နေ့တစ်နေ့ရဲ့ အစပျိုးချိန် မနက်ခင်းဟာ တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးအချိန်လို့ဆိုရပါမယ်။ မနက်ခင်းကို အဓိပ္ပါယ်ရှိစွာဖြတ်သန်းမှသာ ဆက်လက်ကျော်ဖြတ်မှာတစ်နေ့တာလုံးမှာ အင်အားပြည့်ဝလန်းဆန်းနေမှာပါ။ဒါကြောင့် ဒီနေ့မှာတော့ အောင်မြင်သူတွေပြုလုပ်လေ့ရှိတဲ့ မနက်ခင်းအလေ့အထကောင်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) နိုးစက်ကိုအားမကိုးကြဘူး

Source : Dwayne Johnson

ကမ္ဘာ့ အကြီးဆုံး E-commerce ကုပ္မဏီတစ်ခုဖြစ်တဲ့ Amazon ရဲ့ CEO ဖြစ်သူ Jeff Bezos ဟာ တစ်ရက်ကို (၈) နာရီပြည့်အောင်အိပ်စက်လေ့ရှိတဲ့သူတစ်ဦးဖြစ်ပါတယ်။ သူဟာနိုးစက်တွေရဲ့ အကူညီကိုမယူဘဲ မနက်ခင်းတိုင်းကို သဘာဝအတိုင်းနိုးထလေ့ရှိသူတစ်ယောက်ပါ။ ဆိုလိုတာကတော့ သူတို့ဟာ အိပ်စက်ချိန်ကိုအလေးထားပြီး ညဘက်တွေမှာအချိန်မဖြုန်းပဲ စောစောအိပ်တာကြောင့် မနက်ခင်းမှာအင်အားအပြည့်နဲ့ နိုးထနေနိုင်တာပဲဖြစ်ပါတယ်။

(၂) လေ့ကျင့်ခန်းလုပ်တယ်

Source : EssentiallySports

“The Rock” လို့လူသိများတဲ့ ကမ္ဘာကျော်မင်းသားကြီး Dwayne Johnson ကတော့ သူရဲ့ တစ်နေ့တာကို Cardio ပြုလုပ်ခြင်းဖြင့်စတင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက သူ့အတွက် မနက်ခင်းတိုင်းမှာ ပြုလုပ်လေ့ရှိတဲ့ လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ခုမဟုတ်ပေမယ့်လည်း လေ့ကျင့်ခန်းလုပ်ဖြစ်တဲ့ တစ်နေ့တာကသူအတွက်စွမ်းအင်တွေပိုရစေတာကို ခံစားမိတယ်လို့ဆိုထားပါတယ်။ ဒါကြောင့် မနက်ခင်းကို အနည်းဆုံးနာရီဝက်လောက်အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ဆောင်သင့်ပါတယ်။

(၃) တရားထိုင်တယ်

Source : Esquire

အမေရိကန်နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်တဲ့ Tony Robbins ဟာမနက်ခင်းတိုင်းမှာ အနည်းဆုံး ၁၀ မိနစ်လောက်တရားထိုင်ခြင်းပြုလုပ်လေ့ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ မနက်ခင်းတရားထိုင်ခြင်းက ကောင်းမွန်တဲ့စိတ်စွမ်းအားတွေနဲ့ အပြုသဘောဆောင်တဲ့အတွေးတွေကို တစ်နေ့တာလုံးအတွက် ရရှိစေတယ်လို့ Tony Robbins ကဆိုပါတယ်။ စိတ်ကိုအေးချမ်းတည်ငြိမ်စေပြီး တစ်နေ့တာကို ကောင်းမွန်စွာစတင်နိုင်ဖို့မနက်ခင်းမှာ တရားထိုင်ခြင်းက အကောင်းဆုံးသော အလေ့အထတစ်ခုဖြစ်ပါတယ်။

(၄) မနက်စာအတွက်အချိန်ပေးတယ်

Source : Bitcoin News

ဗြိတိသျှ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင် စာရေးဆရာ ပရဟိတသမား တစ်ဦးဖြစ်တဲ့ Virgin လုပ်ငန်းစုကိုတည်ထောင်ခဲ့သူ Richard Branson ကတော့ သူရဲ့ မနက်ခင်းတိုင်းကို တင်းနစ်ကစားခြင်း ပြေးခြင်း စက်ဘီးနင်းခြင်းစတဲ့ အားကစားနည်းတွေနဲ့ စတင်လေ့ရှိပါတယ်။ အားကစားလုပ်ပြီးချိန်မှာ မဖြစ်မနေလုပ်ဆောင်လေ့ရှိတဲ့အရာတစ်ခုက မိသားစုနဲ့ မနက်စာကိုအချိန်ပေးပြီးစာသုံးတာပါ။ မနက်ခင်းမှာ အဟာရပြည့်ဝတဲ့ မနက်စာစားသုံးခြင်းက တစ်နေ့တာလုံးအတွက် အားအင်တွေကိုပေးစွမ်းတာဖြစ်ပါတယ်။

(၅) တိတ်ဆိတ်ခြင်းဖြင့်အားဖြည့်ကြတယ်

Source : Celebrity Net Worth

“Grey’s Anatomy” နဲ့ “Scandal စတဲ့ရုပ်ရှင်စီးရီးတွေကို ဖန်တီးခဲ့သူ အမေရိကန် ပရိုဂျူဆာတစ်ဦးဖြစ်တဲ့ Shonda Rhimes ကတော့ မနက်ခင်းမှာ တိတ်ဆိတ်ခြင်းဖြင့်တစ်နေ့တာလုံးကို အားအင်တွေဖြည့်တင်းတယ်လို့ဆိုပါတယ်။ သူမဟာ မနက်ခင်းတိုင်း ၅နာရီခွဲ ပုံမှန်အိပ်ယာထလေ့ရှိပြီး အိပ်ယာနိုးတာနဲ့ တိတ်ဆိတ်တဲ့သူမရဲ့ အခန်း ပြတင်းပေါက်ကနေ ၁၅ မိနစ်လောက် အဝေးတစ်နေ့ကိုငေးကြည့်လေ့ရှိတယ်လို့ဆိုပါတယ်။ဒီလိုတိတ်ဆိတ်စွာနေခြင်းက စိတ်နဲ့ခန္ဓာကိုယ်ကိုကောင်းစွာအားအင်ဖြည့်တင်းပေးတယ်လို့ သူမကဆိုပါတယ်။