မြန်မာနိုင်ငံသားတော်တော်များများက ပူပူစပ်စပ် အစားအစာတွေကို ကြိုက်နှစ်သက်ကြပါတယ်။ တစ်ချို့ဆိုရင် အစပ်မပါရင် ထမင်းမမြိန်သလောက်ပါပဲ။ အစပ်ကိုတန်ရုံသင့်ရုံစားမယ်ဆိုရင် ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းကျိုးတွေတောင် ရနိုင်ပါသေးတယ်။ ဒီနေ့ kwee page ကအစပ်စားခြင်းရဲ့ ကောင်းကျိုးတွေအကြောင်းကို ပြောပြပေးသွားမှာပါ။

နှလုံးရောဂါကာကွယ်ပေးတယ်

Source: Home Hacks

လေ့လာချက် အချို့အရ အစပ်စားပေးရင် Heart Attack ဖြစ်တာ ရုတ်တရက် နှလုံးသွေးကြောပိတ်တာတွေကို တားဆီးပေးနိုင်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ငရုတ်သီးတွေမှာ ပါဝင်တဲ့ Capsaicin ဓာတ် ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို ချေဖျက်ပေးပြီး နှလုံးသွေးကြော ပိတ်တာကို ဖြစ်စေတဲ့ သွေးကြောထဲက အနယ်တွေကို အလိုအလျောက်ဖယ်ရှား ပေးနိုင်တာကြောင့်ပါ။

တစ်ချို့သော ကင်ဆာဆဲတွေကို တိုက်ဖျတ်ပေးတယ်

Source: Comfort Keepers

အစပ်စားတာက နှလုံးရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Capsaicin ဆိုတဲ့ ဓာတ်က ကင်ဆာဆဲလ်တစ်ချို့နဲ့ လူခီမီးယားဆဲလ် (Leukemia Cell) တွေကို တိုက်ဖျက်ပေးနိုင်တာကြောင့်ပါ။

ဝိတ်ကျစေတယ်

Source: Road to a healthier life

အစပ်က အစာချေစနစ်ကို ကောင်းမွန်စေပြီး ပုံမှန်ထက် အစာချေဖျက်နိုင်တဲ့နှုန်း ပိုမြန်ပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်ထဲက ကယ်လိုရီအပိုတွေကို လောင်ကျွမ်းပစ်နိုင်တာကြောင့် ဝိတ်ချနေတဲ့သူတွေအတွက် စားသုံးပေးသင့်ပါတယ်။

သွေးပေါင်ချိန်လျော့တာကို တားဆီးပေးတယ်

Source: webmd

ငရုတ်သီးရဲ့ အပူက ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ အစပ်မှာပါဝင်တဲ့ ဗီတာမင် အေ နဲ့ စီ က နှလုံးကြွက်သားနံရံတွေကို သန်မာစေပါတယ်။ ခန္ဓာကိုယ်ရဲ့ နှလုံးနဲ့ သွေးလည်ပတ်မှု စနစ်တစ်ခုလုံးကို အထောက်အကူပြုပြီး သွေးပေါင်ချိန်လျော့တာမျိုးတွေ မဖြစ်စေနိုင်ပါဘူး။ အစပ်စားခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် “တန်ဆေး လွန်ဘေး” ဆိုတဲ့ စကားအတိုင်း တော်သင့်ရဲ့သာ စားဖို့ အကြံပေးပါရစေ။