှု မြန်ပြီး လက်ရှိအချိန်မှာပဲ အသက်ရှင်ကြပါတယ်။ ပြီးတော့ သူ့ရဲ့ ဖန်တီးမှုနဲ့ သူမကို ပိုးပန်းနိုင်ပါတယ်။ ဥပမာ သူမအတွက် ရေးထားတဲ့ အချစ်သီချင်းတစ်ပုဒ် (သို့) သူမ ပုံတူ ပန်းချီကားတွေနဲ့ သူမကို ပျော်ဝင်စေတာ ဖြစ်ပါတယ်။
အနုပညာ အရည်အချင်းရှိတဲ့သူတွေဟာ အမျိုးသမီးတွေရဲ့ သူတို့ဟာ ထူးခြားပြီး အဖိုးတန်တယ်လို့ ခံစားချင်မှုကို သိရှိတာကြောင့် အမျိုးသမီးတွေ ဂရုစိုက်မှုကို ခံရတတ်ပါတယ်။ ဒါကြောင့် သူမအရေးကြီးကြောင်း ပြဖို့အတွက် အကောင်းဆုံးနည်းကတော့ သူမအတွက် ကဗျာ (သို့) သီချင်း ရေးပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဖန်တီးနိုင်စွမ်းနဲ့ သူ့ရဲ့ အနုပညာ အလုပ်ထဲကို သူမကို ထည့်သွင်းလုပ်ဆောင်တာကို ကြိုက်နှစ်သက်ကြပါတယ်။
