ဘီယာတွေအလွန်အကျွံသောက်တဲ့ အကျိုးဆက်အနေနဲ့ ဗိုက်ကြီးပိုပူလာပြီး ပိုပြီးလည်းကြည့်ရဆိုးလာတက်ပါတယ်။ ဒါဟာကျန်းမာရေးအတွက် မကောင်းပါဘူး။ အခုခေတ်လူငယ်တွေဟာ လူစုံပြီဆိုတာနဲ့ ဘီယာတွေ ဝိုင်တွေကိုလည်း အမြဲလိုလို သောက်မိတက်ကြပါတယ်။ ဘီယာပမာဏအများကြီးကို အချိန်အကြာကြီးဆွဲသောက်ပါက ဗိုက်ကလည်းပူသည်ထက် ပိုပူလာမှာပါ။ ကြည့်ကောင်းချင်လို့ပဲဖြစ်ဖြစ် ကျန်းမာရေးကောင်းချင်လို့ပဲဖြစ်ဖြစ် ဘီယာဗိုက်ကိုလျှော့ချနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။

နေ့စဉ်အားကစားပြုလုပ်ပေးပါ

Source: Showbiz-Cheat-Sheet

ဘီယာဗိုက်ကို ချက်ချင်းကြီးလျော့ကျသွားအောင်လုပ်နိုင်တဲ့ အားကစားရယ်လို့တော့ အတိအကျမရှိပါဘူး။ ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကိုလျှော့ချဖို့ တစ်ခုတည်းသော နည်းလမ်းက နေ့တိုင်းအားကစားပြုလုပ်ပေးဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် စားသောက်နေထိုင်မှုပုံစံကိုလည်း စနစ်တကျ ထိန်းချုပ်ရပါမယ်။ ထိုအခါ သင်စားသောက်လိုက်တဲ့ ကယ်လိုရီပမာဏက သင်သုံးစွဲလိုက်တဲ့ပမာဏအောက် လျော့နည်းသွားပြီး မျှတကောင်းမွန်တဲ့ စွမ်းအင်အခြေအနေတစ်ခုကို ရရှိပါလိမ့်မယ်။

ကယ်လိုရီကို နည်းနည်းပဲစားပြီး များများသုံးစွဲပါ။အားကစားများများပြုလုပ်ပါ။ ဒါဟာ သင့်မှာ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေမှာပါ။ နှစ်ခုစလုံးကို ပြုလုပ်နိုင်မယ်ဆိုရင် ပိုပြီးထိရောက်မှုရှိပါလိမ့်မယ်။

အရက်သောက်တာ လျှော့ချပါ

Source: The Recovery village

Alcohol (အရက်) ပါဝင်မှုနည်းပါးတဲ့ ဝိုင်နဲ့ ဘီယာတွေကို ရွေးချယ်ခြင်းဖြင့် အရက်သောက်သုံးမှုကို ကန့်သတ်ထားရပါမယ်။ အရက်ကိုရေနဲ့ရောသောက်တာက alcohol ပါဝင်မှုကိုလျော့နည်းစေပါတယ်။ ဘီယာနဲ့ ဝိုင်တို့ကိုလည်း ကယ်လိုရီလျော့နည်းစေတဲ့ဟာတစ်ခုခုနဲ့ တွဲသောက်သင့်ပါတယ်။ အစာစားတဲ့အခါမှာလည်း ကစီဓာတ်ကြွယ်ဝတဲ့ ထမင်းနဲ့  ပေါင်မုန့်အစား ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေကို ပိုစားသင့်ပါတယ်။ ရေကူးခြင်း လမ်းလျှောက်ခြင်းအပြင် ပြင်းထန်တဲ့အားကစားတွေကိုလည်းပြုလုပ်သင့်ပါတယ်

ဒါ့အပြင် နွားနို့ ဆိုဒါ ချိုချဉ်နဲ့ ဖျော်ရည်တွေကို တတ်နိုင်သမျှရှောင်ရှားရပါမယ်။ ကယ်လိုရီတွေကို မြန်မြန်လျှော့ချပစ်ဖို့ ကယ်လိုရီပါဝင်မှုနည်းပါးပြီး ဆေးဖက်ဝင်အပင်များနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်နဲ့ ရေတို့ကို ရွေးချယ်သောက်သုံးသင့်ပါတယ်။

Source: The Independent

အရက်သောက်တဲ့သူတွေမှာ ဘီယာဗိုက်ရှိတာ မထူးဆန်းတော့ပါဘူး။ သင့်အနေနဲ့ စားသောက်ခြင်း အလုပ်လုပ်ခြင်း အားကစားပြုလုပ်ခြင်းနဲ့ အနားယူခြင်းတို့အတွက် သင့်လျော်မယ့် အစီအစဉ်တွေတော့ ပြုလုပ်ထားသင့်ပါတယ်။ သင့်ဆီမှာ ပိုလျှံတဲ့ကယ်လိုရီတွေများလာရင်တော့ ဘီယာဗိုက်ထွက်လာမှာပါ။ အဆီတွေက ခါးမှာသွားစုပြီး ခါးတုတ်တုတ်ကြီးဖြစ်လာမှာလည်း အသေအချာပါပဲ။