ဖိနပ်အနံ့ဆိုးတွေထွက်ခြင်းက တကယ်ကိုစိတ်ချမ်းမြေ့စရာမကောင်းတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဖိနပ်အနံ့တွေကြောင့် ကိုယ်တိုင်လည်း ယုံကြည်မှုကင်းမဲ့စေသလို ဘေးနားကလူတွေကိုလည်း စိတ်အနှောက်ယှက်ဖြစ်စေရပါတယ်။ဒါကြောင့် ဒီနေ့မှာတော့ ဖိနပ်အနံ့ဆိုးထွက်ခြင်းကို သက်သာစေမယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါက စိုထိုင်းမှုနှင့်အနံ့အသက်ဆိုးတွေကို ဖယ်ရှားသန့်စင်ပေးနိုင်မယ့် အကောင်းဆုံးသော ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အဝတ်ခပ်ပါးပါးတစ်ခုအတွင်းသို့မဟုတ် ကော်ဖီ Filter စက္ကူလေးထဲကို မုန့်ဖုတ်ဆော်ဒါ ၂ဇွန်းခန့်ထည့်ပြီး ကိုယ့်ရဲ့ ရှုးဖိနပ်ထဲကို တစ်ညထည့်ထားလိုက်ပါ။

(၂) Essential Oils

ဖိနပ်အနံ့ဆိုးတွေသက်သာစေမယ့် နောက်ထပ်နည်းလမ်းတစ်ခုက Essential Oils အသုံးပြုခြင်းဖြစ်ပါတယ်။ သဲံပုရာအနံ့ နှင့် တခြားလက်ဆတ်တဲ့ သစ်သီးရနံ့ပါတဲ့ Essential Oils တွေအသုံးပြုတာကပိုကောင်းပါတယ်။ အသုံးပြုနည်းက ဂွမ်းစအနည်းငယ်ပေါ် Essential Oils အနည်းငယ်ထည့်ပြီး ဖိနပ်အတွင်းသို့ တစ်ညခန့်ထည့်ထားလိုက်ပါ။

(၃) နေရောင်ခြည်

ငွေကုန်ကျမှုမရှိပဲ အနံ့ဆိုးပျောက်စေမယ့် အရာတစ်ခုက သဘာဝနေရောင်ခြည်ပါ။ အနံ့ထွက်နေတဲ့ ကိုယ့်ရဲ့ ဖိနပ်ကို နေရောင်ကောင်းကောင်းရတဲ့နေရာမှာ ထုတ်လှန်းထားလိုက်ပါ။ နေရောင်က ဖိနပ်စိုထိုင်းမှုနှင့် ဘက်တီးရီးယားများပေါက်ဖွားမှုကို တားဆီးပေးပြီး အနံ့ဆိုးတွေကို သက်သာစေပါတယ်။

(၄) ရေခဲသေတ္တာ

ဖိနပ်အနံ့ဆိုးတွေကို ဖယ်ရှားဖို့ ရေခဲသေတ္တာကိုအသုံးပြုလို့ရတယ်ဆိုတာ သင်သိပါသလား။ ဖိနပ်ကို လေလုံစေတဲ့ ပလက်စတစ် Ziplock အိတ်အတွင်းထည့်ပြီး ရေခဲသေတ္တာအတွင်း တစ်ညလောက်ထည့်ထားလိုက်ပါ။ ရေခဲသေတ္တာရဲ့ အေးခဲတဲ့ အပူချိန်ကြောင့် အနံ့သက်ဆိုးတွေဖြစ်ပေါ်လာစေတဲ့ ဘက်တီးရီးယားတွေကို သေစေမှာဖြစ်ပါတယ်။

(၅) သံပုရာအခွံ

သံပုရာအခွံက သင့်ဖိနပ်ရဲ့ အနံ့ဆိုးတွေကို ဖယ်ရှားပေးမယ့် အထိရောက်ဆုံးပစ္စည်းတစ်ခုဖြစ်ပါတယ်။ သံပုရာအခွံအနည်းငယ်ကို ဖိနပ်အတွင်းထည့်ပြီး ၁၀ နာရီလောက်ထားလိုက်ပါ။ စိုထိုင်းမှုနှင့် အနံ့သက်ဆိုးထွက်ခြင်းတွေကို ပျောက်ကင်းသက်သာသွားစေမှာဖြစ်ပါတယ်။