ချွေးထွက်များခြင်းနှင့် ရာသီဥတုဒဏ်များကြောင့် ဘက်တီးရီးယားတွေပေါက်ဖွားလာပြီး ခန္ဓာကိုယ်မှ အနံ့အသက်ဆိုးတွေထွက်ပေါ်လေ့ရှိပါတယ်။ ဂျိုင်းချွေးနံ့လို အနံ့သက်ဆိုးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ရပ်ဖြစ်တာကြောင့် ဒီနေ့မှာတော့ ခန္ဓာကိုယ်အနံ့ဆိုးများကို ဖယ်ရှားရန်ထိရောက်သော နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်မှာ ဘက်တီးရီးယားဆန့်ကျင့်တဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင့် ခန္ဓာကိုယ်မှအနံ့သက်ဆိုးတွေဖြစ်စေတဲ့ ဘက်တီးရီးယားပေါက်ဖွားမှုကို လျော့ကျသက်သာစေမှာဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်အနည်းငယ်ကို ရေရောပြီး ဂွမ်းစလေးနဲ့ ဂျိုင်းတစ်ဝိုက်သုတ်လိမ်းပေးမယ့်ဆိုရင် ချွေးနံ့ဆိုးထွက်ခြင်းကိုသက်သာစေမှာပါ။
(၂) မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါကို အနံ့အသက်ဆိုးဖယ်ရှားတဲ့ ပစ္စည်းအဖြစ် ကျယ်ကျယ်ပြန်ပြန့်အသုံးပြုကြပါတယ်။ မုန့်ဖုတ်ဆော်ဒါမှုန့်အနည်းငယ်ကို သံပရာသီးတစ်စိတ်ဖြင့်ရောမွေပြီး ဂျိုင်းကြားတစ်ဝိုက်ခပ်ပါးပါးလိမ်းထားပေးပါ။ ၁၅ – ၂၀ မိနစ်လောက်ထားပြီးရေဆေးချလိုက်တာနဲ့ အနံ့ဆိုးတွေ ထွက်ခွာသွားမှာဖြစ်ပါတယ်။
(၃) လက်ဖက်စိမ်း

Green Tea ကခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာပေးစွမ်းတဲ့ သောက်စရာဖျော်ရည်တစ်ခုဖြစ်ပါတယ်။ ပြင်းထန်တဲ့ ကိုယ်နံ့နဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တာကြောင့် Green Tea အထုပ်လေးတွေကို ချွေးနံ့အများဆုံးထွက်စေတဲ့ ဂျိုင်းလိုနေရာမှာ နာရီဝက်လောက်တင်ထားပေးပါ။ စိတ်ပျက်စရာကောင်းတဲ့အနံ့ဆိုးတွေလျော့ပါးသက်သာစေမှာသေချာပါတယ်။
(၄) ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အနံ့ပြင်းတဲ့စားစရာတစ်ခုဖြစ်တာကြောင့် ချွေးနဲံ့သက်သာစေပါ့မလားဆိုတာ သံသရာရှိနိုင်ပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူ နှစ်မွှာခန့် လေးညှင်းပွင့်တို့ကိုရောပြီး ၁၅ မိနစ်လောက်ပြုတ်ပေးပါ။ ထို့နောက်အအေးခံပြီး ရလာတဲ့အရည်ကို ဂျိုင်းတစ်ဝိုက်လိမ်းပေးပြီး နာရီဝက်ခန့်ထားလိုက်ပါ။ပြီးရင်တော့ ဆပ်ပြာအပျော့တမျိုးသုံးပြီး ရေဆေးချလိုက်တာနဲ့ အနံ့ဆိုးတွေလည်း တစ်ခါတည်းပျောက်သွားမှာဖြစ်ပါတယ်။
